သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေး မလေးရှားစောင့်ကြည့်


ရိုဟင်၈ျာဒုက္ခသည်များ
ရိုဟင်၈ျာဒုက္ခသည်များ

နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ပို့ရေးမှာ ယုံကြည်စိတ်ချရတဲ့ေ နရပ်ပြန်နိုင်ရေး အစီအစဉ်ဖြစ်ဖို့ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့ အာမခံချက်တွေ မဖြစ်မနေပါဝင်ဖို့ လိုတယ်လို့ မလေးရှားအစိုးရက ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအတွက် သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို အကာအကွယ်ပေးဖို့ဆိုရင် နိုင်ငံသားဖြစ်ခွင့် ကိစ္စကသာ သေချာအောင်လုပ်ပေးနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒီလိုနိုင်ငံသားဖြစ်ခွင့်ပြုမှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်တဲ့အခါ လုံခြုံစိတ်ချမှုဖြစ်ဖို့အတွက် အရေးကြီးတဲ့ အာမခံချက်ဖြစ်တယ်လို့လည်း နိုဝင်ဘာလ ၂၂ ရက် ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို မလေးရှားအစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah ကပြောပါတယ်။

နေရပ်ပြန်ပို့ခံရမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အရင်ကသူတို့ရင်ဆိုင်ခဲ့ရတဲ့ အကြမ်းဖက် ဖိနှိပ် ခြိမ်းခြောက်မှုမျိုး နောင်ဘယ်တော့မှ ဖြစ်မလာသင့်ဘူးလို့လည်း Saifuddin ကပြောပါတယ်။ နောက်ဆုံးမှာတော့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့နေရပ်ရွာတွေ၊ အိမ်တွေဆီကို ပြန်နိုင်ပြီး သူတို့ရဲ့ဘဝရှင်သန်ရေး ပြန်လည်တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။

နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေ၊ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေရဲ့ အကူအညီတွေ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်အောင်ဆောင်ရွက်မယ်လို့ မလေးရှားအနေနဲ့ ယုံကြည်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လက်ရှိမလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ပေါင်း ၈၀,၀၁၈ ရှိတယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

နိုဝင်ဘာလ (၁၅)ရက်နေ့မှာ စတင်မယ့် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် နေရပ်ပြန်ပို့အစီအစဉ်ကို ဒီနှစ်အကုန်ထိ ရွှေ့ဆိုင်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေး မလေးရှားစောင့်ကြည့်
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG