သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Duterte အမေရိကန်ကို ထပ်မံတိုက်ခိုကြေ်ပာဆို


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံကို ပုတ်ခတ် ပြောဆိုလိုက်တဲ့အတွက် ကာလရှည်ကြာ တည်ရှိခဲ့တဲ့ မဟာမိတ် နှစ်နိုင်ငံအကြားက ဆက်ဆံရေးအပေါ် မသေချာ မရေရာမှု အသစ်တွေ ထပ်မံ ဖြစ်ပေါ်ခဲ့ပါတယ်။
နှစ်နိုင်ငံကြား ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို အမေရိကန်နိုင်ငံအနေနဲ့ မေ့ပျောက် ပစ်လိုက်ပါဆိုပြီး ဂျပန်နိုင်ငံကို တရားဝင်ခရီးစဉ် မစတင်ခင် သတင်းထောက်တွေကို မနီလာမြို့မှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် သူ့နိုင်ငံအတွင်းမှာ ဖိလစ်ပိုင်စစ်သားတွေကလွဲလို့ တခြား ဘယ်နိုင်ငံက စစ်သားကိုမှ မမြင်တွေ့လိုကြောင်း အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ရည်ညွန်းပြီး ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Rogrigo Duterte က တရုတ်နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သူ့ရဲ့ ပေါ်လစီတွေကို ပြောင်းလဲလိုက်တဲ့အတွက် အာဆီယံအဖွဲ့အတွင်း မသေချာ မရေရာမှုအသစ်တွေ ထပ်တိုးလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမယ့်အချိန်နဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အာဆီယံတည်ထောင်တဲ့ အနှစ် ၅၀ မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကျင်းပမယ့်ကာလ တိုက်ဆိုင်နေတာမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာနဲ့ ဒေသတွင်း အမေရိကန်တို့ရဲ့ မဟာဗျူဟာကျတဲ့ အခန်းကဏ္ဍတွေအပေါ် အဖွဲ့အတွင်း သဘောထား ကွဲပြားမှုတွေ စတင် ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Duterte က သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကာလရှည်ကြာ တည်ရှိခဲ့တဲ့ အမေရိကန်နဲ့ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် နိုင်ငံအဖြစ်က လမ်းခွဲပြီး တရုတ်နိုင်ငံနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ Duterte က အဲဒီလို ပြောဆိုခဲ့တဲ့ကိစ္စကို ဖိလစ်ပိုင်နိုင်ငံ ပြန်ရောက်တဲ့အချိန်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

လမ်းခွဲမယ်လို့ သူပြောခဲ့တာဟာ နိုင်ငံခြားရေးမူဝါဒအရ လမ်းခွဲခြင်းကို ဆိုလိုကြောင်း၊ သူသမ္မတ မဖြစ်ခင်ကာလအထိ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ရဲ့ ညွန်ကြားချက်အတိုင်း နေလာခဲ့ကြောင်း၊ နိုင်ငံခြားရေး မူဝါဒဆိုင်ရာကိစ္စတွေမှာ လမ်းခွဲတယ်ဆိုတာဟာ အမေရိကန်ရဲ့ နောက်မြီးဆွဲ မဖြစ်ဖို့ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဖြတ်တောက်တယ်ဆိုတာ လုံး၀ အဆက်အသွယ် ဖြတ်လိုက်ခြင်းဖြစ်ပြီး ခွဲထွက်တယ်ဆိုတာကတော့ အဲဒီသဘောဆောင်တဲ့ တခြားနည်းလမ်းတခုဖြစ်ကြောင်း သမ္မတ Duterte က ပြန်လည် ရှင်းပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG