( Zawgyi/ Unicode )
ရခိုင္ျပႆနာနဲ႔ ပတ္သက္ျပီး ဘက္မလိုက္ လွဳပ္ရွားမႈအဖြဲ႔က ဖိအား တစ္စုံတစ္ရာ ေပးမွာ မဟုတ္သလို အကူအညီလည္း ရႏုိင္မွာ မဟုတ္ေၾကာင္း နယူးေယာက္ျမိဳ႕၊ ကုလသမဂၢဆုိင္ရာ ျမန္မာ အျမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။
အဇာဘိုင္ဂ်န္ႏုိ္င္ငံ၊ ဘာကူးျမိဳ႕မွာ က်င္းပေနတဲ့ ဘက္မလိုက္ လွဳပ္ရွားမႈအဖြဲ႕ရဲ႕ ၀န္ၾကီးအဆင့္ အစည္းအေ၀းမွာ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၀န္ၾကီး ဦးေက်ာ္တင္ တက္ေရာက္ မိန္႔ခြန္း ေျပာအျပီးမွာ သံအမတ္ၾကီး ဦးေဟာက္ဒိုဆြမ္းက VOA ကို ေျပာခဲ့တာပါ။ ကိုရဲမင္းထြန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။
ဘက္မလိုက္ လွဳပ္ရွားမႈ အဖြဲ႔ဆီကေန အကူအညီ ရရွိႏုိ္င္ျခင္း ရွိ မရွိ ေမးခြန္းကို ဦးေဟာက္ဒိုဆြမ္းက အခုလို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။
ဦးေဟာက္ဒိုဆြမ္း။ ။ အကူအညီကေတာ့ ရွင္းရွင္းေျပာရင္ေတာ့ ဘက္မလိုက္အဖြဲ႔ဆိုတာကေတာ့ ႏိုင္ငံေရးအရေတာ့ moral support ေတာ့ ရႏိုင္တာေပါေ့နာ္။ သို႔ေသာ္ ထူးထူးျခားျခားအကူအညီေတာ့ ရစရာေတာ့ မရွိပါဘူး။ ဘက္မလိုက္အဖြဲ႔စတင္တည္ေထာင္ခ်ိန္ကလည္း ႏွစ္ေပါင္းေတာ္ေတာ္ၾကာလာၿပီ ႏွစ္ေပါင္း ၅၈ ဆိုေတာ့ ၆၀ ျဖစ္လာၿပီ အရင္ ဘက္မလိုက္အဖြဲ႔ စတင္တည္ေထာင္စခ်ိန္နဲ႔ အခုအခ်ိန္ကလည္း ကြဲျပားသြားၿပီ။ ဆိုတဲ့အခါက်ေတာ့ အယူအဆေတြလည္း အမ်ိဳးမ်ိဳးကြဲဲျပားတဲ့အခါက်ေတာ့ အယူအဆအရ အမ်ိဳးမ်ိဳး ခ်ည္ေႏွာင္မူရွိေသာ္လည္း တႏိုင္ငံရဲ႕ အက်ိဴးစီးပြားေတြလည္း ကြဲျပားသြားတယ္။ ကမာၻ႕ အေျခအေနကလည္း အမ်ားႀကီး ေျပာင္းလဲသြားတယ္။ ဆိုေတာ့ ႏိုင္ငံေရးအရလည္း ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ unified position တု႔ိရဖို႔ေတာ့ မလြယ္ဘူး။ ဒါေပမယ့္ ကိုယ္နဲ႔ ထပ္တူထပ္မွ် သေဘာထားတူညီတဲ့ ႏိုင္ငံေတြလည္း အမ်ားႀကီးရွိပါတယ္။
ကိုရဲမင္းထြန္း။ ။ ဒီလို ဘဂၤလားေဒ့ရွ္က ေျပာတဲ့အခါမွာ က်ေနာ္တို႔ ျမန္မာႏိုင္ငံအေပၚမွာ ဖိအားမ်ားရွိပါသလား။
ဦးေဟာက္ဒိုဆြမ္း။ ။ က်ေနာ္ထင္တာကေတာ့ ဒီေလာက္မရွိပါဘူး ဘက္မလိုက္အဖြဲ႔ထဲမွာကိုယ္ပဲ တႏိုင္ငံခ်င္းအေပၚမွာ အဖြဲ႔၀င္ႏိုင္ငံအခ်င္းခ်င္း တဦးနဲ႔တဦး ႏိုင္ငံေရးအရ ဖိအားေပးတာကို လက္မခံဘူး။ မူအရကို လက္မခံတာ အဲလုိအေျခအေနရွိပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ ဘက္မလိုက္ လႈပ္ရွားမႈမွာ ႏွစ္စဥ္ ဘက္မလိုက္ ထိပ္သီးညီလာခံ အျပီးမွာ က်ေနာ္တုိ႔ ေၾကညာစာတန္းထုတ္တယ္ေလ။ ေၾကညာစာတန္းထုတ္တဲ့အခါမွာ တႏိုင္ငံ၊ ဘက္မလိုက္အဖြဲ႔၀င္ႏိုင္ငံအခ်င္းခ်င္း တေယာက္နဲ႔ တေယာက္ ႏိုင္ငံေရးအရ ပုတ္ခ် ဖိအားေပးတာမ်ိဳး ထည့္ေလ့မရွိပါဘူး။ ထည့္တဲ့ Issue တခ်ိဳ႕ဆိုတာလည္း သက္ႏိုင္ရာႏိုင္ငံေတြက သေဘာတူၿပီးေတာ့ ထည့္တာေတြပဲ ရွိတယ္။ ဘက္မလိုက္အဖြဲ႔ အရင္အစည္းအေ၀းေတြမွာက ဘဂၤလားေဒ့ရွ္က သူတို႔လိုခ်င္တာမ်ိဳး UN resolution က စာသားေတြထည့္ၿပီးေတာ့ ေရးခ်င္တဲ့ဟာေတြ ႀကိဳးစားမႈေတြ ရွိေသာ္လည္း က်ေနာ္တို႔ လက္မခံပါဘူး။ မူအရလည္း က်ေနာ္တို႔လည္း လက္မခံဘူး တျခားနိုင္ငံေတြက က်ေနာ္တို႔ ဘက္မလိုက္ လုပ္ငန္း Role of procedure အရလည္း ပယ္ခ်လို႔ရပါတယ္။
ကိုရဲမင္းထြန္း။ ။ က်ေနာ္လည္း တေခါက္ၾကားလိုက္ပါတယ္ commonwealth ညီလာခံမွာ ဘဂၤလားေဒ့ရွ္ ဘက္က ၀န္ႀကီးတေယာက္က ရခိုင္ကိစၥ၊ ဟိုေရာက္ေနတဲ့ ဒုကၡသည္ေတြ နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာသြားတာရွိပါတယ္။ ဆိုေတာ့ ဒီလို ႏိုင္ငံတကာ forum ေတြတိုင္းမွာ သံအမတ္ႀကီးတို႔အတြက္ ႀကိဳတင္ၿပီး တုန္႔ျပန္ဖို႔ ျပင္ဆင္ထားရတာ ရွိပါသလား။
ဦးေဟာက္ဒိုဆြမ္း။ ။ ဒါကေတာ့ ဘယ္ေနရာပဲျဖစ္ျဖစ္ က်ေနာ္တို႔ ကိစၥေျပာလိုက္ရင္ေတာ့ ျပန္ၿပီး တံု႔ျပန္ရမွာေပါ့။ commonwealth လိုမ်ိဳးက က်ေနာ္တုိ႔လည္းမပါဘူး က်ေနာ္တို႔နဲ႔လည္း မဆိုင္ဘူးေလ။ ဘက္မလိုက္ လိုမ်ိဳးက်ေတာ့ အျမဲတမ္း အဆင္သင့္ ျပင္ထားရတာေပါ့ဗ်ာ။ သူ႔မူနဲ႔လည္း မကိုက္ညီဘူး။ ဒါကေတာ့ ဘယ္လိုမွ လက္ခံလို႔မရဘူး။ တျခားႏိုင္ငံေတြကလည္း လက္မခံပါဘူး။ ဘဂၤလားေဒ့ရွ္ ဘက္ကေတာ့ နည္းမ်ိဳးစံုနဲ႔ ဖိအားေပးမွာပဲေလ။ က်ေနာ္တို႔ အခုေျပာေနတာက ဒီကိစၥက ျမန္ျမန္ရွင္းရမယ့္ကိစၥ ဒါေပမယ့္ သူတို႔ကေတာ့ ႏိုင္ငံတကာမွာ လွည့္ပတ္ၿပီးေတာ့ နည္းမ်ိဳးစံုနဲ႔ ဖိအားေပးေနတာ အဲဒါကေတာ့ ေကာင္းက်ိဳးေတာ့ မေပးဘူးေပါ့ဗ်ာ။ မေကာင္းဘူးေပါ့ က်ေနာ္တို႔ ၂ ႏိုင္ငံၾကားမွာ။
ကိုရဲမင္းထြန္း။ ။ ဘက္မလိုက္အဖြဲ႔ ဖြဲ႔စည္းထားတာ ႏွစ္ကလည္း ေတ္ာေတာ္ေလး ၾကာၿပီေပ့ါေနာ္။ ဟိုတုန္းကေတာ့ အင္အားၾကီး ၂ ႏိုင္ငံၾကားမွာ ဘက္မလိုက္ဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဖြဲ႔စည္းခဲ့တယ္ ။ အခု ဘက္မလိုက္အဖြဲ႔ႀကီးက အခုေခတ္နဲ႔ ဘယ္ေလာက္အထိ ဆက္စပ္မႈ ရွိေနပါေသးသလဲခင္ဗ်။ relevancy ေပါ့ ခင္ဗ်။
ဦးေဟာက္ဒိုဆြမ္း။ ။ ဘက္မလိုက္ရဲ႕မူေတြ အခုရွိေနေသးတာကေတာ့ ဘက္မလိုက္ရဲ႕ အဓိက အေျခခံမူေတြျဖစ္တဲ့ တႏိုင္ငံျပည္တြင္းေရးကို တႏိုင္ငံကေန ၀င္ေရာက္ၿပီးေတာ့ မစြက္ဖက္ဖို႔ ၊ ႏိုင္ငံတႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမ တည္တံ႔ခိုင္ျမဲေရးကို ေလးစားဖို႔၊ ေနာက္တခုကေတာ့ တႏိုင္ငံနဲ႔ တႏိုင္ငံ ဆက္ဆံေရး မွာ ပဋိပကၡအျငင္းပြားမႈ ျဖစ္ရင္ ၿငိမ္းခ်မ္းေသာနည္းလမ္းအားျဖင့္ ေျဖရွင္းေဆာင္ရြက္ၾကဖို႔ဆိုတဲ့ အေျခခံမူေတြ ဒါေတြကလည္း UN charter မွာလည္း အဓိက မူေတြပဲေလ။ ဆိုေတာ့ ဒါေတြကေတာ့ relevant ျဖစ္တုန္းပဲ ဒါေတြက ေျပာင္းလဲလို႔မရတဲ့ အေျခခံမူေတြ ။ အခုအထိက်ေန္ာတို႔က ႏိုင္ငံအတြင္း လိုက္နာေစာင့္ထိန္းရမယ့္ အေျခခံ မူႀကီးေတြ။
ကုလသမဂၢဆုိင္ရာ ျမန္မာ အျမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက VOA ကို ေျပာခဲ့တာပါ။
ဘာကူးျမိဳ႕က ဘက္မလိုက္ လွဳပ္ရွားမႈအဖြဲ႔ အစည္းအေ၀းကို တက္ေရာက္ေနတဲ့ ျပည္ေထာင္စု ၀န္ၾကီးဦးေက်ာ္တင္က ျမန္မာ ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံအၾကား အေရးၾကီးဆုံး ေဆာင္ရြက္ရမယ့္ကိစၥဟာ ေနရပ္စြန္႔ခြာသူမ်ား ျပန္လာေရး အတားအဆီးျဖစ္ေနတာေတြကို အတူတကြ ေျဖရွင္းေရး ျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္အတြင္း ေနထိုင္ခဲ့ေၾကာင္း စိစစ္ျပီးသူမ်ား အားလုံးကို ျပန္လည္ လက္ခံရန္ အဆင္သင့္ရွိေၾကာင္း သူ႔ရဲ႕ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
ဘက္မလိုက္ လွဳပ္ရွားမႈအဖြဲ႔ ထိပ္သီး အစည္းအေ၀းကို ေအာက္တိုဘာ ၂၅ ရက္နဲ႔ ၂၆ ရက္ေန႔ေတြမွာ အဇာဘိုင္ဂ်န္ႏို္င္ငံ၊ ဘာကူးျမိဳ႕မွာ ဆက္လက္ က်င္းပသြားမွာ ျဖစ္ေၾကာင္းပါ ။
...................
{Unicode}
မြန်မာအပေါ်ဖိအားပေးရေးကိစ္စ ဘက်မလိုက်ညီလာခံ လက်ခံမည်မဟုတ်
ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့က ဖိအား တစ်စုံတစ်ရာ ပေးမှာ မဟုတ်သလို အကူအညီလည်း ရနိုင်မှာ မဟုတ်ကြောင်း နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့မှာ ကျင်းပနေတဲ့ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်း ပြောအပြီးမှာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက VOA ကို ပြောခဲ့တာပါ။ ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ဆီကနေ အကူအညီ ရရှိနိုင်ခြင်း ရှိ မရှိ မေးခွန်းကို ဦးဟောက်ဒိုဆွမ်းက အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဦးဟောက်ဒိုဆွမ်း။ ။ အကူအညီကတော့ ရှင်းရှင်းပြောရင်တော့ ဘက်မလိုက်အဖွဲ့ဆိုတာကတော့ နိုင်ငံရေးအရတော့ moral support တော့ ရနိုင်တာပေါေ့နာ်။ သို့သော် ထူးထူးခြားခြားအကူအညီတော့ ရစရာတော့ မရှိပါဘူး။ ဘက်မလိုက်အဖွဲ့စတင်တည်ထောင်ချိန်ကလည်း နှစ်ပေါင်းတော်တော်ကြာလာပြီ နှစ်ပေါင်း ၅၈ ဆိုတော့ ၆၀ ဖြစ်လာပြီ အရင် ဘက်မလိုက်အဖွဲ့ စတင်တည်ထောင်စချိန်နဲ့ အခုအချိန်ကလည်း ကွဲပြားသွားပြီ။ ဆိုတဲ့အခါကျတော့ အယူအဆတွေလည်း အမျိုးမျိုးကွဲပြားတဲ့အခါကျတော့ အယူအဆအရ အမျိုးမျိုး ချည်နှောင်မူရှိသော်လည်း တနိုင်ငံရဲ့ အကျိူးစီးပွားတွေလည်း ကွဲပြားသွားတယ်။ ကမ္ဘာ့ အခြေအနေကလည်း အများကြီး ပြောင်းလဲသွားတယ်။ ဆိုတော့ နိုင်ငံရေးအရလည်း ပွင့်ပွင့်လင်းလင်းပြောရင်တော့ unified position တု့ိရဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် ကိုယ်နဲ့ ထပ်တူထပ်မျှ သဘောထားတူညီတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။
ကိုရဲမင်းထွန်း။ ။ ဒီလို ဘင်္ဂလားဒေ့ရှ်က ပြောတဲ့အခါမှာ ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ ဖိအားများရှိပါသလား။
ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်ထင်တာကတော့ ဒီလောက်မရှိပါဘူး ဘက်မလိုက်အဖွဲ့ထဲမှာကိုယ်ပဲ တနိုင်ငံချင်းအပေါ်မှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း တဦးနဲ့တဦး နိုင်ငံရေးအရ ဖိအားပေးတာကို လက်မခံဘူး။ မူအရကို လက်မခံတာ အဲလိုအခြေအနေရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဘက်မလိုက် လှုပ်ရှားမှုမှာ နှစ်စဉ် ဘက်မလိုက် ထိပ်သီးညီလာခံ အပြီးမှာ ကျနော်တို့ ကြေညာစာတန်းထုတ်တယ်လေ။ ကြေညာစာတန်းထုတ်တဲ့အခါမှာ တနိုင်ငံ၊ ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံအချင်းချင်း တယောက်နဲ့ တယောက် နိုင်ငံရေးအရ ပုတ်ချ ဖိအားပေးတာမျိုး ထည့်လေ့မရှိပါဘူး။ ထည့်တဲ့ Issue တချို့ဆိုတာလည်း သက်နိုင်ရာနိုင်ငံတွေက သဘောတူပြီးတော့ ထည့်တာတွေပဲ ရှိတယ်။ ဘက်မလိုက်အဖွဲ့ အရင်အစည်းအဝေးတွေမှာက ဘင်္ဂလားဒေ့ရှ်က သူတို့လိုချင်တာမျိုး UN resolution က စာသားတွေထည့်ပြီးတော့ ရေးချင်တဲ့ဟာတွေ ကြိုးစားမှုတွေ ရှိသော်လည်း ကျနော်တို့ လက်မခံပါဘူး။ မူအရလည်း ကျနော်တို့လည်း လက်မခံဘူး တခြားနိုင်ငံတွေက ကျနော်တို့ ဘက်မလိုက် လုပ်ငန်း Role of procedure အရလည်း ပယ်ချလို့ရပါတယ်။
ကိုရဲမင်းထွန်း။ ။ ကျနော်လည်း တခေါက်ကြားလိုက်ပါတယ် commonwealth ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဘက်က ဝန်ကြီးတယောက်က ရခိုင်ကိစ္စ၊ ဟိုရောက်နေတဲ့ ဒုက္ခသည်တွေ နဲ့ ပတ်သက်ပြီးတော့ ပြောသွားတာရှိပါတယ်။ ဆိုတော့ ဒီလို နိုင်ငံတကာ forum တွေတိုင်းမှာ သံအမတ်ကြီးတို့အတွက် ကြိုတင်ပြီး တုန့်ပြန်ဖို့ ပြင်ဆင်ထားရတာ ရှိပါသလား။
ဦးဟောက်ဒိုဆွမ်း။ ။ ဒါကတော့ ဘယ်နေရာပဲဖြစ်ဖြစ် ကျနော်တို့ ကိစ္စပြောလိုက်ရင်တော့ ပြန်ပြီး တုံ့ပြန်ရမှာပေါ့။ commonwealth လိုမျိုးက ကျနော်တို့လည်းမပါဘူး ကျနော်တို့နဲ့လည်း မဆိုင်ဘူးလေ။ ဘက်မလိုက် လိုမျိုးကျတော့ အမြဲတမ်း အဆင်သင့် ပြင်ထားရတာပေါ့ဗျာ။ သူ့မူနဲ့လည်း မကိုက်ညီဘူး။ ဒါကတော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ တခြားနိုင်ငံတွေကလည်း လက်မခံပါဘူး။ ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ နည်းမျိုးစုံနဲ့ ဖိအားပေးမှာပဲလေ။ ကျနော်တို့ အခုပြောနေတာက ဒီကိစ္စက မြန်မြန်ရှင်းရမယ့်ကိစ္စ ဒါပေမယ့် သူတို့ကတော့ နိုင်ငံတကာမှာ လှည့်ပတ်ပြီးတော့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတာ အဲဒါကတော့ ကောင်းကျိုးတော့ မပေးဘူးပေါ့ဗျာ။ မကောင်းဘူးပေါ့ ကျနော်တို့ ၂ နိုင်ငံကြားမှာ။
ကိုရဲမင်းထွန်း။ ။ ဘက်မလိုက်အဖွဲ့ ဖွဲ့စည်းထားတာ နှစ်ကလည်း တေ်ာတော်လေး ကြာပြီပေ့ါနော်။ ဟိုတုန်းကတော့ အင်အားကြီး ၂ နိုင်ငံကြားမှာ ဘက်မလိုက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ် ။ အခု ဘက်မလိုက်အဖွဲ့ကြီးက အခုခေတ်နဲ့ ဘယ်လောက်အထိ ဆက်စပ်မှု ရှိနေပါသေးသလဲခင်ဗျ။ relevancy ပေါ့ ခင်ဗျ။
ဦးဟောက်ဒိုဆွမ်း။ ။ ဘက်မလိုက်ရဲ့မူတွေ အခုရှိနေသေးတာကတော့ ဘက်မလိုက်ရဲ့ အဓိက အခြေခံမူတွေဖြစ်တဲ့ တနိုင်ငံပြည်တွင်းရေးကို တနိုင်ငံကနေ ဝင်ရောက်ပြီးတော့ မစွက်ဖက်ဖို့ ၊ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို လေးစားဖို့၊ နောက်တခုကတော့ တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံရေး မှာ ပဋိပက္ခအငြင်းပွားမှု ဖြစ်ရင် ငြိမ်းချမ်းသောနည်းလမ်းအားဖြင့် ဖြေရှင်းဆောင်ရွက်ကြဖို့ဆိုတဲ့ အခြေခံမူတွေ ဒါတွေကလည်း UN charter မှာလည်း အဓိက မူတွေပဲလေ။ ဆိုတော့ ဒါတွေကတော့ relevant ဖြစ်တုန်းပဲ ဒါတွေက ပြောင်းလဲလို့မရတဲ့ အခြေခံမူတွေ ။ အခုအထိကျနေ်ာတို့က နိုင်ငံအတွင်း လိုက်နာစောင့်ထိန်းရမယ့် အခြေခံ မူကြီးတွေ။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက VOA ကို ပြောခဲ့တာပါ။
ဘာကူးမြို့က ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ အစည်းအဝေးကို တက်ရောက်နေတဲ့ ပြည်ထောင်စု ဝန်ကြီးဦးကျော်တင်က မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အရေးကြီးဆုံး ဆောင်ရွက်ရမယ့်ကိစ္စဟာ နေရပ်စွန့်ခွာသူများ ပြန်လာရေး အတားအဆီးဖြစ်နေတာတွေကို အတူတကွ ဖြေရှင်းရေး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများ အားလုံးကို ပြန်လည် လက်ခံရန် အဆင်သင့်ရှိကြောင်း သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ ထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့မှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်ကြောင်းပါ ။