သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် တတိယနေ့ပွဲများ


Rio ၂၀၁၆ နွေရာသီ အိုလံပစ် အမျိုးသမီး ဘက်စကက်ဘော
Rio ၂၀၁၆ နွေရာသီ အိုလံပစ် အမျိုးသမီး ဘက်စကက်ဘော

Rio ၂၀၁၆ နွေရာသီ အိုလံပစ် တတိယနေ့မှာ ကျွမ်းဘား၊ ရေကူး၊ Fencing လို့ခေါ်တဲ့ ဓားရေး ယှဉ်ပြိုင်နည်း၊ အမျိုးသမီး Rugby ၊ ဂျူဒို စတဲ့ အားကစားတွေမှာ ဆုတံဆိပ်အဆင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။ အိုလံပစ် အားကစားပွဲမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရကြသူတွေလည်း သက်ဆိုင်ရာ အားကားပွဲတွေမှာ ပြိုင်ဆိုင်နေကြပါတယ်။

Hijab လို့ခေါ်တဲ့ မူဆလင် အမျိုးသမီးတွေ ခေါင်းမှာခြုံတဲ့ ပုဝါကို ခြုံပြီး ပထမဆုံး အမေရိကန်အိုလံပစ် အသင်းဝင်အဖြစ် Ibtihaj Muhammad က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမအနေနဲ့ Fencing လို့ခေါ်တဲ့ ဓားရေးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာမှာ ပထမ Round မှာ အနိုင်ရခဲ့ပေမယ့် ဒုတိယ Round မှာရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

Rugby ကစားနည်းကိုလည်း အခု Rio အိုလံပစ်ပွဲတော်မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလာပါတယ်။ အမျိုးသမီး Rugby ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုအတွက် အခု အသံလွှင့်နေတဲ့အချိန်အတွင်းမှာပဲ သြစတြေးလျနဲ့ နယူးဇီလန်အသင်းတို့ဟာ အကြိတ်အနယ် ကစားနေကြပါတယ်။ ကနေဒါအသင်းက ဗြိတိန်ကိုနိုင်ပြီး ကြေးတံဆိပ်ဆု ရရှိသွားပြီ ဖြစ်ပါတယ်။

အခုသံလွှင့်နေတဲ့အချိန်ထိ ရရှိထားကြတဲ့ ဆုတံဆိပ်စာရင်းအရကတော့ - တရုတ်နိုင်ငံက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၀ ခုနဲ့ ထိပ်ကနေ ဦးဆောင်နေပါတယ်။

ဒုတိယနေရာမှာ ရှိနေတဲ့ သြစတြေးလျနိုင်ငံကတော့ ရွှေ ၄ ခု၊ ကြေး ၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ရရှိထားပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ရွှေ ၃ ခု၊ ငွေ ၆ ခု၊ ကြေး ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၃ ခုနဲ့ တတိယ နေရာက လိုက်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ရွှေတံဆိပ် ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခု ရရှိပြီး နံပတ် ၈ နေရာမှာ ရှိနေပါတယ်။

အမျိုးသမီးတဦးချင်း လေးပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မစန်းယုထွေးက Qualify အဆင့်ကိုကျော်ပြီး ရှုံးထွက် အဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။ မစန်းယုထွေးအနေနဲ့ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Rio အိုလံပစ် တတိယနေ့ပွဲများ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG