သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအန္တရာယ် ဟိန္ဒူအမျိုးသားရေးဝါဒီ သတိပေး


ဘင်္ဂလား-အိန္ဒိယနယ်စပ် ကင်းလှည့်နေတဲ့ အိန္ဒိယစစ်တပ်
ဘင်္ဂလား-အိန္ဒိယနယ်စပ် ကင်းလှည့်နေတဲ့ အိန္ဒိယစစ်တပ်

ရိုဟင်ဂျာ မူဆလင်တွေဟာ နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု တခုဖြစ်တယ်လို့ သတ်မှတ်ပြောဆိုပြီး သူတို့ကို ခိုလှုံခွင့်ပေးထားတဲ့အပေါ် အိန္ဒိယနိုင်ငံ ဟိန္ဒိူအမျိုးသားရေး ဝါဒီအဖွဲ့ Rashtriya Syayamsevak Sangh RSS ရဲ့ အကြီးအကဲ Mohan Bhagwat က အိန္ဒိယအစိုးရကို စနေနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။

Dussehra လို့ခေါ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော် အခါသမယ RSS လုပ်သားတွေကို အစဉ်အလာ အားဖြင့် ပြောနေကျမိန့်ခွန်းထဲမှာ Bhagwat က အဲဒီလို ထည့်ပြော သွားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေအတွက် ဝန်ထုပ်ဝန်ပိုး တခုလဲဖြစ်နေတယ်လို့ လက်ယာစွန်းဝါဒီ ခေါင်းဆောင် Bhagwat ကဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာမူဆလင် ၄ သောင်းနီးပါး ရှိပါတယ်။ အဲဒီထဲက ၁ သောင်းခွဲ နီးပါးက ကုလသမဂ္ဂက ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားပေမဲ့ အိန္ဒိယနိုင်ငံ ကတော့ အားလုံးကို ပြန်နှင်ထုတ် ချင်နေတာပါ။

အိန္ဒိယအစိုးရကလဲ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောထား ဖူးပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ကျရင် အိန္ဒိယ တရားရုံးချုပ်မှာ ဒီပြန်ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်တဲ့ နောက်တကြိမ် ကြားနာပွဲတခု လုပ်ဖို့ရှိပြီး အဲဒါပြီးရင်တော့ အိန္ဒိယမှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အနာဂတ်ကံကြမ္မာ ပိုပြီး ရှင်းလင်းလာမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အခေါ်ကို အသိအမှတ်မပြုဘဲ ရခိုင်ပြည်နယ်က မူဆလင်အဝန်းအဝိုင်းလို့ ခေါ်ဆိုပြီး မြန်မာ လူထုအများစုကတော့ ဘင်္ဂါလီလို့ ပြောဆိုသုံးစွဲကြပါတယ်။

ရိုဟင်ဂျာအန္တရာယ် ဟိန္ဒူအမျိုးသားရေးဝါဒီ သတိပေး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG