သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ပ္ ၅,၀၀၀ နဲ႔ ၁၀,၀၀၀ တန္ေတြ ဖ်က္တဲ့သတင္း မဟုတ္မွန္ေၾကာင္း စစ္ေကာင္စီျငင္းဆို


ျမန္မာငေြစကၠဴမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိ လည္ပတ္သံုးစြဲေနတဲ့ ေငြစကၠဴႀကီးေတြ ဖ်က္သိမ္းလိုက္ၿပီဆိုၿပီး ပ်ံ႕ေနတဲ့သတင္းဟာ ေကာလာဟလသာျဖစ္ၿပီး ဖ်က္သိမ္းဖုိ႔မရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေငြစကၠဴ ၅၀၀၀ တန္နဲ႔ ၁၀၀၀၀ တန္ေတြကို ဖ်က္သိမ္းလိုက္ၿပီလို႔ သတင္းအမွားေတြ ထုတ္ျပန္ေနတာကို မယံုၾကည္ၾကဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး အင္တာနက္စာမ်က္ႏွာမွာ ထုတ္ျပန္ထားသလို ဗဟိုဘဏ္ကလည္း သူတို႔ရဲ႕ ဝက္ဘ္ဆိုက္တ္မွာ မဟုတ္တဲ့အေၾကာင္း ျငင္းထားပါတယ္။

ဒီလုပ္ရပ္ဟာ တည္ၿငိမ္ေအးခ်မ္းမူနဲ႔ ဥပေဒစိုးမိုးမူ ပ်က္ေစေအာင္ CRPH ၊ NUG နဲ႔ PDF အၾကမ္းဖက္အဖြဲ႔နဲ႔ အစြန္းေရာက္ NLD ေထာက္ခံသူေတြက လုပ္ၾကံ လႈံေဆာ္တာလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးေၾကညာခ်က္ထဲမွာ စြပ္စြဲထားပါတယ္။

ဒီအေပၚ CRPH ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ၊ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြဘက္ကေတာ့ ျပန္တံု႔ျပန္တာ မရွိေသးပါဘူး။

တိုင္းျပည္တြင္း ႏုိင္္ငံေရးမတည္ၿငိမ္မႈေၾကာင့္ အခုလို ေကာလာဟလေတြ မၾကာခန ထြက္လာေလ့ရွိပါတယ္။ ဒီအေတာအတြင္းမွာပဲ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြလည္း ေဒသတခ်ဳိ႕မွာ ဆက္ရွိေနဆဲပါ။

ရန္ကုန္၊ မႏၲေလး၊ မေကြးတိုင္းက ၿမိဳင္နဲ႔ စစ္ကိုင္းက ကေလး၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ေနာက္ တနသၤာရီတိုင္းက ေလာင္းလံုနဲ႔သရက္ေခ်ာင္း ေဒသေတြမွာ ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္း ဒီေန႔အထိ စစ္ေကာင္စီလက္ခ်က္နဲ႔ ေသဆံုးေပါင္း ၂,၀၀၀ နီးပါးနဲ႔ ဖမ္းဆီးခံရသူေပါင္း ၆,၅၀၀ ေက်ာ္လာၿပီလို႔ ထုတ္ျပန္ထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


ကျပ် ၅,၀၀၀ နဲ့ ၁၀,၀၀၀ တန်တွေ ဖျက်တဲ့သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီငြင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူကြီးတွေ ဖျက်သိမ်းလိုက်ပြီဆိုပြီး ပျံ့နေတဲ့သတင်းဟာ ကောလာဟလသာဖြစ်ပြီး ဖျက်သိမ်းဖို့မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ငွေစက္ကူ ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းအမှားတွေ ထုတ်ပြန်နေတာကို မယုံကြည်ကြဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားသလို ဗဟိုဘဏ်ကလည်း သူတို့ရဲ့ ဝက်ဘ်ဆိုက်တ်မှာ မဟုတ်တဲ့အကြောင်း ငြင်းထားပါတယ်။

ဒီလုပ်ရပ်ဟာ တည်ငြိမ်အေးချမ်းမူနဲ့ ဥပဒေစိုးမိုးမူ ပျက်စေအောင် CRPH ၊ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့နဲ့ အစွန်းရောက် NLD ထောက်ခံသူတွေက လုပ်ကြံ လှုံဆော်တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးကြေညာချက်ထဲမှာ စွပ်စွဲထားပါတယ်။

ဒီအပေါ် CRPH ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ပြန်တုံ့ပြန်တာ မရှိသေးပါဘူး။

တိုင်းပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အခုလို ကောလာဟလတွေ မကြာခန ထွက်လာလေ့ရှိပါတယ်။ ဒီအတောအတွင်းမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဒေသတချို့မှာ ဆက်ရှိနေဆဲပါ။

ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းက မြိုင်နဲ့ စစ်ကိုင်းက ကလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ နောက် တနင်္သာရီတိုင်းက လောင်းလုံနဲ့သရက်ချောင်း ဒေသတွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ဒီနေ့အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးပေါင်း ၂,၀၀၀ နီးပါးနဲ့ ဖမ်းဆီးခံရသူပေါင်း ၆,၅၀၀ ကျော်လာပြီလို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG