သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး UK ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့အရေး နော်ဝေမှာ ဆွေးနွေး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ တွေ့ဆုံ (ဇွန် ၁၃၊ ၂၀၂၄)
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ တွေ့ဆုံ (ဇွန် ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံအရေး အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို ကူညီထောက်ခံပေးဖို့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က X လူမှုကွန်ယက်မှာ မနေ့ ဇွန်လ ၁၂ ရက်နေ့က ရေးသားထားပါတယ်။

ဝန်ကြီး Marsudi နဲ့ တွေ့ဆုံတဲ့ UK ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Joelle Jenny က ဦးဆောင် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။​

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Voker Turk နဲ့လည်း ဇွန်လ ၁၁ ရက်နေ့က Oslo မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ပါလက်စတိုင်း အရေးကိစ္စတွေကို အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့တဲ့အကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က X လူမှုကွန်ယက်မှာ ပြောဆိုပါတယ်။

ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခတွေအတွင်း စေ့စပ်ညှိနိုင်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးမယ့် ၂၀၂၄ ခုနှစ် အော်စလို ဖိုရမ်ကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နော်ဝေနိုင်ငံကို ရောက်နေပါတယ်။

နိုင်ငံတကာမှာ အများအာရုံစူးစိုက်နေတဲ့ ဂါဇာအရေးကိစ္စအပြင်၊ မြန်မာနိုင်ငံ အခြေအနေ၊ ယူကရိန်းနဲ့ တောင်ဆူဒန် အရေးတွေကို အဓိက ဆွေးနွေးကြမယ့်အကြောင်း Sandasia သတင်းဌာနက ရေးပေမဲ့ အစည်းအဝေး အစီအစဉ် အသေးစိတ်ကို ကြေညာခြင်းမရှိပါဘူး။ တံခါးပိတ် အစည်းအဝေးဖြစ်ပြီး ဆွေးနွေးပွဲ အကြောင်းအရာတွေကိုလည်း Chatham House Rule အရ အပြင်ကို မပေါက်ကြားဖို့ လျှို့ဝှက်ထားတဲ့ အစည်းအဝေးဖြစ်ပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေအပါအဝင် ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်သူတွေ၊ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တရာကျော် တက်ရောက်မယ့် အစည်းအဝေးဖြစ်တဲ့အကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG