သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံး နဲ့ ကိုကျော်စိုးဦးကို ရိုက်တာ Baron ဆုချီးမြှင့်


ကိုဝလုံး နဲ့ ကိုကျော်စိုးဦး
ကိုဝလုံး နဲ့ ကိုကျော်စိုးဦး

ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ကြာသပတေးနေ့က နယူးယောက်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ရိုက်တာသတင်းဌာနက Baron ဆုချီးမြှင့်လိုက်ပါတယ်။

ဒီဆုဟာ တည်ကြည်ဖြောင့်မတ်မှုနဲ့ စာနယ်ဇင်းအရည်အသွေးပြည့်ဝမှုဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ နက်ရှိုင်းတဲ့အစဉ်အလာ အပေါ် အခိုင်အမာ သက်သေပြလုပ်ဆောင်တဲ့ သတင်းထောက်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အထူးဆုတဆုဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးပြီး တရားစွဲဆိုထား တာပါ။

သူတို့နှစ်ဦးဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးတဲ့လုပ်ငန်းကို ပြောင်မြောက်စွာ လုပ်ခဲ့ကြပြီးတော့ အဲဒီလုပ်ငန်းအတွင်း ကြီးမားတဲ့ ကိုယ်ကျိုးစွန့်မှု ပြုလုပ်ခဲ့ကြတဲ့အကြောင်း၊ သတင်းလွတ်လပ်ခွင့် ဘာ့ကြောင့် သိပ်ကိုအရေးကြီးတယ်ဆိုတာ သူတို့လုပ်ဆောင် ချက်ကနေ ပြသခဲ့ကြကြောင်း၊ သူတို့ ဆိုးရွားစွာ ကြုံတွေ့ရတဲ့ကာလတလျှောက် သူမတူတဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်စွမ်းတို့နဲ့ လုပ်ဆောင်ခဲ့ကြကြောင်း၊ ရိုက်တာသတင်းထောက်တွေအဖြစ် သူတို့ရဲ့ သူမတူတဲ့လုပ်ဆောင်ချက်ကို ကျနော်တို့ ဂုဏ်ပြုတာနဲ့ အမျှ ကျနော်တို့ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သတိရနေကြောင်း Baron ဆု ပေးအပ်ချီးမြှင့်ချိန်မှာ ရိုက်တာသတင်းဌာန ဥက္ကဋ္ဌနဲ့ အယ်ဒီတာချုပ် Steve Adler ကပြောသွားပါတယ်။

အဲဒီဆုပေးပွဲအခမ်းအနားမှာ ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံဗျူရိုအကြီးအကဲ Antoni Slodkowski က သူတို့ကိုယ်စား ဆုကို လက်ခံရယူူခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မကြာသေးခင်ကလည်း လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ PEN America ဆု၊ အမေရိကန် National Press Club ရဲ့ Aubuchon သတင်းလွတ်လပ်ခွင့်ဆုတို့ကို ချီးမြှင့်ခဲ့ပါသေးတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦးကို ရိုက်တာ Baron ဆုချီးမြှင့်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG