သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rittenhouse အပြစ်မရှိ တရားရုံးဆုံးဖြတ်ချက်ကြောင့် ဆန္ဒပြ ကန့်ကွက်မှုဖြစ်


Rittenhouse အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်ချက်ကြောင့် ပို့တ်လန်းမြို့လမ်းပေါ်မှာ မီးရှို့ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၁)
Rittenhouse အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်ချက်ကြောင့် ပို့တ်လန်းမြို့လမ်းပေါ်မှာ မီးရှို့ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့လယ်ခေါင်မှာ သောကြာညက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတခုကို ရုန်းရင်းဆန်ခတ်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

Wisconsin ပြည်နယ်၊ Kenosha မှာ ၂၀၂၀ ပြည့်နှစ်က ဆန္ဒပြပွဲတခုအတွင်း လူနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး နောက်တယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ဆယ်ကျော်သက်ရွယ် လူငယ်မှာ အပြစ်မရှိကြောင်း ဂျူရီလူကြီးအဖွဲ့က သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပို့တ်လန်းမြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

လူ ၂၀၀ လောက်ပါတဲ့ ဆန္ဒပြပွဲအတွင်း ပြတင်းပေါက်တွေ ရိုက်ခွဲတာ၊ ရဲတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာအပြင် တရားရေးဌာနကို မီးရှို့ဖို့ ပြောဆိုခဲ့ကြပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်မှုအဖြစ် ရဲက ကြေညာခဲ့တာလို့ ဒေသခံ KOIN ရုပ်သံသတင်းဌာနက ထုတ်လွှင့်ပါတယ်။

တရားရုံးဆုံးဖြတ်ချက် ထွက်အပြီး ဖြစ်ခဲ့တဲ့ အခုဆန္ဒပြပွဲဟာ ၂၀၂၀ ပြည့်နှစ်က Kenosha မြို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ဆက်စပ်နေတာပါ။

၂၀၂၀ ပြည့်နှစ် နွေရာသီတွင်းက Kenosha မြို့မှာ Black Lives Matter ဆန္ဒပြပွဲတခုအတွင်း လူမည်းအမျိုးသား Jacob Blake ကို Kenosha မြို့ ရဲတပ်ဖွဲ့ဝင် လူဖြူရဲတဦးက ပစ်သတ်လိုက်ပြီးတဲ့နောက် ဆန္ဒပြပွဲကြီးတခု ဖြစ်ခဲ့ပါတယ်။

Wisconsin ပြည်နယ်နဲ့ အိမ်နီးချင်း အီလီနွိုင်းပြည်နယ်၊ Antioch မြို့မှာ နေထိုင်တဲ့ Kyle Rittenhouse က AR-15 တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ် ယူသွားပြီး Kenosha မြို့ ဆန္ဒပြပွဲကို သွားခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတချို့နဲ့ အချင်းများပြီး သူ့မှာပါလာတဲ့ သေနတ်နဲ့ ပစ်တာမှာ နှစ်ယောက်သေဆုံးပြီးတော့ တယောက်က အပြင်းအထန် ဒဏ်ရာရခဲ့တာပါ။

အဲဒီဖြစ်ရပ်အတွက် လူသတ်မှု အပါအဝင် စွဲချက်ငါးချက်နဲ့ သူ့ကို တရားစွဲဆိုခဲ့ပြီး သောကြာနေ့မှာတော့ ဂျူရီလူကြီးအဖွဲ့က စွဲချက်ငါးချက်လုံးအတွက် Rittenhouse မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)

Rittenhouse အပွဈမရှိ တရားရုံးဆုံးဖွတျခကြျကွောင့ျ ဆန်ဒပွ ကန့ျကှကျမှုဖွဈ




တရားရုံးဆုံးဖွတျခကြျ ထှကျအပွီး ဖွဈခဲ့တဲ့ အခုဆန်ဒပွပှဲဟာ ၂၀၂၀ ပွည့ျနှဈက Kenosha မွို့မှာ ဖွဈခဲ့တဲ့ ဆန်ဒပွပှဲနဲ့ ဆကျစပျနတောပါ။




XS
SM
MD
LG