သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပထမအသုတ် ဌာနေပြန်ပို့ရေး ဘင်္ဂလားဆိုင်ရာတရုတ်သံမျှော်လင့်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)

{{Zawgyi/Unicode}}

ရိုဟင်ဂျာအရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ပထမအသုတ်ကို သိပ်မကြာခင် မြန်မာနိုင်ငံကို ပြန်ပို့နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ် Yao Wen ကမျှော်လင့်နေပါတယ်။

သက်ဆိုင်သူအားလုံးရဲ့ပူးပေါင်းအားထုတ်မှုကြောင့် ရိုဟင်ဂျာပထမအသုတ်ကို မကြာခင်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်သံရုံးမှာပဲ သံအမတ် Yao Wen က သတင်းထောက်တွေကို မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသတင်းဌာန BSS မှာဖော်ပြထားပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ပေမယ့် အကောင်အထည်မပေါ်သေးတာ အလွန် စိတ်မကောင်းဖြစ်ရကြောင်း တရုတ်သံအမတ်က ပြောပါတယ်။

နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွေနှောင့်နှေးခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာ Covid -19 ကပ်ရောဂါနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချက်တွေလည်း ပါဝင်တယ်လို့ပြောပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွေထဲမှာ တရုတ်နိုင်ငံက အမြဲပါဝင်နေမယ်ဆိုတာ ကတိပြုပါတယ်လို့လည်း တရုတ်သံအမတ် Yao Wen ကပြောဆိုခဲ့တယ်လို့လည်း ပြောထားပါတယ်။

အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ယူကရိန်း-ရုရှားစစ်ပွဲအတွက် လက်နက်တွေအစား ရိုဟင်ဂျာတွေအတွက် ဘဏ္ဍာငွေပိုမိုသုံးစွဲဖို့လည်း တရုတ်သံအမတ်က တိုက်တွန်းပြောဆိုသွားပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို အသေခအချာ စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG