သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် ဒုက္ခသည် ၇၀ ကျော် UNHCR အစီအစဉ်နဲ့ နေရပ်ပြန်


ထိုင်း-မြန်မာနယ်စပ်က ကရင်နဲ့ ကရင်နီဒုက္ခသည်စခန်း ၅ခုက ဒုက္ခသည် ၇၀ကျော်နေရပ်ပြန် (Oway Oway)
ထိုင်း-မြန်မာနယ်စပ်က ကရင်နဲ့ ကရင်နီဒုက္ခသည်စခန်း ၅ခုက ဒုက္ခသည် ၇၀ကျော်နေရပ်ပြန် (Oway Oway)

ထိုင်း-မြန်မာနယ်စပ်က ကရင်နဲ့ ကရင်နီဒုက္ခသည်စခန်း ၅ခုက ဒုက္ခသည် ၇၀ကျော်ဟာ မြန်မာ ထိုင်းအစိုးအရနဲ့ UNHCR အစီစဉ်နဲ့ မေလ ရ ရက်နေ့မှာနေရပ်ပြန်ခဲ့ကြပါတယ် ။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေထဲက မိမိဆန္ဒအလျောက်နေရပ်ပြန်ဖို့စာရင်းပေးသွင်းထားတဲ့ဒုက္ခသည်တွေထဲက ဒုက္ခသည်၇၀ကျော်ကို မြန်မာအစိုးရ ထိုင်းအစိုးရ UNHCR အစီစဉ် နဲ့ မေလ ရရက်နေ့က နေရပ်ကိုပြန်ပို့ခဲ့ပါတယ်။ မြဝတီမြို့မှာရှိတဲ့ လူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့နေရာပြန်လည်ချထားရေးဝန်ကြီးဌာနကဒုက္ခသည် စီစစ်ရေးလုပ်ငန်းစဉ်တွေနေရာကိုရောက်ရှိနေပြီဖြစ်တဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက ဦးနလန်တုံက အခုလို ပြောပါတယ်။

"အုန်းဖျန်က ယောင်္ကျားလေး ၁၁ယောက် မိန်းကလေး ၁၄ယောက် အားလုံး ၂၅ယောက် မိသားစု ၆စုပါ ကျနော်တို့ကို UNHCR ကနေ လူကြီးတယောက်ကို ဘတ်ငွေ ၉၃၀၀နဲ့ ကလေးတယောက်ကို ဘတ်ငွေ ၇၅၀၀ သူတို့က ကျနော်တို့ကို ပေးအပ်ပြီးဖြစ်ပါတယ်"

ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်ကို မိမိဆန္ဒအလျောက်ပြန်နိုင်ဖို့အတွက် ယူအန်အိပ်စီအာကတော့ ဒုက္ခသည်စခန်းတိုင်း မှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကိုဖွင့်လှစ်ထားတာဖြစ်ပြီး နေရပ်ပြန်ချင်တဲ့ ဒုက္ခသည်တွေဘက်ကစာရင်းပေးသွင်းနိုင်တယ်လို့ယူအန်အိပ်စီအာကကြေညာထားတာပါ။

ဒုက္ခသည်စခန်း ၅ခုကနေရပ်ပြန်ဖို့စာရင်းပေးသွင်းထားခဲ့သူတွေကတော့ လူဦးရေ ၁၀၀ကျော်တယ်လို့ ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးကပြောပါတယ်

"အုန်းဖျန်က ပြန်တာ ၂၅ယောက်မယ်လမှာတော့ ၁၈ယောက် နိုဖိုးမှာတော့ ၃၀ကျော် အားလုံးက camp ၅ခုလေ ကရင်စခန်း ၃ခုနဲ့ကရင်နီစခန်း ၂ခုကနေ ပြန်တာ အားလုံး ၁၀၁ယောက်"

တကယ်တမ်းပြန်တဲ့အခါမှာတော့တချိုကမပြန်ကြတော့တဲ့အတွက် စခန်း ၅ခုပေါင်းရင် လူဦးရေ ၇၀ကျော်ပဲပြန်ကြတယ် လို့လည်း ဒုက္ခသည်တွေကဆိုပါတယ်

UNHCRကတော့ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကိုဖွင့်လှစ်ထားပေမဲ့ ဒုက္ခသည်အများစုကတော့သူတို့ဘဝအတွက်ခိုင်လုံတဲ့အာမခံချက်ရှိတဲ့အစီစဉ်တွေ မရှိပဲနဲ့နေရပ်ရင်းပြန်နိုင်ဖိုကအခက်အခဲရှိနေတယ်လို့လည်း ဒုက္ခသည်တွေဘက်ကပြောဆိုခဲ့တာပါ။

အရင် မြန်မာစစ်အစိုးရလက်ထက်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေး ထားတာဖြစ်ပါတယ်။ဒီဒုက္ခစခန်း၉ခုထဲမှာ့ကရင်နီဒုက္ခသည်စခန်း ၂ခုပါဝင်တာပါ ကရင်နီဒုက္ခသည်စခန်း ၂ခုမှာတော့ ဒုက္ခသည်ပေါင်း ၁သောင်း ၃ထောင်ကျော်ခိုလှုံနေထိုင်နေတာဖြစ်ပြီးကျန်တဲ့ကရင်ဒုက္ခသည်စခန်းမှာခိုလံှုနေတဲ့ ဒုက္ခသည်တွေအားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်းမြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည်တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG