သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားေဘာလုံးပဲြမွာ ေသဆုံးသူ ၁၂၅ ေယာက္ အာဏာပိုင္ေတြအတည္ျပဳ


(Zawgyi/ Unicode)

အင္ဒိုနီးရွား ႏိုင္ငံ အေရွ႕ဂ်ာဗားက ေဘာလံုးကြင္း တခုမွာ စေနေန႔ညက လူအုပ္ပိတာေၾကာင့္ အနည္းဆံုး လူ ၁၂၅ ဦး ေသဆံုးခဲ႔ရၿပီး လူ ၁၈၀ ေလာက္ ဒဏ္ရာရခဲ႔ပါတယ္။


ျပည္သူ႔က်န္းမာေရးဆိုင္ရာရံုးက အတည္ျပဳၿပီး လက္ခံရရွိတဲ႔ ေနာက္ဆံုးရ အခ်က္အလက္ေတြ အရ ေသဆံုးသူ ၁၂၅ ဦး ရွိပါတယ္လို႔ အင္ဒိုနီးရွား ရဲခ်ဳပ္ Listyo Sigit က တနဂၤေႏြေန႔မွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

အမ်ားစုကေတာ့ လူေတြ နင္းမိၿပီး ေသဆံုးခဲ႔ၾကရတာ ျဖစ္ၿပီး ရဲတပ္ဖြဲ႔၀င္ ၂ ဦးလည္း ပါ၀င္ေၾကာင္း အေရွ႕ဂ်ာဗား ရဲခ်ဳပ္ Nico Afinta က သတင္းေထာက္ေတြကို ေျပာပါတယ္။ ေသဆံုးသူ အေရအတြက္ကိုလည္း ၁၇၄ ဦးကေန ၁၂၅ ဦးထိ ရဲတပ္ဖြဲ႔က ေလွ်ာ့ခ်လိုက္ပါတယ္။ ေသဆံုးသူေတြထဲက တခ်ိဳ႕ကို ၂ ႀကိမ္ထည့္သြင္း တြက္ခ်က္ထားတာကို အာဏာပိုင္တို႔ ေတြ႕ရွိခဲ႔တာ ျဖစ္ပါတယ္။

အင္ဒိုနီးရွားပရီမီယာလိဂ္ေဘာလုံးပဲြမွာ Persebaya အသင္းက အိမ္ရွင္ Arema အသင္းကို ၃ ဂိုး ၂ ဂိုး နဲ႔ ႏိုင္ၿပီးတဲ့ေနာက္ အိမ္ရွင္ပရိသတ္ေတြ ကြင္းထဲကို ဆင္းလာၿပီးေတာ့ သူတို႔အသင္းသားေတြကို ျပသနာရွာရာကေန ပရိသတ္ေတြနဲ႔ ရဲေတြ ႐ုန္းရင္းဆန္ခတ္ စတင္ျဖစ္ပြားခဲ့တာလို႔ အေရွ႕ ဂ်ားဗာ ရဲခ်ဳပ္ Nico Afinta က ေျပာပါတယ္။ ရဲတပ္ဖဲြ႕က ပရိသတ္ေတြကို ပဲြၾကည့္စင္ေပၚျပန္တက္ဖို႔ ေျပာခဲ့ေပမယ့္ ပရိသတ္ေတြကလက္မခံခဲ့ဘဲ ရဲေတြကို တိုက္ခိုက္ခဲ့တာကေန ရဲတပ္ဖဲြ႕ဘက္ကလည္း မ်က္ရည္ယိုဗုံးသုံးၿပီး ႏွိမ္ႏွင္းခဲ့တာျဖစ္ပါတယ္။

ရဲတပ္ဖဲြ႕က မ်က္ရည္ယိုဗုံးနဲ႔ ႏွိမ္ႏွင္းတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြ ဂိတ္ေပါက္ကို ထြက္ေျပးရာကေန အေတာ္မ်ားမ်ား အသက္ရႈက်ပ္တာေတြ ၊ လူနင္းခံရတာေတြျဖစ္ခဲ့ပါတယ္။ ဒဏ္ရာရတဲ့သူေတြ ရာေပါင္းမ်ားစြာကို အနီးနားက ေဆး႐ုံကို ေခၚသြားၾကေပမယ့္၊ အဲဒီထဲက လမ္းမွာတင္ေသဆုံးတာေတြရွိသလို၊ ေဆး႐ုံမွာ ကုသရင္းနဲ႔ ေသဆုံးခဲ့သူေတြလည္းရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အင်ဒိုနီးရှားဘောလုံးပွဲမှာ သေဆုံးသူ ၁၂၅ ယောက် အာဏာပိုင်တွေအတည်ပြု

အင်ဒိုနီးရှား နိုင်ငံ အရှေ့ဂျာဗားက ဘောလုံးကွင်း တခုမှာ စနေနေ့ညက လူအုပ်ပိတာကြောင့် အနည်းဆုံး လူ ၁၂၅ ဦး သေဆုံးခဲ့ရပြီး လူ ၁၈၀ လောက် ဒဏ်ရာရခဲ့ပါတယ်။


ပြည်သူ့ကျန်းမာရေးဆိုင်ရာရုံးက အတည်ပြုပြီး လက်ခံရရှိတဲ့ နောက်ဆုံးရ အချက်အလက်တွေ အရ သေဆုံးသူ ၁၂၅ ဦး ရှိပါတယ်လို့ အင်ဒိုနီးရှား ရဲချုပ် Listyo Sigit က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အများစုကတော့ လူတွေ နင်းမိပြီး သေဆုံးခဲ့ကြရတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ပါဝင်ကြောင်း အရှေ့ဂျာဗား ရဲချုပ် Nico Afinta က သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူ အရေအတွက်ကိုလည်း ၁၇၄ ဦးကနေ ၁၂၅ ဦးထိ ရဲတပ်ဖွဲ့က လျှော့ချလိုက်ပါတယ်။ သေဆုံးသူတွေထဲက တချို့ကို ၂ ကြိမ်ထည့်သွင်း တွက်ချက်ထားတာကို အာဏာပိုင်တို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားပရီမီယာလိဂ်ဘောလုံးပွဲမှာ Persebaya အသင်းက အိမ်ရှင် Arema အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီးတဲ့နောက် အိမ်ရှင်ပရိသတ်တွေ ကွင်းထဲကို ဆင်းလာပြီးတော့ သူတို့အသင်းသားတွေကို ပြသနာရှာရာကနေ ပရိသတ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့တာလို့ အရှေ့ ဂျားဗာ ရဲချုပ် Nico Afinta က ပြောပါတယ်။ ရဲတပ်ဖွဲ့က ပရိသတ်တွေကို ပွဲကြည့်စင်ပေါ်ပြန်တက်ဖို့ ပြောခဲ့ပေမယ့် ပရိသတ်တွေကလက်မခံခဲ့ဘဲ ရဲတွေကို တိုက်ခိုက်ခဲ့တာကနေ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နှင်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ နှိမ်နှင်းတဲ့အချိန်မှာတော့ ပရိသတ်တွေ ဂိတ်ပေါက်ကို ထွက်ပြေးရာကနေ အတော်များများ အသက်ရှုကျပ်တာတွေ ၊ လူနင်းခံရတာတွေဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေ ရာပေါင်းများစွာကို အနီးနားက ဆေးရုံကို ခေါ်သွားကြပေမယ့်၊ အဲဒီထဲက လမ်းမှာတင်သေဆုံးတာတွေရှိသလို၊ ဆေးရုံမှာ ကုသရင်းနဲ့ သေဆုံးခဲ့သူတွေလည်းရှိခဲ့ပါတယ်။

XS
SM
MD
LG