သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆွေး‌နွေးဖို့ ဆလိုဗီးနီးယားသမ္မတ ယူကရိန်းကိုရောက်ရှိ


စလိုဗီးနီးယား သမ္မတ Natasa Pirc Musar (ဝဲ)နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ညာ)တို့ ကိဗ်မြို့မှာတွေ့ဆုံကြ။ June 28, 2024. (Ukrainian Presidential Press Service/Handout via Reuters)
စလိုဗီးနီးယား သမ္မတ Natasa Pirc Musar (ဝဲ)နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ညာ)တို့ ကိဗ်မြို့မှာတွေ့ဆုံကြ။ June 28, 2024. (Ukrainian Presidential Press Service/Handout via Reuters)

ယူကရိန်းငြိမ်းချမ်းရေး ဒုတိယ ညီလာခံကျင်းပနိုင်ရေးနဲ့ ၂ နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ Kyiv ကိုရောက်လာတဲ့ စလိုဗီးနီးယား သမ္မတ Natasa Pirc Musar ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုဆိုခဲ့ပါတယ်။

အီးယူအဖွဲ့ကြီးနဲ့ ရေရှည် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပါအဝင် လုံခြုံရေးသဘောတူညီချက် ၃ ခုအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ အီးယူဥရောပသမဂ္ဂ ညီလာခံကနေ သမ္မတ Zelenskyy ပြန်လာပြီး နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာ စလိုဗီးနီးယား ခေါင်းဆောင် ယူကရိန်းကို လာရောက်တာ ဖြစ်ပါတယ်။

အခုလို သဘောတူညီချက်တွေ ချုပ်ဆိုနိုင်တာဟာ ယူကရိန်းအတွက်သာမက ဥရောပတိုက် တခုလုံးအတွက် လုံခြုံရေးကို တိုးမြင့် လာစေတယ်လို့လည်း သူက ပြောပါတယ်။

စလိုဗီးနီးယား သမ္မတနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့ ၂ ဦးဟာ ဒီလအစောပိုင်း ဆွစ်ဇလန်မှာကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးအစည်းဝေးလို ညီလာခံမျိုး ဒုတိယအကြိမ် ကျင်းပရေးအတွက် အစီစဉ်တွေ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဇွန်လ ၁၅ - ၁၆ ရက်နေ့တွေမှာ ကျင်းပတဲ့ ဆွစ်ဇလန်က အစည်းဝေးကို နိုင်ငံပေါင်း ၁၀၁ နိုင်ငံနဲ့ အဖွဲ့အစည်းမျိုးစုံ တက်ရောက်ခဲ့ကြတာပါ။

ဒီအစည်းဝေးမှာ ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းအတိုင်း၊ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့နယ်မြေကို လေးစားရမှာဖြစ်ကြောင်း အများက သဘောတူခဲ့တာဖြစ်ပြီး ယူကရိန်းမှာ ရုရှားကျူးကျော်တဲ့ စစ်ပွဲ အဆုံးသတ်စေဖို့ ဒီမူကိုကျင့်သုံးရမှာဖြစ်ကြောင်း Zelenskyy ကပြောပါတယ်။

စလိုဗီးနီးယား ခေါင်းဆောင်ကလည်း ဒါကို သဘောတူကြောင်းနဲ့ ယူကရိန်းအတွက် လူသားစာနာမှု အကူအညီ နောက်ထပ် ဒေါ်လာ ၅ သန်း ချပေးဖို့ သူ့အစိုးရက အတည်ပြုထားကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG