ဒီကေန႔က်ေရာက္တဲ့ ရွမ္းျပည္အမ်ိဳးသားေန႔ကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဌာနခ်ဳပ္မွာ က်င္းပခဲ့ၿပီး အခမ္းအနားကို စစ္ေကာင္စီဘက္က ဒုဗိုလ္ခ်ဳပ္ႀကီးအပါအဝင္ ဒုတိုင္းမွဴး ၂ဦး ဦးေဆာင္တက္ေရာက္ခဲ့သလို NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ EAO ၆ဖြဲ႕က ေခါင္းေဆာင္ေတြ တက္ေရာက္ပါတယ္။ အခမ္းအနားအၿပီးမွာေတာ့ စစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕နဲ႔ EAO ေခါင္းေဆာင္ေတြ အလြတ္သေဘာေဆြးေႏြးခဲ့ၾကပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က တင္ျပထားပါတယ္။
၇၆ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခမ္းအနားကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္မွာ ဒီကေန႔မနက္ ၇နာရီေလာက္ကေန ၉နာရီခြဲေလာက္အထိ က်င္းပခဲ့တာျဖစ္ပါတယ္။
ဒီအခမ္းအနားကို စစ္ေကာင္စီဘက္က အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ အဖြဲ႕ဝင္ ဒုဗိုလ္ခ်ဳပ္ႀကီးေအးဝင္းဦးေဆာင္တက္ေရာက္သလို NCA လက္မွတ္ေရး ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ EAO ၆ဖြဲ႕က ေခါင္းေဆာင္ေတြ ပါဝင္တက္ေရာက္ခဲ့ေၾကာင္း RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခမ္းစံက ေျပာပါတယ္။
“ စစ္တပ္ဘက္က်ေတာ့ ဒုဗိုလ္ခ်ဳပ္ႀကီးေအးဝင္း ဦးေဆာင္ၿပီးေတာ့ လာတယ္ခင္ဗ်။ ေနာက္ ႀတိဂံဒုတိုင္းမႈးရယ္၊ ခိုလမ္ (အေရွ႕)အလယ္ပိုင္းတိုင္း ဒုတိုင္းမႈးရယ္၊ ALP ထဲက ေစာျမရာဇာလင္းတက္ေရာက္တယ္ခင္ဗ်။ ABSDF က ရဲေဘာ္မ်ိဳးဝင္း၊ ေနာက္ PNLO က နာယက ခြန္ဥကၠာခင္ဗ်။ မြန္ျပည္သစ္ပါတီက စစ္ဦးစီးခ်ဳပ္ တက္ေရာက္တယ္ခင္ဗ်။”
အျခားတက္ေရာက္တဲ့ အဖြဲ႕အစည္းေတြကေတာ့ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU နဲ႔ ကရင္ ၿငိမ္းခ်မ္းေရးေကာင္စီ KNU/KNLA- PC တို႔ ျဖစ္ပါတယ္။ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ကေတာ့ သဝဏ္လႊာေပးပို႔ၿပီး တက္ေရာက္ႏိုင္တာမရွိသလို ကရင္အမ်ိဳးသးအစည္းအ႐ုံး KNU နဲ႔ ခ်င္းအမ်ိဳးသားတပ္ဥိး CNF တို႔လည္း တက္ေရာက္တာမရွိပါဘူး။
အခမ္းအနားအၿပီးမွာေတာ့ စစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕နဲ႔ EAO ေခါင္းေဆာင္ေတြ အလြတ္သေဘာ ေတြ႕ဆုံခဲ့ၾကေၾကာင္း PNLO က နာယက ဗိုလ္မွဴးႀကီး ခြန္ဥကၠာက ေျပာပါတယ္။
“ ေတြ႕ပါတယ္။ အလြတ္သေဘာ ၁နာရီေလာက္။ သူတို႔ ေရာက္လာတဲ့အတြက္ ေက်းဇူးတင္တဲ့အေၾကာင္းနဲ႔ ေဆြးေႏြးပြဲေတြ ဆက္သြားႏိုင္ဖို႔အတြက္ ႏွစ္ဦးႏွစ္ဖက္ အခင္းအက်င္းေတြ ျပင္ဆင္ဖို႔ လိုအပ္တဲ့ အေၾကာင္း ေပ့ါဗ်ာ။ အထူးသျဖင့္ေတာ့ Peace Process က Jonit Ownership ျဖစ္တဲ့အေၾကာင္းေတြ ညႇိႏႈိင္းၿပီးေတာ့ နည္းနည္းေလးေတာ့ Entry Point ေတာ့ ရတာေပါ့ဗ်ာ။ အခု တစ္ပြဲက်န္တာက မြန္က်န္တာ။ မြန္က ၁၃- ၁၄-၁၅ဆို သြားေရာက္ေတြ႕ဆုံမယ္ ၿပီးရင္ က်ေနာ္တို႔ ၇ဖြဲ႕ တစ္ေပါင္းတစ္စည္းတည္း ေတြ႕ဆုံဖို႔ ကိစၥ ဆက္ၿပီးေတာ့ ေဆြးေႏြးသြားမွာေပါ့။ အဆက္မျပတ္ေတာ့ ဆက္သြားဖို႔ တိုက္တြန္းထားတယ္။”
မနက္ျဖန္မွာေတာ့ အခမ္းအနားတက္ေရာက္လာတဲ့ EAO ေခါင္းေဆာင္ေတြ အလြတ္သေဘာေဆြးေႏြးၾကဖြယ္ ရွိေၾကာင္း ေျပာပါတယ္။
NCA လက္မွတ္ထိုး ၁၀ဖြဲ႕မွာ ၇ဖြဲ႕က စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနၿပီး ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ၊ KNU နဲ႔ CNF တို႔က စစ္ေကာင္စီနဲ႔ ေဆြးေႏြးပြဲကို လက္မခံခဲ့ပါဘူး။ ဒီေန႔ လြယ္တိုင္းလ်ဲန္မွာ က်င္းပတဲ့အခမ္းအနားကို ထိုင္း၊ ျမန္မာႏိုင္ငံအတြင္းပိုင္းက အဖြဲ႕အစည္း ကိုယ္စားလွယ္ေတြ၊ အနီးအနားဝန္းက်င္ေက်း႐ြာက ျပည္သူေတြ အားလုံး ၂ေထာင္ေလာက္ တက္ေရာက္ခဲ့ပါတယ္။
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ရွမ္းျပည္အမ်ိဳးသားေန႔ အႏွစ္သာရနဲ႔ ပင္လုံစိတ္ဓါတ္၊ ပင္လုံကတိကဝတ္ ၊ ပင္လုံစာခ်ဳပ္ပါ သေဘာတူညီခ်က္အတိုင္း စုေပါင္းအေကာင္အထည္ေဖာ္ၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ႏိုင္မွသာ တိုင္းျပည္အက်ပ္အတည္းေတြ ေျဖရွင္းႏိုင္မယ္လို႔ ဒီကေန႔ သေဘာထား ထုတ္ျပန္ထားပါတယ္။
၇၆ႏွစ္ေျမာက္ ရွမ္းျပည္အမ်ိဳးသားေန႔ ကို ရွမ္းျပည္ တိုးတက္ေရးပါတီ SSPP ဌာနခ်ဳပ္ ဝမ္ဟိုင္းမွာလည္း ဒီကေန႔ မနက္က က်င္းပခဲ့ပါတယ္။
၁၉၄၇ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ရက္ေန႔မွာ ရွမ္းေစာ္ဘြားေတြနဲ႔ ျပည္သူ႔ကိုယ္စားလွယ္ေတြ စုေပါင္းၿပီး ရွမ္းျပည္ေကာင္စီဖြဲ႕စည္းခဲ့သလို ရွမ္းျပည္အမ်ိဳးသားသီခ်င္းနဲ႔ ရွမ္းျပည္အလံကို အတည္ျပဳခဲ့တာေၾကာင့္ အဲဒီေန႔ကို ရွမ္းျပည္အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္က်င္းပခဲ့တာျဖစ္ပါတယ္။ ရွမ္းျပည္အမ်ိဳးသားေန႔ဟာ ျပည္ေထာင္စုေန႔ျဖစ္ေပၚေရးအတြက္ အေရးပါတဲ့ေန႔တစ္ေန႔အျဖစ္လည္း သတ္မွတ္ၾကပါတယ္။
[Unicode]
RCSS ရဲ့ ရှမ်းပြည်အမျိုးသားနေ့အခမ်းအနား EAO ခေါင်းဆောင်တချို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တက်
ဒီကနေ့ကျရောက်တဲ့ ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ်မှာ ကျင်းပခဲ့ပြီး အခမ်းအနားကို စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီးအပါအဝင် ဒုတိုင်းမှူး ၂ဦး ဦးဆောင်တက်ရောက်ခဲ့သလို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၆ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ အခမ်းအနားအပြီးမှာတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ EAO ခေါင်းဆောင်တွေ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
၇၆နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာ ဒီကနေ့မနက် ၇နာရီလောက်ကနေ ၉နာရီခွဲလောက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တက်ရောက်သလို NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၆ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။
“ စစ်တပ်ဘက်ကျတော့ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်ပြီးတော့ လာတယ်ခင်ဗျ။ နောက် တြိဂံဒုတိုင်းမှုးရယ်၊ ခိုလမ် (အရှေ့)အလယ်ပိုင်းတိုင်း ဒုတိုင်းမှုးရယ်၊ ALP ထဲက စောမြရာဇာလင်းတက်ရောက်တယ်ခင်ဗျ။ ABSDF က ရဲဘော်မျိုးဝင်း၊ နောက် PNLO က နာယက ခွန်ဥက္ကာခင်ဗျ။ မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ် တက်ရောက်တယ်ခင်ဗျ။”
အခြားတက်ရောက်တဲ့ အဖွဲ့အစည်းတွေကတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA- PC တို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကတော့ သဝဏ်လွှာပေးပို့ပြီး တက်ရောက်နိုင်တာမရှိသလို ကရင်အမျိုးသးအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဥိး CNF တို့လည်း တက်ရောက်တာမရှိပါဘူး။
အခမ်းအနားအပြီးမှာတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ EAO ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း PNLO က နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“ တွေ့ပါတယ်။ အလွတ်သဘော ၁နာရီလောက်။ သူတို့ ရောက်လာတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဆွေးနွေးပွဲတွေ ဆက်သွားနိုင်ဖို့အတွက် နှစ်ဦးနှစ်ဖက် အခင်းအကျင်းတွေ ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်း ပေ့ါဗျာ။ အထူးသဖြင့်တော့ Peace Process က Jonit Ownership ဖြစ်တဲ့အကြောင်းတွေ ညှိနှိုင်းပြီးတော့ နည်းနည်းလေးတော့ Entry Point တော့ ရတာပေါ့ဗျာ။ အခု တစ်ပွဲကျန်တာက မွန်ကျန်တာ။ မွန်က ၁၃- ၁၄-၁၅ဆို သွားရောက်တွေ့ဆုံမယ် ပြီးရင် ကျနော်တို့ ၇ဖွဲ့ တစ်ပေါင်းတစ်စည်းတည်း တွေ့ဆုံဖို့ ကိစ္စ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပေါ့။ အဆက်မပြတ်တော့ ဆက်သွားဖို့ တိုက်တွန်းထားတယ်။”
မနက်ဖြန်မှာတော့ အခမ်းအနားတက်ရောက်လာတဲ့ EAO ခေါင်းဆောင်တွေ အလွတ်သဘောဆွေးနွေးကြဖွယ် ရှိကြောင်း ပြောပါတယ်။
NCA လက်မှတ်ထိုး ၁၀ဖွဲ့မှာ ၇ဖွဲ့က စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ KNU နဲ့ CNF တို့က စစ်ကောင်စီနဲ့ ဆွေးနွေးပွဲကို လက်မခံခဲ့ပါဘူး။ ဒီနေ့ လွယ်တိုင်းလျဲန်မှာ ကျင်းပတဲ့အခမ်းအနားကို ထိုင်း၊ မြန်မာနိုင်ငံအတွင်းပိုင်းက အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ အနီးအနားဝန်းကျင်ကျေးရွာက ပြည်သူတွေ အားလုံး ၂ထောင်လောက် တက်ရောက်ခဲ့ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်အမျိုးသားနေ့ အနှစ်သာရနဲ့ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ် ၊ ပင်လုံစာချုပ်ပါ သဘောတူညီချက်အတိုင်း စုပေါင်းအကောင်အထည်ဖော်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ တိုင်းပြည်အကျပ်အတည်းတွေ ဖြေရှင်းနိုင်မယ်လို့ ဒီကနေ့ သဘောထား ထုတ်ပြန်ထားပါတယ်။
၇၆နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ကို ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ဌာနချုပ် ဝမ်ဟိုင်းမှာလည်း ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ရှမ်းစော်ဘွားတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ စုပေါင်းပြီး ရှမ်းပြည်ကောင်စီဖွဲ့စည်းခဲ့သလို ရှမ်းပြည်အမျိုးသားသီချင်းနဲ့ ရှမ်းပြည်အလံကို အတည်ပြုခဲ့တာကြောင့် အဲဒီနေ့ကို ရှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်အမျိုးသားနေ့ဟာ ပြည်ထောင်စုနေ့ဖြစ်ပေါ်ရေးအတွက် အရေးပါတဲ့နေ့တစ်နေ့အဖြစ်လည်း သတ်မှတ်ကြပါတယ်။