(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြထဲက ကိုယ့္သေဘာနဲ႔ကိုယ္ ျမန္မာႏုိင္ငံထဲ ျပန္ဝင္လာသူ ၁၇ ေယာက္ ရွိခဲ့ၿပီး မေန႔တုန္းကလည္း ၄၀ ေက်ာ္ ျပန္လည္ ေရာက္ရွိလာခဲ့ေၾကာင္း ျမန္မာအစုိးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အခုေနာက္ဆုံး ၀င္လာသူေတြနဲ႔ပါဆုိရင္ ကုိယ့္ဆႏၵအေလ်ာက္ ျပန္လည္ေရာက္ရွိလာသူ ၄၀၀ ေက်ာ္ အထိရွိသြားၿပီလုိ႔လည္း ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုက သတင္းေပးပို႔ထားပါတယ္။
ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး ႏုိင္ငံတကာက ဖိအားေပး ေျပာဆုိေနခ်ိန္မွာပဲ ကုိယ့္သေဘာနဲ႔ကုိယ္ ျပန္လာသူ ၄၀၀ ေက်ာ္အထိ ရွိသြားၿပီျဖစ္ေၾကာင္း ျမန္မာတာ၀န္ရွိသူေတြက ေျပာဆုိလုိက္တာပါ။
ဒီကေန႔မွာလည္း ေတာင္ၿပိဳလက္ဝဲ လက္ခံေရးစခန္းကေန အိမ္ေထာင္စု ၄စုပါတဲ့ မိသားစုဝင္ ၁၇ ဦးကို ေသခ်ာစိစစ္ၿပီး ျပန္လည္လက္ခံခဲ့တယ္လို႔ အဲဒီစခန္းက (လဝက) ဒုတိယညႊန္ၾကားေရးမွဴး ဦးေအာင္ၿဖိဳးဟန္က ေျပာပါတယ္။
“ဟုတ္ကဲ့ဗ်။ ဒီေန႔ကေတာ့ က်ေတာ္တုိ႔ UEHRD က ျပစ္မႈကင္းရွင္းတယ္။ ဒီမွာေနထုိင္တယ္ဆုိတာကို က်ေတာ္တုိ႔အေထာက္အထားနဲ႔တကြ ဒါစိစစ္ၿပီးေတာ့မွ ခြင့္ျပဳလို႔ က်ေတာ္တုိ႔ ဒီေန႔မွာ ျပန္လည္လက္ခံျခင္း ျဖစ္ပါတယ္ခင္ဗ် ဟုတ္။”
ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ျပန္လည္ဝင္ေရာက္လာသူေတြကို လက္ခံဖို႔အတြက္ ေတာင္ၿပိဳလက္ဝဲစခန္းနဲ႔ ငါးခူရစခန္းတုိ႔ကို ထားရွိၿပီး လွဖုိးေခါင္ၾကားစခန္းကေန တဆင့္ သူတို႔ကို ျပန္လည္ေနရာခ်ထားေပးတာပါ။
ျပန္လည္ဝင္ေရာက္လာသူ အမ်ားစုက သူတုိ႔ရဲ႕ ေဆြမ်ိဳးနီးစပ္အိမ္ေတြမွာ ေနတဲ့သူ ရွိသလို အရင္က သူတို႔ေနခဲ့တဲ့ ရြာထဲမွာပဲ ျပန္ေနသူေတြလည္း ရွိတယ္လို႔ ေမာင္ေတာခရို္င္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။
“ေလာေလာဆယ္မွာ လူက နည္းေနတယ္။ နည္းေနတဲ့အတြက္ ႏို္င္ငံေတာ္က ေနရာသြားခ်ေပးထားရင္ သတ္မွတ္ထားတဲ့ေနရာနဲ႔ သူတို႔ရဲ႕အရင္ရြာမွာ ျပန္ေနၾကတာေလ။ သတ္မွတ္ေနရာ သြားခ်၊ သြားေဆာက္ေပးရင္ အိမ္ေထာင္စု ႏွစ္စု၊ သံုးစုဆုိေတာ့ သူတုိ႕အတြက္ လံုျခံဳေရး အားနည္းေနေသးလို႔ အခုေလာေလာဆယ္ လတ္တေလာကေတာ့ သူတုိ႔က သူတို႔ေဆြမ်ိဳးနီးစပ္ အိမ္ေတြမွာပဲ ေနတယ္ေလ။”
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၃၀ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ဒုကၡသည္ လက္တဆုပ္စာေလာက္ ျပန္တာဟာ ရခိုင္ျပည္နယ္ထဲမွာ အေျခအေနေတြ တိုးတက္မႈရွိလာၿပီလို႔ မေျပာႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကလည္း ရုိဟင္ဂ်ာ ဒုကၡသည္ေတြ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏုိင္ဖို႔ ႀကိဳးပမ္းရာမွာ ယံုၾကည္စိတ္ခ်ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္ႏုိင္တာ မေတြ႕ရေၾကာင္း ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္ကုိ ေျပာဆုိခဲ့ဖူးပါတယ္။
ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစုိးရက တရားဝင္အသိအမွတ္ျပဳ လက္မခံထားေပမယ့္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရးအတြက္ကိုေတာ့ ဘဂၤလားေဒ့ရွ္အစုိးရ၊ ကုလသမဂၢ တုိ႔နဲ႔လည္း သီးျခားနားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထုိး သေဘာတူထားပါတယ္။ ဒါေပမဲ့လည္း ေနရပ္ျပန္မယ့္ ဒုကၡသည္ေတြၾကားမွာ အေျခခံအခြင့္အေရးေတြနဲ႔ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြနဲ႔အတူ ေနရပ္ျပန္ေရးအစီအစဥ္ေတြ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္ေသးဘဲ ျဖစ္ေနပါတယ္ရွင္။
[Unicode Version]
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တချို့ နေရပ်ပြန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူ ၁၇ ယောက် ရှိခဲ့ပြီး မနေ့တုန်းကလည်း ၄၀ ကျော် ပြန်လည် ရောက်ရှိလာခဲ့ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုနောက်ဆုံး ဝင်လာသူတွေနဲ့ပါဆိုရင် ကိုယ့်ဆန္ဒအလျောက် ပြန်လည်ရောက်ရှိလာသူ ၄၀၀ ကျော် အထိရှိသွားပြီလို့လည်း ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ဖိအားပေး ပြောဆိုနေချိန်မှာပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာသူ ၄၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။
ဒီကနေ့မှာလည်း တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကနေ အိမ်ထောင်စု ၄စုပါတဲ့ မိသားစုဝင် ၁၇ ဦးကို သေချာစိစစ်ပြီး ပြန်လည်လက်ခံခဲ့တယ်လို့ အဲဒီစခန်းက (လဝက) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုးဟန်က ပြောပါတယ်။
“ဟုတ်ကဲ့ဗျ။ ဒီနေ့ကတော့ ကျတော်တို့ UEHRD က ပြစ်မှုကင်းရှင်းတယ်။ ဒီမှာနေထိုင်တယ်ဆိုတာကို ကျတော်တို့အထောက်အထားနဲ့တကွ ဒါစိစစ်ပြီးတော့မှ ခွင့်ပြုလို့ ကျတော်တို့ ဒီနေ့မှာ ပြန်လည်လက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ ဟုတ်။”
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ထားရှိပြီး လှဖိုးခေါင်ကြားစခန်းကနေ တဆင့် သူတို့ကို ပြန်လည်နေရာချထားပေးတာပါ။
ပြန်လည်ဝင်ရောက်လာသူ အများစုက သူတို့ရဲ့ ဆွေမျိုးနီးစပ်အိမ်တွေမှာ နေတဲ့သူ ရှိသလို အရင်က သူတို့နေခဲ့တဲ့ ရွာထဲမှာပဲ ပြန်နေသူတွေလည်း ရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
“လောလောဆယ်မှာ လူက နည်းနေတယ်။ နည်းနေတဲ့အတွက် နိုင်ငံတော်က နေရာသွားချပေးထားရင် သတ်မှတ်ထားတဲ့နေရာနဲ့ သူတို့ရဲ့အရင်ရွာမှာ ပြန်နေကြတာလေ။ သတ်မှတ်နေရာ သွားချ၊ သွားဆောက်ပေးရင် အိမ်ထောင်စု နှစ်စု၊ သုံးစုဆိုတော့ သူတို့အတွက် လုံခြုံရေး အားနည်းနေသေးလို့ အခုလောလောဆယ် လတ်တလောကတော့ သူတို့က သူတို့ဆွေမျိုးနီးစပ် အိမ်တွေမှာပဲ နေတယ်လေ။”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဒုက္ခသည် လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကို ပြောဆိုခဲ့ဖူးပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက တရားဝင်အသိအမှတ်ပြု လက်မခံထားပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက်ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ တို့နဲ့လည်း သီးခြားနားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုး သဘောတူထားပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်မယ့် ဒုက္ခသည်တွေကြားမှာ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန်ရေးအစီအစဉ်တွေ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေပါတယ်ရှင်။