သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ ပါဝင်လာနေပြီလို့ ရုရှားစွပ်စွဲ


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်လွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌ Mike Johnson (ယာ) နဲ့ တွေ့ဆုံနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ) (ဇူလိုင် ၁၀၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်လွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌ Mike Johnson (ယာ) နဲ့ တွေ့ဆုံနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ) (ဇူလိုင် ၁၀၊ ၂၀၂၄)

ယူကရိန်းစစ်ပွဲမှာ အနောက်အုပ်စုနေတိုးအဖွဲ့က အပြည့်အဝ ပူးပေါင်းပါဝင်လာနေတယ်လို့ ရုရှားက ပြောကြားလိုက်ပြီး နေတိုးအဖွဲ့ရဲ့ ခြိမ်းချောက်မှုအန္တရာယ်မျိုးစုံကို ထိန်းချုပ်နိုင်ရေး တုန့်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အစိုးရပိုင်သတင်းမှာ ရေးပါတယ်။​

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားကျုးကျော်စစ်ကို ပိုတွန်းလှန်နိုင်ဖို့၊ အနောက်နိုင်ငံတွေထောက်ပံ့တဲ့ လက်နက်တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ အကောင်းမြင်ထားတယ်လို့ ပြောလိုက်တာပါ။ သမ္မတ Zelenskyy အမေရိကန်လွှတ်တော်အမတ်တွေနဲ့တွေ့ဖို့ မနေ့က လွှတ်တော် ရောက်လာချိန်၊ ဒီလက်နက်အသုံးပြုမှုကန့်သတ်ထားတာအားလုံး လျှော့ပေးလာနိုင်ပါလားလို့ VOA ယူကရိန်းဌာနက မေးတာမှာ သူက “ဒီအပေါ် ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောသွားပါတယ်။ နေတိုးထိပ်သီးစည်းဝေးပွဲကာလအတွင်း အမေရိကန်ကိုရောက်နေတဲ့ သမ္မတ Zelenskyy ဟာ အမေရိကန် သမ္မတ Joe Biden နဲ့ ဒီနေ့ (ဇူလိုင် ၁၁) သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။

မနေ့တုန်းကတော့ သမ္မတ Zelenskyy အနေနဲ့ အမေရိကန်လွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌ Mike Johnson အပါအဝင် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အမတ်တွေကို တွေ့ခဲ့ပြီး နိုဝင်ဘာထိမစာင့်ဘဲ ကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ Zelenskyy အနေနဲ့ အထက်လွှတ်တော်လူများစုခေါင်းဆောင် Chuck Schumer နဲ့ လူနည်းစုခေါင်းဆောင် Mitch McConnell တို့ကို စွမ်းဆောင်မှုပထမတန်းဆုတံဆိပ်တွေ ကိုယ်တိုင်ပေးအပ်ခဲ့ပါသေးတယ်။

ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ ပါဝင်လာနေပြီလို့ ရုရှားစွပ်စွဲ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG