သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဒုဝန်ကြီးချုပ် Dominic Raab ရာထူးကနေ နုတ်ထွက် 


ဗြိတိန်ဒုဝန်ကြီးချုပ်လည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Dominic Raab ကို အစိုးရအဖွဲ့အစည်းအဝေးတခုအပြီးတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃)
ဗြိတိန်ဒုဝန်ကြီးချုပ်လည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Dominic Raab ကို အစိုးရအဖွဲ့အစည်းအဝေးတခုအပြီးတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃)

ဗြိတိန်ဒုဝန်ကြီးချုပ်လည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Dominic Raab ဒီနေ့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်ဆက်ဆံတယ်ဆိုတဲ့ တိုင်ခြားချက်တချို့ကို ဘက်မလိုက်စုံစမ်းရေးအဖွဲ့က ဟုတ်မှန်တယ်လို့ လက်ခံခဲ့ပြီးနောက်မှာ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သူ့ရဲ့နုတ်ထွက်စာမှာ ဖော်ပြပါတယ်။

စွပ်စွဲချက်တွေထဲက အနိုင်ကျင့်တယ်ဆိုတဲ့ စွပ်စွဲချက် ၂ ချက်ကလွဲလို့ ကျန်တာတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ပယ်ချခဲ့တာကို ထောက်ပြပြီး သူ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ခဲ့ဘူးလို့ နုတ်ထွက်စာထဲမှာ Dominic Raab ကရေးသားထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန် EU ကနေနုတ်ထွက်ရေးဆိုင်ရာ Brexit ဝန်ကြီးနဲ့ တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့တဲ့ ၄ နှစ်ခွဲကြာ ကာလအတွင်း ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်တဲ့လုပ်ရပ်လုပ်ခဲ့တယ်ဆိုပြီး အချက် ၈ ချက်နဲ့ Dominic Raab တိုင်ကြားခံခဲ့ရတာပါ။ အဲဒီထဲက စိတ်အနှောင့်အယှက်ဖြစ်စေအောင်၊ စော်ကားရာရောက်စေအောင်လုပ်ခဲ့သလို သူ့အာဏာနဲ့ အရှက်ရစေအောင်လုပ်ခဲ့တယ်ဆိုတာတွေကို ဘက်မလိုက်စုံစမ်းသူ Adam Tolley ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့က တွေ့ရှိကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Mr. Raab အနေနဲ့ သူ့ရဲ့ လုပ်ရပ်ကြောင့် သက်ရောက်မှုတွေ ရှိလာမှာကို သူသိရှိကြောင့်နဲ့ သူ့အနေနဲ့ သတိထားခဲ့သင့်တယ်လို့ အစီရင်ခံစာထဲမှာ ပြောကြားထားပါတယ်။ Mr. Raab ကတော့ စုံစမ်းတွေ့ရှိချက်တွေမှာ မှားယွင်းမှုတွေရှိနေတယ်လို့ တုံ့ပြန်ထားပါတယ်။ ဒုဝန်ကြီးချုပ် Raab ရဲ့ နုတ်ထွက်စာကို စိတ်မကောင်းစွာနဲ့ပဲ လက်ခံခဲ့တဲ့အကြောင်း ဝန်ကြီးချုပ် Rishi Sunak ကလည်း ဒီကနေ့ ပြောပါတယ်။ သူ့နေရာမှာ Oliver Dowden ကိုအစားထိုးတာဝန်ပေးလိုက်တယ်လို့လည်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG