ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္မွာက်င္းပမယ့္ ရွမ္းျပည္အမ်ိဳးသားေန႔ကို စစ္ေကာင္စီ ကိုယ္စားလွယ္ေတြ၊ တိုင္းရင္းသား လက္နက္ကိုင္ EAO အဖြဲ႕ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ အရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းေတြကို ဖိတ္ၾကား ထားပါတယ္။ ဒီအခမ္းအနားအၿပီးမွာေတာ့ EAO အဖြဲ႕ေတြအၾကားမွာျဖစ္ေစ၊ EAO ေတြနဲ႔ စစ္ေကာင္စီကိုယ္စားလွယ္အၾကားမွာ ျဖစ္ေစ အလြတ္သေဘာေဆြးေႏြးပြဲေတြ ရွိလာႏိုင္ပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို ကိုေဇာ္၀င္းလႈိင္က ေျပာျပမွာပါ။
၇၆ႀကိမ္ေျမာက္ ရွမ္းျပည္အမ်ိဳးသားေန႔ကို ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ဌာနခ်ဳပ္ ဒီလ ၇ရက္ေန႔မွာ က်င္းပမွာျဖစ္ပါတယ္။ ဒီအခမ္းအနားကို အဖြဲ႕အစည္းေပါင္းစုံက ကိုယ္စားလွယ္ေတြ ကို ဖိတ္ၾကားထားၿပီး ေလာေလာဆယ္အဖြဲ႕တခ်ိဳ႕ ေရာက္ရွိေနၿပီလို႔ RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခမ္းစံက ဗီြအိုေအကို ေျပာပါတယ္။
“ ဖိတ္ၾကားတာေတာ့ အစုံေတာ့ ဖိတ္ၾကားထားတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြေရာ၊ ႏိုင္ငံေရးပါတီေတြေရာ၊ ေနာက္ CBO , CSO ေတြေရာ ဖိတ္ထားတယ္ခင္ဗ်။ စာရင္းက်ေတာ့ ပို႔လာတာေတာ့ ရွိတယ္။ ဒါေပမဲ့ တခ်ိဳ႕ေတြက်ေတာ့ စာရင္းမပို႔ေသးဘူးခင္ဗ်။ တခ်ိဳ႕ေတြက်ေတာ့ ထြက္လာၿပီလို႔ေတာ့ ေျပာတယ္။ ဌာနခ်ဳပ္ကို အကုန္မေရာက္ေသးဘူးဆိုေတာ့ အတိအက်ေတာ့ ေျပာဖို႔ခက္တယ္ေလ။”
ေလာေလာဆယ္မွာေတာ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO တို႔ ေရာက္ရွိေနၿပီး ကရင္နီအမ်ိဳးသား တိုးတက္ေရး KNPP ကလည္း တက္ေရာက္ဖို႔ အေၾကာင္း ျပန္ၾကားထားပါတယ္။ ဒီ ညေနပိုင္းမွာေတာ့ စစ္ေကာင္စီဘက္က အမ်ိဳးသားစည္းလံုးညီညြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညိွႏိႈင္းေရးေကာ္မတီ ကိုယ္စားလွယ္အခ်ိဳ႕ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။
“စစ္တပ္ဘက္ကက်ေတာ့ ဒုဗိုလ္ခ်ဳပ္ႀကီးေအးဝင္း ဦးေဆာင္လာတယ္ခင္ဗ်။ စာရင္းအတိအက်ေတာ့ က်ေနာ္လည္း မသိရေသးဘူး။ ”
အခမ္းအနားက်င္းပမယ့္ ၇ရက္ေန႔မနက္ပိုင္းမွာ စစ္ေရးျပအခမ္းအနား၊ RCSS ေခါင္းေဆာင္က မိန႔္ခြန္းေျပာတာ၊ သဝဏ္လႊာဖတ္ၾကားတာ စတာေတြ ပါဝင္မွာျဖစ္ၿပီး ညေနပိုင္းမွာ ႐ိုးရာအကေတြ ေျဖေဖ်ာ္ဖို႔ ရွိေနပါတယ္။
အခမ္းအနားအၿပီးေနာက္ရက္ေတြမွာေတာ့ EAO အဖြဲ႕ေတြအၾကား လက္ရွိႏိုင္ငံေရးအေျခအေနနဲ႔ပတ္သက္ၿပီး အလြတ္သေဘာ ေဆြးေႏြးပြဲေတြ ရွိလာႏိုင္ေၾကာင္း PNLO နာယက ဗိုလ္မွဴးႀကီးခြန္ဥကၠာက ေျပာပါတယ္။
“ Sideline အေနနဲ႔ ရွိႏိုင္တယ္။ ေနာက္ၿပီး အလြတ္သေဘာျဖစ္မယ္။ အလြတ္သေဘာ။ ဘာေၾကာင့္လဲဆိုေတာ့ အခု ပြဲက်င္းပတဲ့ RCSS က သူ တစ္ျပည္လုံးအတိုင္းအတာနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ သူဖိတ္ေခၚထားတာ ရွိတယ္။ သူဖိတ္ေခၚထားတာရွိတဲ့အတြက္ သူဖိတ္ေခၚထားတဲ့ကိစၥကို သူရွင္းျပတာတို႔ ဘာတို႔ေပါ့ဗ်ာ။ ေျမာက္ပိုင္းအဖြဲ႕ေတြလည္း လာတဲ့အဖြဲ႕ လာမယ္ဆိုေတာ့ ဒါကို NCA ထိုးတာေရာ၊ မထိုးတာေရာ အားလုံး အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးတာေလးေတာ့ ရွိႏိုင္ပါတယ္။ ၈ ရက္ေန႔မွာ ရွိႏိုင္ပါတယ္။”
စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ဘက္ကတက္ေရာက္လာရင္လည္း သူတို႔နဲ႔ အလြတ္သေဘာ ေဆြးေႏြးႏိုင္ဖြယ္ရွိေၾကာင္းလည္း ဆက္ေျပာပါတယ္။
“ သူတို႔ အဖြဲ႕ဝင္ ၄ေယာက္ေလာက္ တက္မယ္လို႔ ေျပာတယ္။ အရင္တုံးက ေနျပည္ေတာ္မွာ ေတြ႕တုံးကေတာ့ က်ေနာ္တို႔ Joint လုပ္တုံးကေတာ့ ၇ဖြဲ႕အေနနဲ႔ လုပ္တယ္ေလ။ အခုကေတာ့ ၈ဖြဲ႕ျဖစ္သြားတာေပါ့ဗ်ာ။ ABSDF ပါ ပါေတာ့။ NCA ထိုးတဲ့အဖြဲ႕က ၈ဖြဲ႕ေလာက္ေတာ့ ဒီမွာ ေရာက္ေနတာကိုး။ အိမ္ရွင္က စီစဥ္ေပးရင္ေတာ့ ေတြ႕ရမွာေပါ့။ က်ေနာ္တို႔က ပြဲလာ ဧည့္သည္ပဲကိုးဗ်။ အိမ္ရွင္စီစဥ္တဲ့အတိုင္းေပါ့။”
RCSS က စည္းလုံးညီၫြတ္မႈနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး အတြက္ ၂၀၂၂ခုႏွစ္ ေအာက္တိုဘာလ ၁၀ရက္ေန႔က အဖြဲ႕အစည္းအားလုံးကို ဖိတ္ေခၚခဲ့ပါတယ္။ ဒီလိုေတြ႕ဆုံဖို႔ကို ၂၀၂၂ခုႏွစ္ ေအာက္တိုဘာလ ၁၀ရက္ေန႔ကေန ၂၀၂၃ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ေန႔အထိ ရက္သတ္မွတ္ထားခဲ့တာပါ။
၁၉၄၇ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ရက္ေန႔မွာ ရွမ္းေစာ္ဘြားေတြနဲ႔ ျပည္သူ႔ကိုယ္စားလွယ္ေတြ စုေပါင္းၿပီး ရွမ္းျပည္ေကာင္စီဖြဲ႕စည္းခဲ့သလို ရွမ္းျပည္အမ်ိဳးသားသီခ်င္းနဲ႔ ရွမ္းျပည္အလံကို အတည္ျပဳခဲ့တာေၾကာင့္ ဒီေန႔ကို ရွမ္းျပည္အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ က်င္းပခဲ့တာျဖစ္ပါတယ္။
[Unicode]
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပမယ့် ရှမ်းပြည်အမျိုးသားနေ့ကို စစ်ကောင်စီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြား ထားပါတယ်။ ဒီအခမ်းအနားအပြီးမှာတော့ EAO အဖွဲ့တွေအကြားမှာဖြစ်စေ၊ EAO တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်အကြားမှာ ဖြစ်စေ အလွတ်သဘောဆွေးနွေးပွဲတွေ ရှိလာနိုင်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။
၇၆ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် ဒီလ ၇ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ ကို ဖိတ်ကြားထားပြီး လောလောဆယ်အဖွဲ့တချို့ ရောက်ရှိနေပြီလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ဗွီအိုအေကို ပြောပါတယ်။
“ ဖိတ်ကြားတာတော့ အစုံတော့ ဖိတ်ကြားထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေရော၊ နောက် CBO , CSO တွေရော ဖိတ်ထားတယ်ခင်ဗျ။ စာရင်းကျတော့ ပို့လာတာတော့ ရှိတယ်။ ဒါပေမဲ့ တချို့တွေကျတော့ စာရင်းမပို့သေးဘူးခင်ဗျ။ တချို့တွေကျတော့ ထွက်လာပြီလို့တော့ ပြောတယ်။ ဌာနချုပ်ကို အကုန်မရောက်သေးဘူးဆိုတော့ အတိအကျတော့ ပြောဖို့ခက်တယ်လေ။”
လောလောဆယ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ရောက်ရှိနေပြီး ကရင်နီအမျိုးသား တိုးတက်ရေး KNPP ကလည်း တက်ရောက်ဖို့ အကြောင်း ပြန်ကြားထားပါတယ်။ ဒီ ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ကိုယ်စားလှယ်အချို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။
“စစ်တပ်ဘက်ကကျတော့ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်လာတယ်ခင်ဗျ။ စာရင်းအတိအကျတော့ ကျနော်လည်း မသိရသေးဘူး။ ”
အခမ်းအနားကျင်းပမယ့် ၇ရက်နေ့မနက်ပိုင်းမှာ စစ်ရေးပြအခမ်းအနား၊ RCSS ခေါင်းဆောင်က မိန့်ခွန်းပြောတာ၊ သဝဏ်လွှာဖတ်ကြားတာ စတာတွေ ပါဝင်မှာဖြစ်ပြီး ညနေပိုင်းမှာ ရိုးရာအကတွေ ဖြေဖျော်ဖို့ ရှိနေပါတယ်။
အခမ်းအနားအပြီးနောက်ရက်တွေမှာတော့ EAO အဖွဲ့တွေအကြား လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးပွဲတွေ ရှိလာနိုင်ကြောင်း PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
“ Sideline အနေနဲ့ ရှိနိုင်တယ်။ နောက်ပြီး အလွတ်သဘောဖြစ်မယ်။ အလွတ်သဘော။ ဘာကြောင့်လဲဆိုတော့ အခု ပွဲကျင်းပတဲ့ RCSS က သူ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ သူဖိတ်ခေါ်ထားတာ ရှိတယ်။ သူဖိတ်ခေါ်ထားတာရှိတဲ့အတွက် သူဖိတ်ခေါ်ထားတဲ့ကိစ္စကို သူရှင်းပြတာတို့ ဘာတို့ပေါ့ဗျာ။ မြောက်ပိုင်းအဖွဲ့တွေလည်း လာတဲ့အဖွဲ့ လာမယ်ဆိုတော့ ဒါကို NCA ထိုးတာရော၊ မထိုးတာရော အားလုံး အလွတ်သဘော တွေ့ဆုံဆွေးနွေးတာလေးတော့ ရှိနိုင်ပါတယ်။ ၈ ရက်နေ့မှာ ရှိနိုင်ပါတယ်။”
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်ကတက်ရောက်လာရင်လည်း သူတို့နဲ့ အလွတ်သဘော ဆွေးနွေးနိုင်ဖွယ်ရှိကြောင်းလည်း ဆက်ပြောပါတယ်။
“ သူတို့ အဖွဲ့ဝင် ၄ယောက်လောက် တက်မယ်လို့ ပြောတယ်။ အရင်တုံးက နေပြည်တော်မှာ တွေ့တုံးကတော့ ကျနော်တို့ Joint လုပ်တုံးကတော့ ၇ဖွဲ့အနေနဲ့ လုပ်တယ်လေ။ အခုကတော့ ၈ဖွဲ့ဖြစ်သွားတာပေါ့ဗျာ။ ABSDF ပါ ပါတော့။ NCA ထိုးတဲ့အဖွဲ့က ၈ဖွဲ့လောက်တော့ ဒီမှာ ရောက်နေတာကိုး။ အိမ်ရှင်က စီစဉ်ပေးရင်တော့ တွေ့ရမှာပေါ့။ ကျနော်တို့က ပွဲလာ ဧည့်သည်ပဲကိုးဗျ။ အိမ်ရှင်စီစဉ်တဲ့အတိုင်းပေါ့။”
RCSS က စည်းလုံးညီညွတ်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့က အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံဖို့ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၀နေ့အထိ ရက်သတ်မှတ်ထားခဲ့တာပါ။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ရှမ်းစော်ဘွားတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ စုပေါင်းပြီး ရှမ်းပြည်ကောင်စီဖွဲ့စည်းခဲ့သလို ရှမ်းပြည်အမျိုးသားသီချင်းနဲ့ ရှမ်းပြည်အလံကို အတည်ပြုခဲ့တာကြောင့် ဒီနေ့ကို ရှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့တာဖြစ်ပါတယ်။