သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းပြေလည်စေဖို့ဆောင်ရွက်နေဟု ကန်ဒုလက်ထောက်ဝန်ကြီးပြောဆို


ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အောက်တိုဘာ ၁၇၊ ၂၀၂၃)
ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အောက်တိုဘာ ၁၇၊ ၂၀၂၃)

မြန်မာ့အကြပ်အတည်း ပြေလည်စေဖို့အတွက် ဆွေးနွေးပြောဆိုမှုတွေနဲ့ တခြားလုပ်သင့်တာတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့အဖွဲ့က လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဌာန တောင်နဲ့ အလယ်ပိုင်းအာရှဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်း Jamuna ရုပ်သံတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အင်ဒိုပစိဖိတ်ဒေသတွင်း လုံခြုံရေး နဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ဒေသတွင်း ဖြစ်ပွါးနေတာတွေအတွက် အထူးစိုးရိမ်ကြောင်း ပြောခဲ့တာပါ။ Afreen Akhter ဟာ သမ္မတဂျိုးဘိုင်းဒန်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းဒါရိုက်တာ ရေတပ်ဗိုလ်ချုပ် Eileen Laubacher ဦးဆောင်တဲ့ အဖွဲ့မှာ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer နဲ့အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက်ကာမြို့ကို ၃ ရက်ခရီးစဉ်အဖြစ် လာရောက်နေစဉ် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ တည်ငြိမ်မှုရှိစေရေးအတွက် အမေရိကန်က ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ် ဆိုတာကိုတော့ သေချာ ထုတ်မပြောပါဘူး။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ကတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu က မြန်မာနိုင်ငံရဲ့အခြေနေတွေဟာ လာမယ့်ရက်တွေအတွင်း ဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယအပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးအတွက် အန္တရာယ်ကြီးလာမယ့် အနေထားဖြစ်ကြောင်း ပြောခဲ့တာပါ။

Afreen Akhter ကတော့ အမေရိကန်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြီးအကျယ်ရင်ဆိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာဖြေရှင်းရာမှာ ကူညီပံ့ပိုးမှာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပါအဝင် ၂ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ၊ နည်းပညာနဲ့ သင်တန်းပေးရေးကိစ္စရပ်တွေကို လုပ်ဆောင်နေတာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အကူအညီအဖြစ် ဒေါ်လာသန်း ၁၀၀ ကျော်လည်း အမေရိကန်က ဘင်္ဂလားဒေ့ရှ်အတွက်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG