သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ေၾကာင့္ ဥေရာပရဲ႕ စြမ္းအင္မွီခိုမႈ ေလွ်ာ့ခ်ေရး ေမွ်ာ္လင့္ခ်က္တိုး


ဘယ္လာ႐ုစ္ႏုိင္ငံ Nesvizh ၿမိဳ႕အနီးရွိ ဥေရာပကို ဓာတ္ေငြ႔ျဖန္႔ျဖဴးေပးေနတဲ့ လုပ္ငန္းခြင္တခု။ (ဒီဇင္ဘာ ၂၉၊ ၂၀၀၆)

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွားတို႔ မက်ဴးေက်ာ္ခင္ ကာလတုန္းက ဥေရာပတုိက္ရဲ ႔ ဖိအားမ်ားလွတဲ့ စြမ္းအင္မူဝါဒ ရည္မွန္းခ်က္ဟာ ကမၻာ့ပူေႏြးမႈျဖစ္ေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ျဖစ္ပါတယ္။

ခုေတာ့ ႐ုရွားရဲ႕ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ေတြကို အႀကီးအက်ယ္ မွီခိုေနရတာေတြ အျမန္ဆုံး ေလွ်ာ့ခ်ႏုိင္ေအာင္ ဥေရာပ တာဝန္ရွိသူေတြ အာ႐ုံစိုက္ လုပ္ကိုင္ေနပါၿပီ။

ဒါဟာ လုံၿခဳံေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈ တုိက္ဖ်က္ေရး ရည္မွန္းခ်က္ေတြ ေရတိုအားၿပိဳင္္မႈွ ရွိလာမယ့္ သေဘာလည္း ျဖစ္ပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္မႈေၾကာင့္ ဒဏ္ခတ္ပိတ္ဆို႔တဲ့အေနနဲ႔ ႐ုရွားဆီက စြမ္းအင္ေတြကို မဝယ္ေတာ့ဘဲ အျမန္ဆုံး ျဖတ္ေတာက္ပစ္ဖို႔ဆိုရင္ တျခားေဒသက စမ္းအင္ေတြ ရဖို႔လိုပါတယ္။

ဒီေနရာမွာ ေလာင္စာဆီေတြ ပိုထုတ္ယူဖို႔၊ ေရနံပိုက္လုိင္းေတြ၊ ေရနံတင္ပို႔တဲ့ ေနရာေတြ ပိုေဆာက္လုပ္ဖို႔ လိုအပ္လာသလို ေက်ာက္မီးေသြးေတြကိုလည္း ပိုၿပီး အသုံးျပဳရဦးမွာ ျဖစ္ပါတယ္။

ေရရွည္မွာ တြင္းထြက္ေလာင္စာေတြကို မသုံးဘဲ ျပန္ျပည့္ၿမဲစြမ္းအင္ဘက္ ေျပာင္းလဲဖို႔ဆိုတဲ့ ဥေရာပရဲ႕ ေရရွည္ရည္မွန္းခ်က္ဟာ လတ္တေလာ ေလာင္စာဆီေစ်းေတြ ျမင့္တက္ေနတာေၾကာင့္ ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေပၚဖုိ႔ အေထာက္အကူ ျဖစ္လာႏုိင္ပါတယ္။

ျပန္ျပည့္ၿမဲစြမ္းအင္ဟာ ဥတုရာသီေျပာင္းလဲမႈ တုိက္ဖ်က္ေရးအတြက္သာမက ႏုိင္ငံေတာ္ လုံၿခဳံေရးအတြက္မွာ အက်ိဳးျပဳတယ္ဆိုတာ စစ္ပြဲေတြက သတိေပးလိုက္ပါၿပီလို႔လည္း ကၽြမ္းက်င္ပညာရွင္ေတြက ေထာက္ျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ယူကရိန်းစစ်ကြောင့် ဥရောပရဲ့ စွမ်းအင်မှီခိုမှု လျှော့ချရေး မျှော်လင့်ချက်တိုး

ယူကရိန်းကို ရုရှားတို့ မကျူးကျော်ခင် ကာလတုန်းက ဥရောပတိုက်ရဲ့ ဖိအားများလှတဲ့ စွမ်းအင်မူဝါဒ ရည်မှန်းချက်ဟာ ကမ္ဘာ့ပူနွေးမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဖြစ်ပါတယ်။

ခုတော့ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အကြီးအကျယ် မှီခိုနေရတာတွေ အမြန်ဆုံး လျှော့ချနိုင်အောင် ဥရောပ တာဝန်ရှိသူတွေ အာရုံစိုက် လုပ်ကိုင်နေပါပြီ။

ဒါဟာ လုံခြုံရေးနဲ့ ဥတုရာသီ ပြောင်းလဲမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေ ရေတိုအားပြိုင်မှုှ ရှိလာမယ့် သဘောလည်း ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့တဲ့အနေနဲ့ ရုရှားဆီက စွမ်းအင်တွေကို မဝယ်တော့ဘဲ အမြန်ဆုံး ဖြတ်တောက်ပစ်ဖို့ဆိုရင် တခြားဒေသက စမ်းအင်တွေ ရဖို့လိုပါတယ်။

ဒီနေရာမှာ လောင်စာဆီတွေ ပိုထုတ်ယူဖို့၊ ရေနံပိုက်လိုင်းတွေ၊ ရေနံတင်ပို့တဲ့ နေရာတွေ ပိုဆောက်လုပ်ဖို့ လိုအပ်လာသလို ကျောက်မီးသွေးတွေကိုလည်း ပိုပြီး အသုံးပြုရဦးမှာ ဖြစ်ပါတယ်။

ရေရှည်မှာ တွင်းထွက်လောင်စာတွေကို မသုံးဘဲ ပြန်ပြည့်မြဲစွမ်းအင်ဘက် ပြောင်းလဲဖို့ဆိုတဲ့ ဥရောပရဲ့ ရေရှည်ရည်မှန်းချက်ဟာ လတ်တလော လောင်စာဆီဈေးတွေ မြင့်တက်နေတာကြောင့် မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်ဖို့ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။

ပြန်ပြည့်မြဲစွမ်းအင်ဟာ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအတွက်သာမက နိုင်ငံတော် လုံခြုံရေးအတွက်မှာ အကျိုးပြုတယ်ဆိုတာ စစ်ပွဲတွေက သတိပေးလိုက်ပါပြီလို့လည်း ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

XS
SM
MD
LG