သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ေဘာလုံးပဲြမွာ ေပၚတူဂီနဲ႔ ေမာ္႐ိုကို ကြာတားဖိုင္နယ္တက္


(Zawgyi / Unicode)

ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမာၻ႔ဖလား ေဘာလုံးပဲြ အဂၤါေန႔ ပဲြစဥ္ေတြမွာ ေပၚတူဂီနဲ႔ ေမာ္႐ိုကို အသင္းတို႔ ကြာတာဖိုင္နယ္ တက္သြားပါတယ္။

ေပၚတူဂီအတြက္ ပထမဆုံး ဂိုးကိုေတာ့ Goncalo Ramos က ပဲြစၿပီး ၁၇ မိနစ္မွာ စသြင္းခဲ့ၿပီး ေနာက္ပိုင္းမွာလည္း ၂ ဂိုး ထပ္သြင္းခဲ့တာပါ။ ဆြစ္ဇာလန္အသင္းက ဒုတိယပိုင္းမွာ ၁ ဂိုးျပန္ရခဲ့ေပမဲ့ ေပၚတူဂီက ၆ ဂိုး၊ ၁ ဂိုးနဲ႔ အဆုံးသတ္ခဲ့တာပါ။ ပဲြစဥ္အစမွာ ေပၚတူဂီအသင္းက နာမည္ေက်ာ္ Cristiano Ronaldo ကို မထည့္ဘဲနဲ႔ ကစားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းက်မွ ထည့္ကစားခဲ့တာ ျဖစ္ပါတယ္။

အဂၤါေန႔ အေစာပိုင္း ကစားခဲ့ၾကတဲ့ စပိန္နဲ႔ ေမာ္႐ိုကိုပဲြမွာေတာ့ ဒုတိယပိုင္း ၿပီးတဲ့အထိ တဖက္နဲ႔တဖက္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္၊ အခ်ိန္ပို ၁၅ မိနစ္စီကစားခဲ့ၾကရတာပါ။ အခ်ိန္ပိုေတြမွာလည္း ဂိုးမရခဲ့ၾကတာေၾကာင့္ ေနာက္ဆုံး ပယ္နယ္တီ ဂိုးသြင္းရာမွာ ေမာ္႐ိုကိုဂိုးသမားက ၂ လုံးကို ကာကြယ္ႏိုင္ခဲ့ၿပီး စပိန္ကကန္သြင္းတဲ့ တလုံးကေတာ့ ဂိုးတိုင္ကိုထိၿပီး လဲြခဲ့ရာက ေနာက္ဆုံးမွာ ေမာ္႐ိုကိုက ၃ ဂိုး၊ စပိန္က ဂိုးမရွိနဲ႔ အဆုံးသတ္ခဲ့ပါတယ္။

အဂၤါေန႔က အႏိုင္ရခဲ့ၾကတဲ့ ေပၚတူဂီနဲ႔ ေမာ္႐ိုကို အသင္းေတြကေတာ့ လာမယ့္ စေနေန႔က်ရင္ ကြာတားဖိုင္နယ္မွာ ကစားၾကရမွာပါ။ စေနေန႔မွာပဲ ကြာတားဖိုင္နယ္မွာ ျပင္သစ္နဲ႔ အဂၤလန္အသင္းတို႔လည္း ကစားၾကမွာျဖစ္ၿပီး ဒီဇင္ဘာ ၉ ရက္ ေသာၾကာေန႔မွာေတာ့ ဘရာဇီးနဲ႔ ခ႐ိုေအးရွား၊ အာဂ်င္တီးနားနဲ႔ နယ္သာလန္ အသင္းတို႔ ကစားၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ပေါ်တူဂီနဲ့ မော်ရိုကို ကွာတားဖိုင်နယ်တက်

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ အင်္ဂါနေ့ ပွဲစဉ်တွေမှာ ပေါ်တူဂီနဲ့ မော်ရိုကို အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။

ပေါ်တူဂီအတွက် ပထမဆုံး ဂိုးကိုတော့ Goncalo Ramos က ပွဲစပြီး ၁၇ မိနစ်မှာ စသွင်းခဲ့ပြီး နောက်ပိုင်းမှာလည်း ၂ ဂိုး ထပ်သွင်းခဲ့တာပါ။ ဆွစ်ဇာလန်အသင်းက ဒုတိယပိုင်းမှာ ၁ ဂိုးပြန်ရခဲ့ပေမဲ့ ပေါ်တူဂီက ၆ ဂိုး၊ ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့တာပါ။ ပွဲစဉ်အစမှာ ပေါ်တူဂီအသင်းက နာမည်ကျော် Cristiano Ronaldo ကို မထည့်ဘဲနဲ့ ကစားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းကျမှ ထည့်ကစားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်း ကစားခဲ့ကြတဲ့ စပိန်နဲ့ မော်ရိုကိုပွဲမှာတော့ ဒုတိယပိုင်း ပြီးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့်၊ အချိန်ပို ၁၅ မိနစ်စီကစားခဲ့ကြရတာပါ။ အချိန်ပိုတွေမှာလည်း ဂိုးမရခဲ့ကြတာကြောင့် နောက်ဆုံး ပယ်နယ်တီ ဂိုးသွင်းရာမှာ မော်ရိုကိုဂိုးသမားက ၂ လုံးကို ကာကွယ်နိုင်ခဲ့ပြီး စပိန်ကကန်သွင်းတဲ့ တလုံးကတော့ ဂိုးတိုင်ကိုထိပြီး လွဲခဲ့ရာက နောက်ဆုံးမှာ မော်ရိုကိုက ၃ ဂိုး၊ စပိန်က ဂိုးမရှိနဲ့ အဆုံးသတ်ခဲ့ပါတယ်။

အင်္ဂါနေ့က အနိုင်ရခဲ့ကြတဲ့ ပေါ်တူဂီနဲ့ မော်ရိုကို အသင်းတွေကတော့ လာမယ့် စနေနေ့ကျရင် ကွာတားဖိုင်နယ်မှာ ကစားကြရမှာပါ။ စနေနေ့မှာပဲ ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတို့လည်း ကစားကြမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက် သောကြာနေ့မှာတော့ ဘရာဇီးနဲ့ ခရိုအေးရှား၊ အာဂျင်တီးနားနဲ့ နယ်သာလန် အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG