သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်နဲ့မိသားစု California မှာ အပန်းဖြေခရီးထွက် 


ဗြိတိန်ဝန်ကြီးချုပ်နဲ့မိသားစု California မှာ အပန်းဖြေခရီးထွက် (သြဂုတ် ၃၊ ၂၀၂၃)
ဗြိတိန်ဝန်ကြီးချုပ်နဲ့မိသားစု California မှာ အပန်းဖြေခရီးထွက် (သြဂုတ် ၃၊ ၂၀၂၃)

ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ မိသားစု အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ အပန်းဖြေခရီးထွက်နေကြပါတယ်။ Los Angeles ကိုလာလည်သူတွေ သွားလည်ကြလေ့ရှိတဲ့ ရှုခင်းလှပြီး အပန်းဖြေလို့ကောင်းတဲ့ Santa Monica ကမ်းရိုးတန်းမြို့ကို ဝန်ကြီးချုပ် Sunak တို့ မိသားစု သြဂုတ်လ ၃ ရက် ကြာသပတေးနေ့က သွားလည်ခဲ့ကြတာပါ။ ဗြိတိန်ဝန်ကြီးချုပ်တွေ မိသားစုနဲ့ အပန်းဖြေခရီးထွက်ရင် လူသိရှင်ကြားထုတ်ပြန်ဖို့ ဓါတ်ပုံအရိုက်ခံလေ့ရှိတဲ့ ထုံးစံအရ သူတို့မိသားစု ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။

Santa Monica ဆိပ်ခံတံတားနားမှာရှိတဲ့ အပန်းဖြေကစားကွင်းကို သမီးငယ် ၂ ယောက်နဲ့ သွားလည်ရင်း ဓါတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။ Los Angeles မှာရှိတဲ့ Disneyland အပန်းဖြေကစားကွင်းကိုလည်း သူတို့မိသားစု သွားလည်ကြပါတယ်။ Disneyland သွားရမှာမို့ သမီးငယ် ၂ ယောက် သိပ်စိတ်လှုပ်ရှား ပျော်နေကြသလို၊ Star Wars ရုပ်ရှင်တွေ သိပ်ကြိုက်တဲ့ သူ့ကို Star Wars ကစားကွင်းနေရာမှာ အချိန်အများကြီး ဖြုန်းမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဝန်ကြီးချုပ်က နောက်‌ပြီးပြောခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့မိသားစု California မှာ အပန်းဖြေခရီးထွက် (သြဂုတ် ၃၊ ၂၀၂၃)
ဗြိတိန်ဝန်ကြီးချုပ်နဲ့မိသားစု California မှာ အပန်းဖြေခရီးထွက် (သြဂုတ် ၃၊ ၂၀၂၃)

သူ Stanford တက္ကသိုလ်တက်နေစဉ် သူ့ဇနီးလောင်းကို စတွေ့ခဲ့တာမို့ California ပြည်နယ်ဟာ သူတို့မိသားစုအတွက် သိပ်အဓိပ္ပါယ်ရှိတဲ့နေရာတခုဖြစ်တယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကပြောကြားခဲ့ပါတယ်။ အခုလို ဝန်ကြီးချုပ် California မှာ အပန်းဖြေခရီးထွက်နေချိန်မှာပဲ သဘာဝပါတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ဗြိတိန်နိုင်ငံ Yorkshire နယ်မှာရှိတဲ့ သူ့ကိုယ်ပိုင်အိမ်ကို ပိတ်စအနက်ကြီးတွေ ဖုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။ North Sea ပင်လယ်ထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ခွင့်တွေ ဗြိတိန်အစိုးထပ်ပေးမယ့်အစီအစဉ်တွေကို ကန့်ကွက်တဲ့အနေနဲ့ Greenpeace အဖွဲ့ဝင်တွေ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေကိုတော့ ရဲက ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG