သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို တန်ပြန်ဖို့ တရုတ်နဲ့ရုရှားပူးပေါင်း ​​​​​​​


ရုရှားလုံခြုံရေးကောင်စီက ထုတ်လွှတ်တဲ့ ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂျီရှိုဂူ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ ဒီနေ့ ဘီဂျင်းမြို့မှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄)
ရုရှားလုံခြုံရေးကောင်စီက ထုတ်လွှတ်တဲ့ ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂျီရှိုဂူ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ ဒီနေ့ ဘီဂျင်းမြို့မှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄)

ရုရှားနဲ့တရုတ်နိုင်ငံတွေကိုထိန်းချုပ်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းမှုမှန်သမျှကို တန်ပြန်နိုင်ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အဓိကတာ၀န်ဖြစ်ကြောင်း ဘေဂျင်းကိုရောက်နေတဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu (ဆာဂျီ ရှိုဂူ) က တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့အခြားနိုင်ငံတွေအပေါ် အခွန်တွေ တင်းတင်းကြပ်ကြပ် ချမှတ်သွားမှာဖြစ်တယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ခြိမ်းခြောက်ပြောဆိုထားတဲ့အတွက် ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်လာမယ့်အရေး စိုးရိမ်မှုတွေရှိနေကြတာပါ။ တရုတ်ကို အမေရိကန်က သူ့ရဲ့ အကြီးမားဆုံးပြိုင်ဘက် အဖြစ် သတ်မှတ်ထားသလို ရုရှားကိုတော့အကြီးမားဆုံးဆိုက်ဘာအင်တာနက် အန္တရာယ်ခြိမ်းခြောက်မှု အဖြစ် အမေရိကန်က ရှုမြင်ထားပါတယ်။

အမေရိကန်ရဲ့ အင်အားအကြီးဆုံး ပြိုင်ဘက်နှစ်နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ တရုတ်သမ္မတ Xi Jinping နဲ့ ရုရှားသမ္မတPutin တို့ မေလကတွေ့ဆုံရာမှာ ခေတ်သစ် မိတ်ဖက်ဆက်ဆံရေးဖေါ်ဆောင်ဖို့ ကတိပြု ခဲ့ကြတာပါ။ ဒါအပြင် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း မငြိမ်မသက်မှုတွေကို ဖန်တီးပြီး ပြင်းထန်တဲ့ စစ်အေးတိုက်ပွဲတွေကို ဖေါ်ဆောင်ရာမှာ ဦးဆောင်နေသူအဖြစ် တရုတ်နဲ့ ရုရှား ခေါင်းဆောင်တွေက သတ်မှတ်ခဲ့ကြပါတယ်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Sergei Shoigu (ဆာဂျီ ရှိုဂူ) ကသူ့ရဲ့ တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi နဲ့တွေ့ဆုံရာမှာ ရုရှားနဲ့တရုတ်ကြား ခိုင်မာတဲ့ဆက်ဆံရေးဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် သြဇာလွှမ်းမိုးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG