သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ အမြန်ပြန်မပို့လျင် အန္တရာယ်ရှိကြောင်း Sheik Hasina သတိပေး


ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောနိုင် သမျှ စောစော နေရပ်ကို ပြန် မပို့နိုင်ရင် လုံခြုံရေး အန္တရာယ် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ လွှတ်တော် အမတ် Jur Mohammad ရဲ့ အမေးကို ဖြေကြားရာမှာ သူက အခုလို ပြောခဲ့တာပါ။ အခြေခံ အခွင့်အရေးတွေ မရရှိတဲ့ ရွှေ့ပြောင်းခံရ သူတွေအတွက် ဒါဟာ သဘာဝကျတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက် အကြမ်းဖက်မှုနှိမ်နင်းမှု တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ နှစ်ပေါင်း များစွာ ဒုက္ခသည် အဖြစ်ရောက်ရှိနေသူ ၄ သိန်းနဲ့ ပူးပေါင်း ခဲ့ရပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သဘောတူညီချက်ကို မနှစ်ကတည်းက လက်မှတ်ရေးထိုးထားခဲ့ကြ တာပါ။ ဒါပေမဲ့ အစီအစဉ်အတိုင်း နေရပ်ကို ဆန္ဒအလျောက် ပြန်တဲ့ ဒုက္ခသည်တော့ တစ်ယောက်မှ မရှိပါဘူး။ ဒီ အတွက် မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပြန်ဖို့ သင့်တော်တဲ့ အခြေအနေကို ဖန်တီး မပေးဘူးဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို အပြစ်ပြောကြားနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နိုင်ငံတကာ အသိုက်အဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ သင့်တော်တဲ့အခြေအနေ ဖန်တီးပေးဖို့ မြန်မာနိုင်ငံအပေါ် ဆက်လက် ဖိအား ပေးသွားမှာ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ နေရပ်ပြန်ရေးကိစ္စမှာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးဆိုပြီး မြန်မာနိုင်ငံက နိုင်ငံတကာ မျက်နှာစာမှာ ဆင်ခြေပေးနေကြောင်းလည်းပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာ အစိုးရက လက်ခံခြင်း မရှိပါဘူး။

ရိုဟင်ဂျာတွေ အမြန်ပြန်မပို့လျင် အန္တရာယ်ရှိကြောင်း Sheik Hasina သတိပေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG