သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလေယာဉ် မတော်တဆဖြစ်မှု အနည်းဆုံး ၄၀ သေဆုံး


ရုရှားလေယာဉ် မတော်တဆဖြစ်
ရုရှားလေယာဉ် မတော်တဆဖြစ်

ရုရှားလေကြောင်းလိုင်း Aeroflot ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက မော်စကိုမြို့ Sheremetyevo လေဆိပ်မှာ အရေးပေါ် ပြန်လည် ဆင်းသက်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ(၄၀) သေဆုံးသွားကြောင်း မော်စကိုကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေး(၂)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

Sukhoi Superjet-100 အမျိုးစား အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် (၇၃)ဦးနဲ့ လေယာဉ်အမှုထမ်း(၅)ဦး စုစုပေါင်း (၇၈)ဦး လိုက်ပါခဲ့တာပါ။ လေယာဉ်ဟာ မော်စကိုစံတော်ချိန် ညနေ ၆နာရီမှာ စတင်ပျံတက်သွားပြီး မြောက်ဘက် Murmansk လေဆိပ်ကို ဦးတည် ပျံသန်းဖို့ ရည်ရွယ်ခဲ့ပါတယ်။

လေယာဉ်ပျံတက်ပြီး သိပ်မကြာခင်မှာပဲ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိလာတာကြောင့် လေယာဉ်အမှုထမ်းတွေက လေယာဉ်လမ်းကြော ထိန်းချုပ်ရေးဌာနကို သတင်းပေးပို့ခဲ့ပြီး အရေးပေါ် ဆင်းသက်ဖို့ အကြောင်းကြားခဲ့ပါတယ်။ ဆင်းသက်လာချိန်မှာ လေယာဉ်အင်ဂျင်ကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ခရီးသည်တွေကို အရေးပေါ် အပေါက်ကနေ ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဘာ့ကြောင့်အခုလို မီးလောင်ရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဒီဖြစ်ရပ်ကို ရာဇဝတ်ကြောင်းအရ အမှုဖွင့်စုံစမ်းနေကြောင်း ရုရှားစုံစမ်းရေး ကော်မတီက ပြောပါတယ်။ အခုလို မတော်တဆမှု ဖြစ်ပြီးနောက် Sheremetyevo လေဆိပ်ကို ခေတ္တယာယီ ပိတ်ခဲ့ရပြီး ဒီလေဆိပ်မှာ ဆင်းသက်မယ့် လေယာဉ်တွေကို အခြားလေဆိပ်မှာ ဆင်းသက်နိုင်ဖို့ စီစဉ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG