သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အပံ့ လျှော့ချမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံ


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း

ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar မြို့က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ထပ်မံလျှော့ချလိုက်တဲ့အတွက် ဒုက္ခသည်တွေ အငတ်ဘေးကြုံနေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ UNHCR ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီမှာ ငွေကြေးမလုံလောက်တဲ့အတွက် ရိက္ခာထောက်ပံ့မှုတွေကို ၃ လအတွင်း ဒုတိယအကြိမ် လျှော့ချခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကုန်အထိ စားရေရိက္ခာထောက်ပံ့နိုင်ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေနဲ့ ခက်ခဲတဲ့ရွေးချယ်မှုကို လုပ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ရှိနေသူ တယောက်အတွက် တလစာ ဒေါ်လာ ၁၂ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ မတ်လမှာ လျော့ချခဲ့ရပြီး ဇွန်မှာတော့ ၈ ဒေါ်လာအထိ ထပ်မံလျော့ချခဲ့ရတဲ့အတွက် တနေ့ကို ၂၇ ပြားနှုန်းဖြစ်သွားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric ကသတင်းစာရှင်းပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ မိုခါမုန်တိုင်းဒဏ်ကို ခံထားရချိန်မှာ ခုလို အထောက်အပံ့တွေ လျှော့ချခဲ့ရတာဖြစ်ကြောင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ငတ်မွတ်နေကြတယ်လို့ UNHCR တာဝန်ရှိသူတွေက သူ့ကို ပြောပြကြတယ်လို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားတဲ့အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ အလွန်အမင်းလိုအပ်တဲ့အကူအညီတွေကိုသာ ပေးနိုင်ပြီး အခြေခံလိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်တာ ပိုများလာတယ်လို့ UNHCR ကပြောတဲ့အကြောင်း ကုလသမဂ္ဂပြောခွင့်ရက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG