သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှု ရုံးမတင်ခင် စုံစမ်းရေးအဖွဲ့ ICC ဖွဲ့စည်း


မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကျူးလွန်မှုရှိကြောင်း စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီး ၃ ဦးပါ အဖွဲ့တခုကို ဖွဲ့စည်းပေးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ The Hague အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ဥက္ကဌက ကြေညာချက် ထုတ်ပြန်ပါတယ်။

တရားသူကြီး ၃ ဦးဖြစ်တဲ့ Robert Fremr, Olga Herrera Carbuccia နဲ့ Geoffrey Henderson တို့ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးအောင် မြန်မာလုံခြုံရေးတွေက အတင်းအကြပ် မောင်းထုတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ် Fatou Bensouda ရဲ့ လျှောက်ထားချက်ကို မနှစ်က စက်တင်ဘာ ၆ ရက်နေ့မှာ ICC က လက်ခံခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ ရှေ့နေချုပ် Bensouda က ဒီလို စုံစမ်းစစ်ဆေးဖို့ သက်သေ အထောက်အထားတွေ အလုံအလောက် ရှိမရှိ စတင်စုံစမ်းခဲ့တာပါ။ မတ်လ မှာတော့ ရှေ့နေချုပ် Bensouda ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သီတင်းတပတ်ကြာ သွားရောက်ခဲ့ပါတယ်။

ICC ခုံရုံးဖွဲ့စည်းဖို့ သဘောတူညီချက်မှာ မြန်မာက လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် ၂၀၁၀ ကတည်းက အဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာတွေ ရောက်နေတာကြောင့် ICC က နယ်မြေစီရင်ပိုင်ခွင့် အာဏာနဲ့အညီ အရေးယူနိုင်ရေး နည်းလမ်းရှာနေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ ICC ခုံရုံးက ကိုင်တွယ်ဆောင်ရွက်မှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် ICC ရဲ့ စုံစမ်းမှုကို ပူးပေါင်းလုပ်ဆောင်စရာ မလိုသလို တရားစီရင်မှုမှာလည်း အကျုံး မဝင်ဘူးလို့ ပြောဆိုထားပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှု ရုံးမတင်ခင် စုံစမ်းရေးအဖွဲ့ ICC ဖွဲ့စည်း
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG