သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ထွက်ပြေး ရိုဟင်ဂျာ ၆ သိန်းခန့်ရှိ


ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ။ (အောက်တိုဘာ ၁၉-၂၀၁၇)
ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ။ (အောက်တိုဘာ ၁၉-၂၀၁၇)

သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅သိန်း ၈ သောင်း ၉ ထောင် ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Farhan Haq က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

"ဒုက္ခသည် ထက်ဝက်ကျော်လောက်ဟာ ကူတူပါလောင် တိုးချဲ့ စခန်းလို့ခေါ်တဲ့ စခန်းကြီးမှာ နေနေကြတာ ဖြစ်ပြီး အဲဒီစခန်းမှာ လမ်းပမ်း ဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေ သာမက သူတို့ အခြေခံ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် အကူညီပေးရေး မိတ်ဖက် အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်"လို့ ပြောသွားတာပါ။

Refugees International အဖွဲ့ ဥက္ကဌ Eric Paul Schwartz ဟာ ပြီးခဲ့တဲ့ လထဲမှာ ဘင်္ဂလာဒေ့ရှ်ကို သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ပြောကြားမှုတွေ အရ အခြေနေဟာ လူမျိုးစု သုတ်သင်ရှင်းလင်းရေး ဖြစ်လာခဲ့ပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်းဖြစ်လာနေကြောင်း စက်တင်ဘာ လဆန်းလောက်မှာပဲ သိခဲ့ရတယ်လို့ နယူးရောက်က နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

လူတိုင်းပြောတဲ့ ဇာတ်လမ်းက တူနေတာ ဖြစ်ပြီး မြန်မာစစ်တပ်က သူတို့ရွာတွေကို မီးရှို့ကြောင်းနဲ့ ထွက်ပြေးရင် ပစ်သတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သီတင်း ၆ ပတ်အတွင်း လူပေါင်း ၅ သိန်း ရှစ်သောင်းလောက် နိုင်ငံထဲက ထွက်သွားစေချင်ရင် သူတို့ကို ဒီလို ကြောက်အောင် လုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒုက္ခသည် အရေအတွက် ပုံမှန် တိုးလာနေတာမို့ သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဆွေတွေ ကြိုးစား ရုန်းကန်နေရတာပါ။ ဒီ့အတွက် ဂျနီဗာမှာ အစည်းဝေးခေါ်ဖို့ တနင်္လာနေ့ကို သတ်မှတ်ခဲ့ကြပြီး ဒုက္ခသည် ၁.၂ သန်းကို အကူညီပေးနိုင်ဖို့ ၂၀၁၈ ဖေဖေါ်ဝါရီ လောက်မှာ ဒေါ်လာ ၄၃၄ သန်း ရဖို့ ရည်ရွယ်ထားပါတယ်။

ဒုက္ခသည်အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း ယူနီဆက် ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ထွက်ပြေး ရိုဟင်ဂျာ ၆ သိန်းခန့်ရှိ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG