သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာရေး မြန်မာပူးပေါင်းမှုမရှိဟု ကုလကို ဘင်္ဂလားဒေရှ့်တိုင်တန်း

Cox’s Bazar ဒုက္ခသည်စခန်း
Cox’s Bazar ဒုက္ခသည်စခန်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံး ဝန်ကြီး Shahriar Alam က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

နယူးရောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဖခင်ကြီး Bangabandhu Sheikh Mujibur Rahman နှစ်တရာပြည့် အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီး Alam က ရိုဟင်ဂျာပြဿနာ နောက်ဆုံးအခြေနေကို တင်ပြခဲ့တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ရိုဟင်ဂျာပြဿနာအတွက် မြန်မာဘက်က တာဝန်ခံ တာဝန်ယူမှုရှိစေဖို့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး တင်သွင်းရေး အတွက် တဆင့်တိုးလုပ်ဖို့လည်း ဝန်ကြီး Alam က အတွင်းရေးမှူးချုပ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ကြန့်ကြာနေတာအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အထူးစိုးရိမ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးက ဇွန်လ ၁၁ ရက် အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မနှစ်က ဇန်နဝါရီလမှာ စတင်ဖို့ စီစဉ်ခဲ့ပြီး နောက် နိုဝင်ဘာလ ၁၅ ရက်နေ့ကို ပြောင်းခဲ့ပေမယ့် နေရပ်ပြန်ရေး ကိစ္စဟာ အခုချိန်ထိ ဖြစ်မလာသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ ၁.၂ သန်းလောက်ရှိနေပြီး အများစုဟာ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ သြဂုတ်လထဲ မြန်မာလုံခြုံရေးတွေရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်လာသူတွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ကုလသမဂ္ဂနဲ့အတူ လက်တွဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG