သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးသမား Ronaldo အခွန်ရှောင်မှုနဲ့ တရားစွဲခံရ


Real Madrid အသင်း ကမ္ဘာကျော် ဘော်လုံးသမား Cristiano Ronaldo
Real Madrid အသင်း ကမ္ဘာကျော် ဘော်လုံးသမား Cristiano Ronaldo

စပိန်နိုင်ငံ Real Madrid ကလပ်မှာ ကစားနေတဲ့ ကမ္ဘာ့ဘော်လုံး အကျော်အမော် Cristiano Ronaldo ကိုအခွန်ရှောင်မှုနဲ့ စပိန်အစိုးရက တရားစွဲလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း Ronaldo ရဲ့နာမည် ရုပ်ပုံ အသုံးပြုခွင့်အတွက် ရရှိတဲ့ ဝင်ငွေထဲက ဒေါ်လာ ၁၆ သန်းဖိုး အခွန်ရှောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပြီး အင်္ဂါနေ့က အမှုဖွင့်ခဲ့တာပါ။

စပိန်နိုင်ငံထဲမှာ မူပိုင်ခွင့်အတွက်ရတဲ့ဝင်ငွေတွေကို အခွန်ရှောင်နိုင်အောင် ဗြိတိန်ပိုင် အခွန်လွတ် Virgin Islands ပေါ်မှာ ၂၀၁၀ ခုနှစ်ကဖွင့်ထားတဲ့ ကုမ္ပဏီအတုဘဏ်စာရင်းကို Cristiano Ronaldo သိရက်နဲ့ အသုံးပြုခဲ့တယ်လို့ အစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ အခွန်မရှောင်ခဲ့သလို ဝင်ငွေတွေကို ဖုံးကွယ်ထားခဲ့ခြင်းလဲမရှိဘူး။ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်တာမျိုးလည်း မလုပ်ခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေတွေကတဆင့် Ronaldo ကစွပ်စွဲ ချက်တွေကို အင်္ဂါနေ့က ငြင်းဆန်ခဲ့ပါတယ်။ ပေါ်တူဂီဘောလုံးသမား Ronaldo ဟာ ၂၀၁၆ ခုနှစ်တုန်းက စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၃ သန်းရရှိခဲ့ပါတယ်။ Forbes’ မဂ္ဂဇင်းရဲ့ နှစ်စဉ် အချမ်းသာဆုံး သူများစာရင်းအရ သူဟာ ကမ္ဘာမှာဝင်ငွေ အများဆုံးရတဲ့ အားကစားသမား ဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဝင်ငွေအမြင့်ဆုံး ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG