သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတပူတင္ အာဏာတည္ၿမဲေစမယ့္ ရုရွားဖြဲ႔စည္းပုံအသစ္ ျပည္သူအမ်ားစုေထာက္ခံဟုဆုိ


ဇူလိုင္ ၁ ရက္ေန႔က ရုရွားသမၼတပူတင္ လာေရာက္မဲေပးေနစဥ္

(Zawgyi/Unicode)

ရုရွားႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပန္လည္ျပင္ဆင္ေရးကို မဲဆႏၵရွင္ေတြက ေထာက္ခံေၾကာင္း ျပည္လံုးကၽြတ္ဆႏၵခံယူပြဲ ကနဦးရလဒ္ေတြမွာ ေဖၚျပေနတာေၾကာင့္ လက္ရွိ သမၼတ Vladimir Putin ဟာ ေနာက္ထပ္ ျပန္ၿပီး ဝင္အေရြးခံႏိုင္မွာ ျဖစ္သလို ၂၀၃၆ ခုႏွစ္အထိလည္း အာဏာဆက္ၿမဲဖို႔ လမ္းပြင့္သြားပါၿပီ။

ဖြဲ႔စည္းပံုျပန္လည္ျပင္ဆင္ေရးအတြက္ မဲဆႏၵရွင္ ၇၃% ေလာက္က ေထာက္ခံၾကၿပီး ကန္႔ကြက္သူက ၂၆ % ေတာင္ မျပည့္ဘူးလို႔ မဲေပးတဲ့လုပ္ငန္းစဥ္ ၀.၇၈ % လုပ္ေဆာင္ၿပီးျဖစ္တဲ့ ဇူလိုင္လ ၁ ရက္ေန႔မွာ ဗဟိုေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာပါတယ္။

ေမာ္စကိုၿမိဳ႕ေတာ္က မဲရံုေတြမွာ ရုရွားစံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီအထိ မဲလာေပးသူ ၄၆ % ရွိေနသလို ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ St. Petersburg မွာေတာ့ ၆၂% လာေရာက္မဲေပးၾကတယ္လို႔ ေျပာပါ တယ္။

မဲရံုေတြမွာ စည္းမ်ဥ္းခ်ိဳးေဖါက္မႈ အမ်ားအျပားရွိေနတယ္လို႔ လြတ္လပ္တဲ့ သီးျခားေစာင့္ၾကည့္ေလ့လာသူေတြနဲ႔ သတင္းသမားေတြ အျပင္ ေရြးေကာက္ပြဲ ေကာ္မရွင္ ဝန္ထမ္းေတြကပါ ေျပာပါတယ္။

မဲေပးရမယ့္ ေနာက္ဆံုးရက္ကို ဇူလိုင္လ ၁ ရက္ေန႔ အထိသတ္မွတ္ထားတာပါ။ မဲရံုေတြကို ဇြန္လ ၂၅ ရက္ေန႔ကစဖြင့္ေပးခဲ့တာ ျဖစ္ၿပီး အခုလို မႀကံဳစဖူး တပတ္ၾကာ မဲရံုေတြ ဖြင့္ေပးရတာဟာ ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါ ျဖစ္ပြါးေနတာေၾကာင့္ မဲရံုေတြမွာ လူေတြတိုးမေနရေအာင္ လုပ္ေပးတာ ျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

အခုလို ဖြဲ႔စည္းပံု ဥပေဒျပင္ဆင္ေရးဟာ ႏိုင္ငံတည္ၿငိမ္ေရးနဲ႔ လံုၿခံဳေရး အတြက္ လိုအပ္တယ္လို႔ ရုရွုား အစိုးရက ေျပာေပမယ့္ သမၼတ Putin ကို ေဝဖန္သူေတြကေတာ့ ဒါဟာ အသက္ ၆၇ ႏွစ္ ရွိၿပီျဖစ္တဲ့ သူ႔ကို တသက္တာ အာဏာၿမဲေစဖို႔ လုပ္ေဆာင္တာ ျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

သမ္မတပူတင် အာဏာတည်မြဲစေမယ့် ရုရှားဖွဲ့စည်းပုံအသစ် ပြည်သူအများစုထောက်ခံဟုဆို

(Unicode)

ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို မဲဆန္ဒရှင်တွေက ထောက်ခံကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကနဦးရလဒ်တွေမှာ ဖေါ်ပြနေတာကြောင့် လက်ရှိ သမ္မတ Vladimir Putin ဟာ နောက်ထပ် ပြန်ပြီး ဝင်အရွေးခံနိုင်မှာ ဖြစ်သလို ၂၀၃၆ ခုနှစ်အထိလည်း အာဏာဆက်မြဲဖို့ လမ်းပွင့်သွားပါပြီ။

ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးအတွက် မဲဆန္ဒရှင် ၇၃% လောက်က ထောက်ခံကြပြီး ကန့်ကွက်သူက ၂၆ % တောင် မပြည့်ဘူးလို့ မဲပေးတဲ့လုပ်ငန်းစဉ် ဝ.၇၈ % လုပ်ဆောင်ပြီးဖြစ်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

မော်စကိုမြို့တော်က မဲရုံတွေမှာ ရုရှားစံတော်ချိန် နေ့လည် ၂ နာရီအထိ မဲလာပေးသူ ၄၆ % ရှိနေသလို ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg မှာတော့ ၆၂% လာရောက်မဲပေးကြတယ်လို့ ပြောပါ တယ်။

မဲရုံတွေမှာ စည်းမျဉ်းချိုးဖေါက်မှု အများအပြားရှိနေတယ်လို့ လွတ်လပ်တဲ့ သီးခြားစောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းသမားတွေ အပြင် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေကပါ ပြောပါတယ်။

မဲပေးရမယ့် နောက်ဆုံးရက်ကို ဇူလိုင်လ ၁ ရက်နေ့ အထိသတ်မှတ်ထားတာပါ။ မဲရုံတွေကို ဇွန်လ ၂၅ ရက်နေ့ကစဖွင့်ပေးခဲ့တာ ဖြစ်ပြီး အခုလို မကြုံစဖူး တပတ်ကြာ မဲရုံတွေ ဖွင့်ပေးရတာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးနေတာကြောင့် မဲရုံတွေမှာ လူတွေတိုးမနေရအောင် လုပ်ပေးတာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေး အတွက် လိုအပ်တယ်လို့ ရုရှုား အစိုးရက ပြောပေမယ့် သမ္မတ Putin ကို ဝေဖန်သူတွေကတော့ ဒါဟာ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ သူ့ကို တသက်တာ အာဏာမြဲစေဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG