သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးစားတပ်အပေါ် ပုန်ကန်မှုနဲ့ အရေးယူမယ့်အစီအစဉ် ရုရှားအစိုးရရုပ်သိမ်း


Wagner ကြေးစားတပ်ဖွဲ့
Wagner ကြေးစားတပ်ဖွဲ့

Wagner ရုရှားကြေးစားတပ်ဖွဲ့နဲ့ ခေါင်းဆောင်ဖြစ်သူ Yevgeny Prigozhin တို့ကို ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးနေတာကို ရပ်လိုက်ပြီလို့ ရုရှားဖက်ဒရယ်လုံခြုံရေးဌာန FSB က ဒီနေ့ပဲကြေညာလိုက်ပါတယ်။

ရာဇဝတ်မှု ကျုးလွန်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တွေကို သက်ဆိုင်သူတွေက ရပ်လိုက်တာကြောင့်လို့လည်း ရုရှားသတင်းဌာနတွေက FSB ရဲ့ ကြေညာချက်ကို ကိုးကားဖော်ပြကြပါတယ်။ ပုန်ကန်မှု အဆုံးသတ်ဖို့ စနေနေ့နှောင်းပိုင်းက သဘောတူညီချက်မှာ ကြေးစားတပ်ဖွဲ့ဝင်တွေကို အရေးယူတာတွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။

Wagner ကြေးစားတပ်ဟာ ရုရှားစစ်တပ်ကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ပြန်လည်လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ပဲ ပြောပါတယ်။

ကြေးစားတပ်ခေါင်းဆောင် Prigozhin ဘယ်မှာရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် လေယာဉ်ခရီးစဉ်တွေကို ခြေရာခံတဲ့ ဝဘ်ဆိုဒ်တွေက အချက်အလက်တွေအရ သူလိုက်ပါသွားတယ်လို့ ယူဆထားတဲ့ လေယာဉ်ဟာ ဒီကနေ့ပဲ Belarus မှာ ဆင်းသက်ခဲ့တာ တွေ့ရပါတယ်။

Belarus သမ္မတ Alexander Lukashenko ရဲ့ ကြားဝင်စေ့စပ်မှုအရ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ဟာ ပုန်ကန်မှုအဆုံးသတ်ပြီး Belarus နိုင်ငံကို ထွက်ခွာဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG