သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတောင်ပိုင်း ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံး ၂၅၀ ကျော်ရှိလာ


အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးမြေပြိုပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် (ဩဂုတ် ၁၊ ၂၀၂၄)
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးမြေပြိုပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် (ဩဂုတ် ၁၊ ၂၀၂၄)

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ အင်္ဂါနေ့က ရေကြီး မြေပြိုုမှုတွေကြောင့် သေဆုံးသူ ၂၅၆ ဦးအထိ တိုးလာပြီး နောက်ထပ် ၂၂၀ လောက်ပျောက်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။ Wayanad ခရိုင် Meppadi ဒေသမှာ အင်္ဂါမနက်အစောပိုင်းက မြေပြိုမှု ကြီးကြီးမားမား ၃ ခုဆက်တိုက်ဖြစ်ခဲ့တာပါ။

မြေပြိုတာကြောင့် Mundakai ရွာ နဲ့ Churalmala ရွာတွေ ရွာလုံးကျွတ် ရေထဲမျောပါခဲ့ပြီးတော့ အိမ်ခြေ ၈၀ လောက် လုံးဝပျက်စီးခဲ့ပြီး လူ ၂၅၀ လောက်သေဆုံးခဲ့သလို အများအပြား ပျောက်ဆုံးနေပါတယ်။ ရာသီဥတုဆိုးရွားနေသလို အပျက်အစီးတွေ၊ ရွှံ့နွံတွေကြောင့် ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ လိုအပ်တဲ့ စက်ကိရိယာတွေကို သယ်ဆောင်ရေး နှောင့်နှေးနေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

လောလောဆယ် အပျက်အစီးတွေကို ရှင်းလင်းနေသလို အသက်ရှင် ကျန်ရစ်နိုင်သူတွေကို ရှာဖွေနေတာပါ။ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေအပြင် အမျိုးသား သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့၊ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဒေသဆိုင်ရာရဲတပ်ဖွဲ့၊ ဆရာဝန်တွေနဲ့ တခြား ဒေသန္တရ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

တချို့က မြေပြိုတဲ့နေရာတွေမှာ ပျောက်ဆုံးမိသားစုဝင်တွေနဲ့ ကျန်ရစ်ပစ္စည်းတွေကို ရှာဖွေဖို့ ပြန်လာကြတာကြောင့် တာဝန်ရှိသူတွေက သူတို့ကို ကယ်ဆယ်ရေးစခန်းတွေမှာ ဘေးကင်းကင်းနေကြဖို့နဲ့ ကောလဟလတွေကို နားမထောင်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG