သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်မှု နှစ်ဘက်စစ်သည် ၂၀၀ ကျော်လွတ်


ယူကရိန်းနဲ့ရုရှား အကျဉ်းသားလဲလှယ်ရေးအစီအရ ယူကရိန်းအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် Ukrainian prisoners of war (POWs) ကနေ တင်ထားတဲ့ လွတ်မြောက်လာတဲ့ ယူကရိန်းအကျဉ်းသားများ။ (ဧပြီ ၁၀၊ ၂၀၂၃)
ယူကရိန်းနဲ့ရုရှား အကျဉ်းသားလဲလှယ်ရေးအစီအရ ယူကရိန်းအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် Ukrainian prisoners of war (POWs) ကနေ တင်ထားတဲ့ လွတ်မြောက်လာတဲ့ ယူကရိန်းအကျဉ်းသားများ။ (ဧပြီ ၁၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားလဲလှယ်တဲ့ နောက်ဆုံးဖြစ်ထွန်းမှုအနေနဲ့ စစ်သား ၂၀၀ ကျော် အပြန်အလှန်လဲလှယ်ခဲ့တယ်လို့ တာဝန်ရှိသူတွေပြောကြပါတယ်။ ရုရှားစစ်သား ၁၀၆ ဦး ယူကရိန်းအကျဉ်းထောင်ကနေ လွတ်မြောက်လာတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သလို ယူကရိန်းအကျဉ်းသား ၁၀၀ ကို ရုရှားကလွှတ်ပေးခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အရာရှိချုပ်က ပြောပါတယ်။

အကျဉ်းသားတွေကို ဘယ်လို အလဲအလှယ်လုပ်ခဲ့ကြသလဲဆိုတာကိုတော့ နှစ်ဘက်စလုံးက ပြောဆိုတာမရှိပါဘူး။ ပြန်လွတ်လာတဲ့ ယူကရိန်းစစ်သားတချို့ဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပြီး နေထိုင်မကောင်းဖြစ်နေကြတယ်လို့ ယူကရိန်းသမ္မတရုံးအရာရှိချုပ် Andriy Yerma က ပြောပါတယ်။ ၁၄ လကြာ စစ်ပွဲကာလအတွင်း အခုလို အကျဉ်းသားလဲလှယ်မှုတွေဟာ လွယ်လွယ်ကူကူတော့မဟုတ်ဘူးလို့ ယူကရိန်းတာဝန်ရှိသူက ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုဟာ ရုရှားနဲ့ယူကရိန်းကြားက ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ အမျိုးသား ၈၀ နဲ့ အမျိုးသမီးစစ်သည် ၂၀ တို့အထဲက တဝက်နီးပါးဟာ အပြင်းအထန်ဒဏ်ရာရထားပြီး ညှင်းပမ်းနှိပ်စက်ခံထားရတယ်လို့ အကျဉ်းသားပြန်လည်ပြုစုပျိုးထောင်ရေး ယူကရိန်းဌာနက စွပ်စွဲပါတယ်။ ဒါပေမယ့် ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ ခိုင်မာတဲ့အထောက်အထားပြတာမျိုးတော့ မလုပ်ပါဘူး။

ပြန်လွတ်လာတဲ့ရုရှားတွေကို ဆေးကုသမှုခံယူပြီး ပြန်လည်ပြုစုပျိုးထောင်ဖို့ မြို့တော်မော်စကို-ကို စစ်လေယာဉ်နဲ့ ပို့လိုက်ပြီလို့ ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။

တချိန်တည်းမှာတော့ ဘဲလားရုစ်နိုင်ငံကို လုံခြုံရေးအာမခံချက်ပေးဖို့လိုတယ်လို့ ဘဲလားရုစ်သမ္မတ Alenxander Lukashenko က ရုရှားကို တောင်းဆိုနေပါတယ်။ ဘဲလားရုစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခံရမယ်ဆိုရင် ရုရှားအနေနဲ့ ဘဲလားရုစ်ကို ကိုယ့်နယ်မြေအဖြစ် သဘောထားပြီး အကာအကွယ်ပေးဖို့ ရုရှားသမ္မတပူတင်နဲ့ ပြီးခဲ့တဲ့အပတ်က စကားပြောဆိုခဲ့ကြတယ်လို့လည်း ဘဲလားရုစ်သမ္မတက ပြောပါတယ်။ ဘဲလားရုစ်နိုင်ငံတွင်း ဗျူဟာမြောက်နျူကလီယားလက်နက်အချို့ ချထားမယ်လို့ ရုရှားသမ္မတက ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပြီးတဲ့နောက် ရုရှားသမ္မတပူတင်ဟာ အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။

===========

{{Unicode}}







XS
SM
MD
LG