Zawgyi
ေရာ္နယ္ဒို ေဆာ္ဒီ Al Nassr အသင္းကို ေျပာင္းၿပီ
ေပၚတူဂီ ေဘာလံုးအေက်ာ္အေမာ္ Cristiano Ronaldo ဟာ ေငြပံုေပးမယ့္ ေဆာ္ဒီအာေရးဗ် ကလပ္အသင္း Al Nassr ကို ေသာၾကာေန႔က ေျပာင္းေရႊ႕သြားပါၿပီ။ ဒါဟာ အေရွ႕အလယ္ပိုင္း ေဘာလံုး ေလာက အတြက္ သမိုင္း၀င္ သေဘာတူညီခ်က္ ျဖစ္ေပမဲ႔ ဥေရာပရဲ႕ ေဘာလံုး အေက်ာ္အေမာ္ တဦး အေနနဲ႔ေတာ့ ထိပ္တန္း ပြဲစဥ္ေတြမွာေတာ့ ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။
Al Nassr အသင္းနဲ႔ ဇြန္လ ၂၀၂၅ ခုႏွစ္ အထိ ကစားဖို႔ စာခ်ဳပ္လက္မွတ္ထိုး အၿပီးမွာေတာ့ အေကာင္းဆံုး ေဘာလံုးသမားဆု Ballon d’Or ေရႊေဘာလံုးဆု ၅ ႀကိမ္ ရထားတဲ႔ Cristiano Ronaldo က Al Nassr အသင္း အိက်ီ ၤကိုင္ထားတဲ႔ ဓာတ္ပံုကို Al Nassr က လူမႈကြန္ရက္ မီဒီယာမွာ တင္ထားပါတယ္။
သမိုင္း၀င္ ေဆာင္ရြက္ခ်က္ အျဖစ္လည္း Al Nassr အသင္းက ႀကိဳဆိုဂုဏ္ျပဳပါတယ္။ အခု လက္မွတ္ေရးထိုးမႈဟာဆိုရင္ ကလပ္ အသင္း ပိုၿပီး ေအာင္ျမင္ေရး အတြက္ သာမကဘဲ က်ေနာ္တို႔ရဲ႕ အသင္း၊ ႏိုင္ငံ၊ အနာဂတ္ မ်ိဳးဆက္ေတြ၊ ေယာက်ာ္းေလးနဲ႔ မိန္းကေလးေတြ အေနနဲ႔ သူတို႔ကိုယ္တိုင္ အေကာင္းဆံုး ျဖစ္ေရး ႀကိဳးပမ္းလာမယ့္ ေစ႔ေဆာ္အားလည္း ျဖစ္ပါတယ္လို႔ ကလပ္အသင္းက ေရးသားထားပါတယ္။
ဒါ႔အျပင္ ေၾကးစား ေဘာလံုးသမား အျဖစ္ သူ႔ရဲ႕ ေနာက္ဆံုး စာခ်ဳပ္ ျဖစ္လာႏိုင္တဲ႔ အခု သေဘာတူညီခ်က္ဟာဆိုရင္ အသက္ ၃၇ ႏွစ္ အရြယ္ Rohaldo အတြက္ အခေၾကးေငြ အေျမာက္အမ်ား ရရွိတာလည္း ျဖစ္ပါတယ္။ ေပၚတူဂီ ေဘာလံုးသမား အေက်ာ္အေမာ္ Ronaldo အေနနဲ႔ စာခ်ဳပ္အရ တႏွစ္ကို ေဒၚလာ သန္း ၂၀၀ ေက်ာ္ ၀င္ေငြ ရႏိုင္တယ္လို႔ မီဒီယာေတြက ေဖာ္ျပၾကၿပီး ဒီပမာဏဟာဆိုရင္ ေဘာလံုး သမိုင္းမွာ ေၾကးအျမင့္ဆံုးရတဲ႔ ကစားသမားတဦး ျဖစ္သြားေစမွာပါ။
Ronaldo ကေတာ့ တျခား ႏိုင္ငံတခုက ေဘာလံုးအသင္း အသစ္ တခုက အေတြ႕အၾကံဳသစ္ေတြ အတြက္ စိတ္အားထက္သန္ေနတယ္လို႔ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
Unicode
ပေါ်တူဂီ ဘောလုံးအကျော်အမော် Cristiano Ronaldo ဟာ ငွေပုံပေးမယ့် ဆော်ဒီအာရေးဗျ ကလပ်အသင်း Al Nassr ကို သောကြာနေ့က ပြောင်းရွှေ့သွားပါပြီ။ ဒါဟာ အရှေ့အလယ်ပိုင်း ဘောလုံး လောက အတွက် သမိုင်းဝင် သဘောတူညီချက် ဖြစ်ပေမဲ့ ဥရောပရဲ့ ဘောလုံး အကျော်အမော် တဦး အနေနဲ့တော့ ထိပ်တန်း ပွဲစဉ်တွေမှာတော့ တွေ့ရတော့မှာ မဟုတ်ပါဘူး။
Al Nassr အသင်းနဲ့ ဇွန်လ ၂၀၂၅ ခုနှစ် အထိ ကစားဖို့ စာချုပ်လက်မှတ်ထိုး အပြီးမှာတော့ အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ရွှေဘောလုံးဆု ၅ ကြိမ် ရထားတဲ့ Cristiano Ronaldo က Al Nassr အသင်း အိကျီ ၤကိုင်ထားတဲ့ ဓာတ်ပုံကို Al Nassr က လူမှုကွန်ရက် မီဒီယာမှာ တင်ထားပါတယ်။
သမိုင်းဝင် ဆောင်ရွက်ချက် အဖြစ်လည်း Al Nassr အသင်းက ကြိုဆိုဂုဏ်ပြုပါတယ်။ အခု လက်မှတ်ရေးထိုးမှုဟာဆိုရင် ကလပ် အသင်း ပိုပြီး အောင်မြင်ရေး အတွက် သာမကဘဲ ကျနော်တို့ရဲ့ အသင်း၊ နိုင်ငံ၊ အနာဂတ် မျိုးဆက်တွေ၊ ယောကျာ်းလေးနဲ့ မိန်းကလေးတွေ အနေနဲ့ သူတို့ကိုယ်တိုင် အကောင်းဆုံး ဖြစ်ရေး ကြိုးပမ်းလာမယ့် စေ့ဆော်အားလည်း ဖြစ်ပါတယ်လို့ ကလပ်အသင်းက ရေးသားထားပါတယ်။
ဒါ့အပြင် ကြေးစား ဘောလုံးသမား အဖြစ် သူ့ရဲ့ နောက်ဆုံး စာချုပ် ဖြစ်လာနိုင်တဲ့ အခု သဘောတူညီချက်ဟာဆိုရင် အသက် ၃၇ နှစ် အရွယ် Rohaldo အတွက် အခကြေးငွေ အမြောက်အများ ရရှိတာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ ဘောလုံးသမား အကျော်အမော် Ronaldo အနေနဲ့ စာချုပ်အရ တနှစ်ကို ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်ငွေ ရနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြကြပြီး ဒီပမာဏဟာဆိုရင် ဘောလုံး သမိုင်းမှာ ကြေးအမြင့်ဆုံးရတဲ့ ကစားသမားတဦး ဖြစ်သွားစေမှာပါ။
Ronaldo ကတော့ တခြား နိုင်ငံတခုက ဘောလုံးအသင်း အသစ် တခုက အတွေ့အကြုံသစ်တွေ အတွက် စိတ်အားထက်သန်နေတယ်လို့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။