သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာအဖြေရှာရေး အဓိက ၃ ချက် ဗြိတိန်သံအမတ်ကြီး တင်ပြ


ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် ရေရှည်အဖြေရှာရာမှာ အချက်၃ ချက်အတိုင်း လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson က တနင်္လာနေ့ ဒက်ကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ပထမအချက်အနေနဲ့ ရခိုင်အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အဆိုပြုချက်တွေအပေါ် အခြေခံပြီး အကောင်ထည် ဖေါ်ဖို့ဖြစ်ကြောင်း၊ ဒုတိယ အချက်အနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားပေးဖို့ လမ်းဖွင့်ပေးရေးနဲ့ တတိယအချက်ကတော့ ရိုဟင်ဂျာတွေ နယ်စပ် ကျော်ဖြတ်ပြီး ထွက်ပြေးဖို့ ဖြစ်လာစေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖြစ်ကြောင်း တင်ပြခဲ့တာပါ။

ရိုဟင်ဂျာပြဿနာအတွက် ရေရှည်အဖြေရှာရာမှာ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ဌာနေပြန်နိုင်ဖို့ဖြစ်ပြီး ဒီ့အတွက် နိုင်ငံရေးအခြေနေ ဖန်တီးပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရော တခြားနေရာတွေမှာပါ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

လူအများအပြား အိုးအိမ်ရွှေ့ပြောင်း နေထိုင်မှုတွေကို ကြည့်မယ်ဆိုရင် အစွန်းရောက်သမားတွေရဲ့ အန္တရာယ်နဲ့ ကြုံလာနိုင်တာကို ပါလက်စတိုင်း၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ တွေ့နေရတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ရိုဟင်ဂျာ သိန်းနဲ့ချီ ရွှေပြောင်း ခိုလှုံလာတာဟာ အန္တရာယ် သိပ်ကြီးကြောင်းလည်း ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင်

ရိုဟင်ဂျာပြဿနာဟာ နိုင်ငံတကာပြဿနာတခု ဖြစ်နေတဲ့အတွက် အားလုံးလက်တွဲပြီး အရေးတကြီး အဖြေရှာကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG