သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်


Rishi Sunak visit to Washington DC
Rishi Sunak visit to Washington DC

ကန်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ဟာ ကြာသပတေးနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေ ရခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

"ကျနော်တို့ဟာ ၂ နိုင်ငံ စီးပွားဆက်ဆံရေးဆိုင်ရာတွေကို ကောင်းကောင်း ဆွေးနွေးခဲ့ကြသလို၊ အရေးပါတဲ့ ကိစ္စရပ်တွေအတွက် ညှိနှိုင်းမှုတွေ လုပ်နိုင်တဲ့အပြင် ဥတုရာသီဆိုင်ရာ ကိစ္စရပ်အတွက်ပါ သဘောတူညီမှု ရခဲ့ကြပါတယ်" လို့ ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံကြား သန့်ရှင်းစွမ်းအင်ဆိုင်ရာနဲ့ AI ဉာဏ်ရည်တု နည်းပညာလို နောက်ဆုံးပေါ်နည်းပညာရပ်ဆိုင်ရာတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်သွားမှာ ဖြစ်ကြောင်း သဘောတူခဲ့ကြတာပါ။

၂ နိုင်ငံကြား သန့်ရှင်းစွမ်းအင် ပြောင်းလဲသုံးစွဲရေး ဆိုင်ရာနဲ့ နောက်ဆုံးပေါ် နည်းပညာ တိုးတက်ရေး ၊ အမျိုးသားလုံခြုံရေး ကိစ္စရပ်တွေမှာ သိပ်အရေးပါတဲ့ နည်းပညာ အကာကွယ်ပေးမှုကဏ္ဍကို ပူးပေါင်းဆောင်ရွက်မှု တိုးမြှုင့်ဖို့ အပါအဝင် ၂၁ ရာစုရဲ့ မိတ်ဖက်ပုံစံသစ်အတွက် သဘောတူခဲ့ကြတယ်လို့ ခေါင်းဆောင် ၂ ဦးစလုံးက ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးမှုတွေထဲမှာ တရုတ်အရေး၊ စီးပွားရေး လုံခြုံမှု၊ အရေးပါတဲ့ သတ္တုဆိုင်ရာတွေအတွက် သဘောတူညီချက်တွေ အပါအဝင် ကိစ္စရပ် မျိုးစုံကို ကျယ်ပြန့်စွာဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၂ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် မရသေးပေမယ့် အမေရိကန်- ဗြိတိန် ၂ နိုင်ငံ စီးပွားဆက်ဆံရေးဟာ ခိုင်မာသလို တိုးတက်မှု ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Sunak က ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့တဲ့ Sunak ရဲ့ ပထမဆုံးေသာ အမေရိကန်ခရီးစဉ်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG