သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံကူးလက်မှတ်အတုသုံး ရိုဟင်ဂျာ ၄ ဦး ဘင်္ဂလားဒေ့ရှ် လေဆိပ်မှာဖမ်းမိ


ဒါကာ မြို့တော်က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်
ဒါကာ မြို့တော်က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို လေကြောင်းကနေထွက်ခွာဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဟန်ဆောင်ပြီး ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာ (၄) ဦးကို တနင်္ဂနွေနေ့က ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဒါကာ မြို့တော်က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ (၄) ဦး ကတော့ အသက် ၂၆ နှစ်အရွယ် Amina Begum၊ အသက် ၃၀ အရွယ် Anwar ၊ အသက် ၁၉ နှစ်အရွယ် Rokeya နဲ့ အသက် ၂၃ နှစ်အရွယ် Morijan တို့ ဖြစ်တယ်လို့ လေဆိပ်ရဲတပ်ဖွဲ့ အရာရှိ Md Alamgir Hossain က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတွေကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဒီ ရိုဟင်ဂျာ (၄) ဦးကို တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှာ လေဆိပ်အထွက် Terminal က နေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒီ ရိုဟင်ဂျာ (၄) ဦး အနေနဲ့ နေ့လည်မှာ ထွက်မယ့် မလေးရှားလေယာဉ် MH 103 နဲ့ လိုက်ပါဖို့ ပြင်ဆင်ခဲ့တာလို့ ဒီရဲအရာရှိတွေက ဆက်ပြောခဲ့ပါတယ်။

ဒီဖမ်းခံရသူတွေက သူတို့ ရခိုင်ပြည်နယ် မောင်တောက ထွက်လာခဲ့သူတွေဖြစ်တယ်လို့ ပြောခဲ့ကြောင်း ရဲတွေက ဆိုလိုက်ပြီး၊ သူတို့ကို တရားစွဲအရေးယူဖို့ ပြင်ဆင်ထားပါတယ်လို့ ဆက်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG