သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လွှတ်တော်က ရုရှားအစိုးရအတွင်းလူတွေနဲ့ ရုရှားဘီလျံနာသူဌေးကြီးတွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ တင်ပြထားတဲ့ ရုရှားနိုင်ငံသားတွေ အပေါ် အရေးယူဒဏ်ခတ်မှု ချက်ချင်း မချဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး သမ္မတ Trump အစိုးရအဖွဲ့က ခုခံပြောဆိုနေပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာခဲ့ပြီးတဲ့ နောက် ကွန်ဂရက်လွှတ်တော်က သြဂုတ်လထဲမှာ ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ ရုရှား နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အမည် စာရင်းတွေကို လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

“oligarchs” လို့ခေါ်တဲ့ ရုရှားသမ္မတ Putin လက်ထက်ကြွယ်ဝလာသူ ၉၆ ယောက်နဲ့ ရုရှားနိုင်ငံရေးသမား ၁၁၄ ယောက်တို့ရဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေး ဆိုင်ရာ အသေးစိတ်အချက်လက်တွေကို အစီရင်ခံစာထဲမှာ ဖေါ်ပြထားတာပါ။ ဒါပေမယ့်လည်း ဒီစာရင်းထဲပါတဲ့သူတွေကိုရော ရုရှားအစိုးရကိုပါ အရေးယူဒဏ်ခတ်မှု တစုံတရာချမှတ်ထားတာ မရှိတဲ့အတွက် သမ္မတ Trump ရဲ့ ရုရှားနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုတွေ သိပ်အားပျော့နေသလား ဆိုပြီး မေးခွန်းတွေ ထုတ်လာကြတာ ဖြစ်ပါတယ်။

အထက်လွှတ်တော် ဘဏ်ကော်မတီရှေ့မှောက် ကြားနာပွဲမှာ ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် Bob Menendez က ဒီကိစ္စကို မေးမြန်းရာမှာ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ထားတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကတော့ ရုရှားအစိုးရကို ဖြစ်စေ စာရင်းထဲမှာ ပါတဲ့ ပုဂ္ဂိုလ် တဦးတယောက်ကို ဖြစ်စေ အရေးယူ ဒဏ်ခတ်မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့အစီအစဉ် မရှိဘူးလို့ ပြောဆိုခဲ့ပြီး အခုချမှတ်တဲ့ ဥပဒေအရ ရုရှား ကုမ္ပဏီတွေဟာ အတော် အထိနာနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့မှာပဲ ဒီဥပဒေကို ကွန်ဂရက်ကို အသိပေးခဲ့သလို ဒီဥပဒေ အကောင်ထည် ဖေါ်တာဟာ ရုရှားကာကွယ်ရေးဆိုင်ရာ ရောင်းဝယ်မှုတွေကို အဟန့်အတား ဖြစ်စေမယ်လို့လည်း ပြောပါတယ်။

ရုရှားသမ္မတ Putin ကတော့ ဒီအစီရင်ခံစာဟာ ရန်စတဲ့ အဆင့်ဖြစ်ကြောင်းပြောကြားခဲ့ပေမယ့် ဒါကို ရုရှားအစိုးရက ချက်ချင်းတုန့်ပြန်ဖို့ လုပ်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ရုရှားအပေါ် ချက်ချင်းအရေးမယူမှု Trump အစိုးရ ရှင်းလင်း
please wait

No media source currently available

0:00 0:01:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG