သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်း ဂျပန်နဲ့အိမ်နီးချင်းတွေ ပါဝင်ဖြေရှင်းကြဖို့ NUG တောင်းဆို


မြန်မာ့အကျပ်အတည်း ဂျပန်နဲ့အိမ်နီးချင်းတွေ ပါဝင်ဖြေရှင်းကြဖို့ NUG တောင်းဆို
please wait

No media source currently available

0:00 0:11:47 0:00

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို႔ ASEAN တခုတည်းကလုပ်ဆောင်နေရုံနဲ့ မလုံလောက်ဘဲ ဂျပန်အပါအဝင် အိမ်နီးချင်း နိုင်ငံကြီးတွေကပါ အတူစုပေါင်း အဖြေရှာသင့်တယ်လို့ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက VOA ကို ပြောပါတယ်။

မြန်မာ့အကျပ်အတည်း ဂျပန်နဲ့အိမ်နီးချင်းတွေ ပါဝင်ဖြေရှင်းကြဖို့ NUG တောင်းဆို

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို႔ ASEAN တခုတည်းကလုပ်ဆောင်နေရုံနဲ့ မလုံလောက်ဘဲ ဂျပန်အပါအဝင် အိမ်နီးချင်း နိုင်ငံကြီးတွေကပါ အတူစုပေါင်း အဖြေရှာသင့်တယ်လို့ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက VOA ကို ပြောပါတယ်။ ဒါ့အပြင် မြန်မာအတွက် ဂျပန်ကပေးနေတဲ့ ODA အကူအညီတွေဟာ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေအတွက် အကျိုးခံစားခွင့် မရနိုင်တာကြောင့် ရပ်ဆိုင်းထားဖို့ လိုကြောင်းလည်း ပြောပါတယ်။ KNU, KNPP, CNF စတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူ ဂျပန်နိုင်ငံကို သွားရောက်နေတဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို - ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

Forum

XS
SM
MD
LG