သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီး ပိုကျယ်ပြန့်ကြီးမားလာ


လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီး။
လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီး။

တောမီးကြောင့် အင်္ဂါနေ့ကတည်းက သေဆုံးသူ ၁၁ ဦးအထိ ရှိပြီး ၁၃ ဦးထက်မနည်း ပျောက်ဆုံးနေကာ အဆောက်အအုံ ၁၂,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မီးလောင်မှု အများအပြားကို ထိန်းချုပ်နိုင်တဲ့ အချိန် အပျက်အစီးတွေ ရှင်းလင်း ဖယ်ရှားပြီးချိန်မှာ သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ ကြီးမားပြင်းထန်လှတဲ့ တောမီးဟာ လမ်းကြောင်းပြောင်းလာပြီး ဟက်တာ ၄၀၀ လောက် ကျယ်ပြန့် ကြီးထွားလာလို့ မီးသတ်သမားတွေဟာ စနေနေ့မှာ အပြင်းအထန် ငြှိမ်းသတ်နေရပါတယ်။

လာမည့်ရက်တွေထဲမှာ အရှေ့ဘက် ကမ်းရိုးတန်းမှာ လေဖိအားနည်း ရပ်ဝန်းကြောင့် လေတိုက်နှုန်း မြင့်မားဖို့ ရှိလို့ တောမီးကို အချိန်မီ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရပါတယ်။

"ကျနော်တို့က အပြင်းအထန်ကို လုပ်ဖို့ လိုနေတယ်" လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာန (Cal Fire) အကြီးအကဲ Christian Litz က စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် ကျောင်းဝင်းနဲ့ မဝေးလှတဲ့ မန်ဒါဗေးလ်(Mandeville) တောင်ကြား တဝိုက်မှာ အဓိက အာရုံစိုက် မီးငြှိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။

LA မြို့စွန် လူချမ်းသာရပ်ကွက်နား တောမီးနီးလာ
please wait

No media source currently available

0:00 0:01:04 0:00

တောမီးကြောင့် အင်္ဂါနေ့ကတည်းက သေဆုံးသူ ၁၁ ဦးအထိ ရှိပြီး ၁၃ ဦးထက်မနည်း ပျောက်ဆုံးနေကာ အဆောက်အအုံ ၁၂,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မီးလောင်မှု အများအပြားကို ထိန်းချုပ်နိုင်တဲ့ အချိန် အပျက်အစီးတွေ ရှင်းလင်း ဖယ်ရှားပြီးချိန်မှာ သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တောမီးလောင်ကျွမ်းနေတဲ့ နေရာ ၅ ခုထဲက အကြီးဆုံးဖြစ်တဲ့ Palisades က မီးဟာ လမ်းကြောင်းပြောင်းသွားလို့ ဆန်ဖာနန်ဒို တောင်ကြား အောက်ခြေက ဒေသခံတွေကို နေအိမ်တွေက စွန့်ခွာကြဖို့လည်း အမိန့်ထုတ်ပြန်ထားရပါတယ်။

ဥရောပက နာမည်ကျော် အနုပညာပစ္စည်းတွေကို စုဆောင်းထားတဲ့ J. Paul Getty ပြတိုက်နဲ့ UCLA ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် တို့ကိုလည်း မီးက ခြိမ်းခြောက် နေပါတယ်။ တကယ်လို့သာ မီးက ပြည်နယ်ဖြတ် အဝေးပြေး လမ်းမကြီး အမှတ် ၄၀၅ ကို ကျော်လာခဲ့ရင် လူနေထူထပ်တဲ့ ဟောလိဝုဒ်တောင်ကုန်းဒေသနဲ့ ဆန်−ဖာနန်ဒို တောင်ကြားတို့က အန္တရာယ် ကျရောက်လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ Cal Fire က တာဝန်ရှိသူ Todd Hopkins ရဲ့ စနေနေ့က ပြောဆိုချက်အရ Palisades မှာ တောမီး ကို ၁၁% ထိန်းချုပ်ထားနိုင်တယ် ဆိုပါတယ်။ ဒုတိယအကြီးဆုံး တောမီးဖြစ်တဲ့ Eaton မှာတော့ ၁၅ ရာခိုင်နှုန်း ထိန်းထားနိုင်ကြောင်း Cal Fire က ပြောပါတယ်။

တချိန်တည်းမှာပဲ ကယ်လီဖိုးနီးယား အာမခံကော်မရှင်နာမင်းကြီးက အာမခံကုမ္ပဏီတွေကို Palisades နဲ့ Eaton ဒေသက တောမီးလောင်နေတဲ့ နေရာတွေမှာ တနှစ်တာကာလအတွင်း အာမခံတွေ ဖျက်သိမ်းတာ သက်တမ်းထပ် မတိုးတာတွေ မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

အခု တောမီးကြောင့် ကယ်လီဖိုးနီးယားက အာမခံလုပ်ငန်းတွေဟာ အာမခံထားရှိသူတွေ အမြောက်အမြားက လျော်ကြေး တောင်းခံမှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG