သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ပြန်လက်ခံရေးမူလအစီအစဉ် ရွှေ့ဆိုင်း


ကုတုပလောင်စခန်းရှိ ဒုက္ခသည်တွေ
ကုတုပလောင်စခန်းရှိ ဒုက္ခသည်တွေ

ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ ဇန်နဝါရီလ ၂၃ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်ပို့ဖို့ သဘောတူညီမှုရရှိထားပေမယ့်လည်း ပြန်ပို့ရေးအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံခြားရေးဌာန အရာရှိကတော့ ဒီကိစ္စကို အတည်ပြုဖို့ငြင်းဆိုပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့နှစ်၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အာဆာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေရှ့်ဖက် ထွက်သွားကြသူတွေကို ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပီးဖြစ်ပါတယ်။ နှစ်နိုင်ငံသဘောတူညီမှုအရမနက်ဖန် ဇနနဝါရီလ၂၃ရက်နေ့မှာ စတင်လက်ခံသွားမှာဖြစ်ဘေမဲ့လည်း မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးအပိုင်းတွေမှာ ပြည့်စုံမှု အမရှိသေးတာကြောင့်ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ရေးအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး ကော်မရှင်အဖွဲ့ဝင် Mr ABUL KALAMရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြာထားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည် ပြန်ပို့ပေးရေးအစီအစဉ် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြုဖို့ မြန်မာနိုင်ငံခြားရေးဌာနကို မေးမြန်းခဲ့ဘေမဲ့လည်း အတည်ပြုဖို့ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး အပိုင်းတွေမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက VOAကိုပြောပါတယ်။

"ကျနော်တို့ ဘက်က တတ်နိုင်သမျှ စမယ့် COMMENCE လုပ်မယ်လို့ပြောတဲ့ရက်မှာ လက်ခံနိုင်ဖို့အတွက် ကျနော်တို့ကတော့ ဗမာဘက်အနေနဲ့ အဖက်ဖက်ကအသင့်ဖြစ်အောင်လုပ်ထားပါတယ်ဗျ "

မြန်မာနိုင်ငံဘက်က စိစစ်အတည်ပြုပီးဖြစ်တဲ့ ဟိန္ဒူ၅၀၈ဦးနဲ့ မူစလင်ဘာသာဝင်၇၅၀ ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို စရင်းပို့ထားပီး ဖြစ်တယ်လို့လည်း ဦးကျော်မိုးထွန်းကပြောပါတယ်။

"ဒီလ၁၅ရက်နေ့မှာလုပ်တဲ့ JOIN WORKING GROUP ရဲ့ ပထမအစည်းအဝေးမှာကျနော်တို့ ဒီဘက်ကနေပီးတော့ ဟိန္ဒူ ၅၀၈ယောက် စာရင်းနဲ့ကျနော်တို့ မွတ်ဆလင်ဘာသာဝင် ၇၅၀စာရင်းကို လွယ်အောင်ဆိုပီးတော့ ကျနော်တို့ စတဲ့ သတ်မှတ်တဲ့အချိန် စလို့ရအောင်ဆိုပြီးတော့ ပေးထားတာရှိပါတယ်ခင်ဗျ။သူတို့အနေနဲ့တော့ ပေးတဲ့ လူစာရင်းပေါ်မူတည်ပြီးတော့ စာရင်းကောက်တာတို့ဘာတို့ ပြန်လုပ်ဖို့တော့ သူတို့ ရှိမှာပေါ့။"

ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရဘက်က အဆင့်သင့်ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပြီးဖြစ်သလို သူတို့ကို ယာယီဒုက္ခသည်စခန်းတွေမှာ ထားမှာမဟုတ်ပဲ၊ မူရင်း ကျေးရွာတွေမှာအမြန်ဆုံးပြန်လည်အခြေချနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွ နေရပ်ပြန်ရေးကိစ္စ ပွင့်လင်းမြင်သာမှုရှိရေးအတွက် သူတို့ သဘောဆန္ဒအလျောက်သာ ဖြစ်သင့်ပြီး ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့စည်းတွေက စောင့်ကြည့်သင့်ကြောင်း နိုင်ငံတကာက တောင်းဆိုနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်သြဂတ်လ၂၅ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် ၆သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွကိသွားကြတာပါ။

ရိုဟင်ဂျာဒုက္ခသည် ပြန်လက်ခံရေးမူလအစီအစဉ် ရွေ့ဆိုင်း
please wait

No media source currently available

0:00 0:02:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG