သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စတင်စုံစမ်းဖို့ ICC ရှေ့နေ တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှု တခု အပြည့်အဝ စလုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေက စတင် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ကနဦး ဆန်းစစ်မှု တခု လုပ်ခဲ့ပြီးတဲ့နောက် ဒီအခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့ ခွင့်ပြု ချက် တင်ပြ တောင်းခံမယ်လို့ ICC ရှေ့နေက ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတခု မဟုတ်တာ ကြောင့် ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်း လုပ်ဆောင်စရာ မလိုသလို လက်ခံမှာလည်း မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမယ့် ICC ဘက်ကတော့ လူတွေကို မောင်းထုတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲချက်မှာ နယ်စပ်ကျော်တဲ့ သဘောသဘာဝ ရှိနေတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ တခု ဖြစ်တာကြောင့် ဒေသတွင်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်ထားနိုင်ခြေ ရှိတဲ့အပေါ် စုံစမ်းစစ်ဆေးနိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG