သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြည်ပရောက် နိုင်ငံသားတွေကို အခွန်တိုးကောက်ဖို့ ရုရှားလွှတ်တော်ပြင်ဆင် 


Russia Duma
Russia Duma

ရုရှားနိုင်ငံကနေ ပြည်ပကို ထွက်ခွါသွားကြတဲ့ ပြည်သူတွေအပေါ်  အခွန်တိုးကောက်မဲ့ ဥပဒေပြဌာန်းချက် တရပ်ရေးဆွဲနေတယ်လို့ ရုရှား Duma အောက်လွှတ်တော်ဥက္ကဌ Vyacheslav Volodin ကပြောပါတယ်။

ပြည်ပရောက် နိုင်ငံသားတွေကို အခွန်တိုးကောက်ဖို့ ရုရှားလွှတ်တော်ပြင်ဆင်

{{Zawgyi/Unicode}}
ရုရှားနိုင်ငံကနေ ပြည်ပကို ထွက်ခွါသွားကြတဲ့ ပြည်သူတွေအပေါ် အခွန်တိုးကောက်မဲ့ ဥပဒေပြဌာန်းချက် တရပ်ရေးဆွဲနေတယ်လို့ ရုရှား Duma အောက်လွှတ်တော်ဥက္ကဌ Vyacheslav Volodin ကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံကို ရုရှားတို့ စတင်ကျူးကျော်တိုက်ခိုက်တဲ့ အချိန်ကစပြီး ရုရှားနိုင်ငံသားအတော်များများ ပြည်ပကိုပြောင်းရွှေ့သွားကြတာပါ။

ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေလုပ်နေပြီလို့လည်း တယ်လီဂရမ် လူမှုစာမျက်နှာမှာ ရေးသားပါတယ်။ ယူကရိန်း စစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း ရုရှားနိုင်ငံသား ဘယ်လောက်ထိ ပြည်ပကို ထွက်ခွါသွားကြသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ရုရှားစစ်တပ်အတွက် တပ်သားသစ် ၃ သိန်းစုဆောင်းမယ်လို့ စက်တင်ဘာလမှာ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း အောက်တိုဘာလဆန်းထိ ပြည်ပကိုထွက်ခွါသွားတဲ့ ပြည်သူ ၇ သိန်းလောက်ထိရှိတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီအရေအတွက် မမှန်ဘူးလို ရုရှားအစိုးရကက အဲဒီတုန်းက ငြင်းဆိုခဲ့ပါတယ်။

ရုရှား ပြည်တွင်း အလုပ်ရှင်တွေကတော့ အလုပ်သမားတွေရဲ့ဝင်ငွေ ၁၃% ကို အစိုးရဝင်ငွေခွန်အဖြစ် ဖြတ်ယူထားတာပါ။ ရုရှားအစိုးရ အခွန်ဌာန စည်းမျဉ်းတွေအရ ပြည်ပမှာလုပ်ကိုင်နေကြတဲ့ သူတွေကတော့ ရုရှားအစိုးရကို သီးသန့်အခွန်ပေးဆောင်ကြရပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}




XS
SM
MD
LG