သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး မလေးရှားအရေးပါမှု ကုလမဟာမင်းကြီး ထုတ်ပြန်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Türk
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Türk

လာမယ့်နှစ်အတွက် အာဆီယံဥက္ကဋ္ဌဖြစ်လာတော့မှာမို့ အာဆီယံရဲ့ လူ့အခွင့်အရေးအစီအစဥ်နဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင်မှုက သော့ချက်ကျတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ဇွန်လ ၄ ရက်နေ့က ပြောလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim နဲ့လည်း အင်္ဂါနေ့က မဟာမင်းကြီးက ကွာလာလမ်ပူမှာ တွေ့ဆုံခဲ့တယ်လို့ မလေးရှားနိုင်ငံတော်ပိုင် ဘာနားမားသတင်းက ဆိုပါတယ်။ အာဏာသိမ်းပြီးသုံးနှစ်အကြာမှာ ပြည်တွင်းစစ်ရှောင် ဒုက္ခသည်သုံးသန်းကျော်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အရေးပါပါ လိုအပ်နေတယ်လို့ မဟာမင်းကြီးရဲ့ကြေညာချက်မှာ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေ လက်ခံထားခဲ့တာကိုလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအပေါ် မြင့်မြင့်မားမား မျှော်လင့်နေကြကြောင်း၊ အရပ်သားတွေကိုအကာအကွယ်ပေးပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကို ထိပ်တန်းရှေ့ဆုံးမှာထားသလို မြန်မာနိုင်ငံရဲ့အခြေအနေ အရေးပေါ်ဖြေရှင်းဖို့လိုတာကိုလည်း မျက်ခြေမပြတ်ဖို့လိုကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ကြေညာချက်မှာ ပြောပါတယ်။ လူ့အခွင့်အရေး မဟာမင်းကြီးဟာ လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့လည်း ဒီအပတ်တွေ့မယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

​
XS
SM
MD
LG