သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေငြိမ်လို့ ကယ်လီဖိုးနီးယားတောင်ပိုင်း တောမီး အတန်ငယ်ထိန်းချုပ်နိုင်


မီးလောင်ပျက်စီးသွားတဲ့ ကမ်းခြေတနေရာ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
မီးလောင်ပျက်စီးသွားတဲ့ ကမ်းခြေတနေရာ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

အမေရိကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက ကြီးမားတဲ့ နေရာ ၂ နေရာကို မီးသတ်သမားတွေ ထိန်းချုပ်နိုင်ပြီဖြစ်သလို လေကလည်း နဲနဲ ငြိမ်သွားပြီ ဖြစ်တဲ့ အတွက် ကြာသပတေးနေ့မှာ Los Angeles က အန္တရာယ် အကြီးဆုံးနေရာ အဖြစ်သတ်မှတ်ထားတဲ့ နေရာ အတော်များများမှာ သတိပေးချက်တွေ ရုတ်သိမ်းလိုက်ပါတယ်။

Los Angeles အနောက်ဖက်အစွန်မှာ သီတင်းတပတ်ကျော်ကြာ အဆိုးဝါးဆုံးလောင်ကျွမ်းခဲ့တဲ့ Palisade မီး အတွက် ၂၂ % လောက်ကို ထိန်းချုပ် နိုင်ပြီဖြစ်ပြီး၊ ဒုတိယ အကြီးမားဆုံး လောင်ကျွမ်းတဲ့ Eaton မီး အတွက်တော့ ၄၅ % လောက် ထိန်းချုပ်နိုင်ပြီလို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးကာကွယ်ရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီ ၂ နေရာ အပြင် နောက် နေရာ ငယ်လေး ၂ ခုမှာ လောင်ကျွမ်းခဲ့တဲ တောမီးတွေဟာ မြေ ဟက်တာ ၁ သောင်း ၆ ထောင်ကျော် ကို ပြာကျစေခဲ့ပြီး အဆောက်အဦးပေါင်း ၁ သောင်း ၂ ထောင်ကျော်ကို ပျက်စီးစေခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကို ပိုတိုးလာစေတဲ့ လေတိုက်ခတ်မှု အားပျော့လာချိန်ကို အခွင်ေ့ကာင်းယူပြီး မီးသတ်သမားတွေ မီးငြှိမ်းသတ် ခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသား မိုးလေဝဿဌာန ကတော့ လာမယ့် သီတင်းပတ်ထဲမှာ လေပြင်း တိုက်ခတ်လာနိုင် ခြေရှိတယ်လို့ သတိပေးထားပါတယ်။ ဒီ တောမီးတွေကို အမေရိကန်- ကနေဒါနဲ့ မက်ဆီကို နိုင်ငံတွေက မီးသတ်သမားပေါင်း ၈၅၀၀ ကျော်က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရသလို လူပေါင်း ၈ သောင်း ၂ ထောင်ကျော်ကို ဘေးလွတ်ရာ ပြေးခဲ့ရတာပါ။ လူပေါင်း ၂၅ ယောက် အနည်းဆုံးသေဆုံးခဲ့ရ ပါတယ်။

မီးအကြီးအကျယ် လောင်ခဲ့တဲ့ Palisades နဲ့ Eaton မီးဇုံတွေထဲမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ ကာဖျူးမိန့် ထုတ်ထားဆဲ ဖြစ်ပါတယ်။ Los Angeles အရှေ့ဘက် San Bernardino ကောင်တီမှာ မီး စတင်လောင်ကျွမ်းမှု နဲ့ ဆက်နွယ်ပြီး ဗုဒ္ဓဟူးနေ့ ညနေမှာ အမျိုးသား တဦးကို ဖမ်းထားတယ်လို့ Los Angeles Times မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG