သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမိုဘိုင်းကုမ္ပဏီတခုကို ရုရှားဟတ်ကာအဖွဲ့ ဆိုက်ဘာတိုက်ခိုက်


ယူကရိန်းက အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးနေတဲ့ ကိဗ်စတား (Kyivstar) အမှတ်တံဆိပ်
ယူကရိန်းက အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးနေတဲ့ ကိဗ်စတား (Kyivstar) အမှတ်တံဆိပ်

ယူကရိန်းက အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးနေတဲ့ ကိဗ်စတား (Kyivstar) ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားက အွန်လိုင်း ဆိုက်ဘာဖောက်ထွင်းတဲ့ ဟက်ကာအဖွဲ့တဖွဲ့ကတာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ဟက်ကာအဖွဲ့ဖြစ်တဲ့ Solntsepyok အဖွဲ့ကို ရုရှား စစ်ဘက်ထောက်လှမ်းရေးနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ယူကရိန်းက ယူဆထားတာပါ။ အဖွဲ့ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Telegram မှာဖော်ပြတဲ့ထုတ်ပြန်ချက်ထဲမှာ “ကိဗ်စတား ကုမ္ပဏီက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို ဆက်သွယ်ရေးစနစ် ဝန်ဆောင်ပေးနေလို့ တိုက်ခိုက်တာ ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။ "ယူကရိန်းစစ်တပ်ကို ကူညီပေးနေတဲ့ တခြား ရုံး၊ အဖွဲ့အစည်းတွေလည်း အဆင်သင့် ပြင်ဆင်ထား" ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

အင်္ဂါနေ့တုန်းကဖြစ်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်းက မိုဘိုင်းဖုန်းသုံးစွဲသူ ၂၄ သန်းဟာ ဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု သတိပေးချက်တွေမရဘဲ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကွန်ပျူတာ အလုံး ၁၀,၀၀၀ နဲ့ ဆာဗာ အလုံးရေ ၄,၀၀၀ ဖျက်ဆီးခဲ့ကြောင်း Solntsepyok က ပြောပေမယ့် ကိဗ်စတားဘက်ကတော့ ဒါကို ငြင်းဆိုပါတယ်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ကတော့ ကိဗ်စတား ကွန်ရက်ကို ပြန်လည် ပြုပြင်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အခုလို ဆိုက်ဘာတိုက်ခိုက်ကြောင်း ထုတ်ဖော်ထားတဲ့ Solntsepyok အဖွဲ့ရဲ့နောက်ကွယ်မှာ ရုရှားစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ “သဲပိုးကောင်” “Sandworm” လို့ အမည်ပေးထားတဲ့ ရုရှားဟက်ကာအဖွဲ့ရှိကြောင်း ယူကရိန်းဘက်က ယူဆထားပေမယ့် ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ရုရှားအစိုးရဘက်က ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG