သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်တွေအမှု တရားခံသက်သေတွေ စစ်ဆေးပြီးစီး


နိုင်ငံတော်လ ျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက်တွေရဲ့အမှုကို ဒီနေ့ဆက်လက် ကြားနာ စစ်ဆေးပါတယ်။ သတင်းသမားတွေမှာ အပြစ်ရှိမရှိ ဆုံးဖြတ်ဖို့ လာမယ့်သြဂုတ်လ၂၀ရက်နေ့မှာ ဆက်လက်ကြားနာမယ်လို့ သတင်းသမားတွေရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းသမားတွေရဲ့သက်သေ၂ ယောက်ကို ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုက်တာဘက်ကတင်ထားတဲ့ သက်သေတွေ အကုန်စစ်ဆေး ပြီးသွားပြီလို့ သတင်းသမားတွေရဲ့ အကျိုးဆောင် ရှေ့နေ ကိုသန်းဇော်အောင်က ပြောပါတယ်။

"အဓိက ဒီနှစ်ယောက်က ကာယကံတွေရဲ့ သက်သေတွေပေါ့။ ဒီဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ ကောင်းသော အကျင့်စာရိတ္တ ရှိသူဖြစ်တယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ အလုပ်လုပ်ကိုင်နေတဲ့အကြောင်း အဲဒါပေါ့။ တဖက်ဥပဒေအရာရှိကတော့ အချင်းဖြစ်တဲ့နေ့မှာ ဒီနေ့သက်သေထွက်ဆိုတဲ့ သူတွေ မရှိခဲ့ဘူး ဆိုတာကို ဇောင်းပေးပြောသွားတယ်"

ဒီကနေ့မှာ သတင်းစာဆရာဦးရဲနိုင်မိုးနဲ့ ကိုသန့်ဇင်စိုးတို့ကို စစ်မေးခဲ့တာဖြစ်ပြီး ဦးရဲနိုင်မိုးကတော့ သူ့အနေနဲ့ သတင်းသမားတယောက်တာဝန်၊ လုပ်ဆောင်မှုနဲ့ တပည့်နှစ်ဦးဖြစ်တဲ့ ရိုက်တာသတင်းသမား၂ဦးရဲ့ အကျင့်စရိုက်တွေကို ခုခံဖြေဆိုခဲ့တယ်လို့ဆိုပါတယ်။

ရိုက်တာသတင်းသမားနှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လ ျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုစွပ်စွဲချက်နဲ့ ဆက်လက်တရားစွဲဆိုဖို့ တရားရုံးက ဂျုလိုင်လ ဒုတိယပတ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနှစ်ဇန်နဝါရီလကတည်းက အမှုကို စတင်စစ်ဆေးခဲ့ပြီး ဒီအမှုဟာ၆လ ကျော်လာခဲ့ပေမယ့် အခုထိ တရားလိုဘက်က စွပ်စွဲထားတဲ့စွပ်စွဲချက်တွေအတွက် သက်သေကောင်းကောင်း မပြနိုင်ခဲ့ဘူးလို့ ရှေ့နေကိုသန်းဇော်အောင် ကတော့ဆိုပါတယ်။

"သက်သေအားလုံးသည် ဒီစာရွက်စာတမ်းတွေနဲ့ပတ်သတ်ပြီးသေချာ မပြောနိုင်ဘူး။ နောက်တခါ ဒီစာရွက်စာတမ်းတွေ ပေါက်ကြားလာပါတယ်ဆိုတဲ့ ဌာနဆိုင်ရာ ရဲတပ်ဖွဲ့တွေ အနေနဲ့ ဘယ်သူ့ကိုမှ လ ျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူတာမရှိဘူး။ ဒီလို အရေးယူတာ မရှိခြင်းပင်လ ျှင် ဒီဟာသည်လ ျှို့ဝှက်တဲ့ ဥပဒေအရ မငြိစွန်းလို့ အရေးယူတာ မရှိတာလို့ ကောက်ချက်ဆွဲလို့ရတာပေါ့"

သတင်းထောက်တွေကို တရားစွဲထားတဲ့ ဒီဥပဒေဟာ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ရင်အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတခုဖြစ်ပါတယ်။လာမယ့်လာမယ့်သြဂုတ် ၂၀ရက်နေ့မှာ အစိုးရနဲ့အမှုရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက်တွေကို နိုင်ငံတော်လ ျှို့ဝှက်အက်ဥပဒေနဲ့ အမိန့်ချသင့်မသင့် ဆက်လက်ကြားနာသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေကတော့အခုလို သတင်းသမားတွေကို ဖမ်းဆီးတာဟာ အများပြည်သူတွေ သတင်းမှန်ရရေး အခြေခံလွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်နေကြပါတယ်။ မြန်မာနိုင်ငံမှာသတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ်ဆိုပြီး ထောက်ပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG