ယင္းမာပင္ခ႐ိုင္ထဲက ျမန္မာဝမ္ေပါင္နဲ႔ ျမန္မာယန္စီ တ႐ုတ္ေၾကးနီစီမံကိန္းႏွစ္ခုကို ျပန္လည္ပတ္ႏိုင္ဖို႔အတြက္ ျမန္မာစစ္တပ္ဟာ အခုမတ္လ ၆ရက္မွာ ဒီပတ္ဝန္းက်င္ကို အင္အားထပ္မံ ျဖည့္တင္းလိုက္ပါတယ္။ အရင္က တပ္ရင္းတခုေလာက္နဲ႔ တိုက္ခိုက္ေနတာကေန ေနာက္ထပ္ တပ္ရင္း၂ခုစာေလာက္ ထပ္ၿပီးတိုးခ်ဲ႕လိုက္တာပါ။ ဒါေၾကာင့္ ဒီေဒသမွာ စစ္ေရးက်ယ္ျပန႔္လာမွာကို ေဒသခံေတြက အေတာ္ေလး စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ေပးပို႔လာတဲ့ ဒီသတင္းကိုအေျခခံၿပီး ကိုေဇာ္ဝင္းလႈိင္က ေျပာျပမွာပါ။
တ႐ုတ္အစိုးရနဲ႔ ျမန္မာစစ္တပ္ရဲ႕ ဦးပိုင္ကုမၸဏီတို႔ အက်ိဳးတူပူးေပါင္းထားတဲ့ ယင္းမာပင္ခ႐ိုင္ထဲက ေၾကးနီစီမံကိန္း၂ခုကို တိုးတိုးတိတ္တိတ္ ျပန္လည္ပတ္ႏိုင္ဖို႔ ဒီေဒသမွာ စစ္ေကာင္စီက လုံၿခဳံေရးကို တိုးခ်ဲ႕ထားေၾကာင္း ေဒသခံ လက္နက္ကိုင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ ယင္းမာပင္ခ႐ိုင္ထဲက ၿမိဳ႕နယ္သုံးခုကို ေခ်မႈန္းဖို႔နဲ႔ တဖက္မွာလည္း စီမံကိန္းအက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔ စတဲ့သတင္းေတြ ရထားေၾကာင္း ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ေခါင္းေဆာင္က ဗြီအိုေအကို ေျပာပါတယ္။
" တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေပါ့ေနာ္၊ အင္အားအလြန္အကြၽံလည္း သုံးၿပီးေတာ့ စီမံကိန္းကို လည္ပတ္ႏိုင္သလို စစ္အုပ္ခ်ဳပ္ေရး ေၾကညာခံထားရတဲ့ က်ေနာ္တို႔ၿမိဳ႕နယ္ကို အင္အား အလြန္အကြၽံသုံးၿပီးမွ ခုခံကာကြယ္ေရး တပ္ဖြဲ႕ေတြကို လိုက္လံရွာေဖြၿပီးမွ ႏွိမ္နင္းမယ္ဆိုၿပီး သူတို႔လုပ္ေနတာေတြ သိရွိရပါတယ္။ အဓိကေတာ့ PDF ေတြ ေခါင္းမေထာင္ရဲေအာင္၊ PDF ေတြ နယ္ေျမတည္ၿငိမ္မႈ ဆုပ္ကိုင္ထားမႈမရွိေအာင္ လုပ္တယ္လို႔ ျမင္ပါတယ္။"
မၾကာေသးခင္က ေျမာက္ပိုင္း လက္နက္ကိုင္တခ်ိဳ႕နဲ႔ ေတြ႕ခဲ့တဲ့ တ႐ုတ္အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ တိန႔္ရွီဂြၽမ္းဟာ မတ္လ ၆ ရက္ တနလၤာေန႔မွာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ က႑စုံမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးကို အရွိန္တိုးလုပ္ေဆာင္ဖို႔ ႏွစ္ဖက္ေဆြးေႏြးခဲ့ၾကတာပါ။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီေန႔မွာ စစ္ကိုင္းတိုင္း ယင္းမာပင္ခ႐ိုင္ထဲက ေၾကးနီစီမံကိန္းေတြဆီကို တပ္ရင္းႏွစ္ခုစာရွိတဲ့ စစ္ေကာင္စီတပ္ေတြ ေရာက္ရွိလာခဲ့တာပါ။
ဆားလင္းႀကီး၊ ပုလဲ၊ ကနီ၊ ယင္းမာပင္ ဒီေဒသေတြမွာ ထပ္တိုးအၾကမ္းဖက္မႈေတြ ျဖစ္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။ တစ္ခုနဲ႔တစ္ခု မိုင္ ၂၀ ေလာက္သာေဝးတဲ့ ဒီေၾကးနီစီမံကိန္း ၂ ခုဟာ ယခင္ကာလကတည္းက လယ္ယာေျမသိမ္းမႈေတြ၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈေတြေၾကာင့္ ဆႏၵျပမႈေတြ၊ အျငင္းပြားမႈေတြကို ရင္ဆိုင္ေနရတာပါ။ တ႐ုတ္အစိုးရက ဒီစီမံကိန္းကို လက္မလႊတ္ခ်င္သလို ျမန္မာစစ္တပ္အဖို႔လည္း အေမရိကန္ေဒၚလာ သန္းခ်ီရႏိုင္ေနတာပါ။
ဒီရက္ပိုင္းအတြင္းမွာ ျမန္မာစစ္တပ္ဟာ ယင္းမာပင္ခ႐ိုင္ထဲက ၿမိဳ႕နယ္ေတြကို လွည့္ပတ္သြားလာေနၿပီး မီးရႈိ႕တာ၊ သတ္ျဖတ္တာေတြကို ဆက္ၿပီးက်ဴးလြန္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ပူျပင္းတဲ့ရာသီဥတုမွာ ေနစရာမရွိဘဲ တစ္႐ြာၿပီးတစ္႐ြာ လွည့္ပတ္ေျပးလႊားေနရေၾကာင္း အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။
" အခုလက္ရွိ ဝမ္ေပါင္လို႔ၾကားတယ္ဗ်၊ ေစာေစာေလး စစ္ေၾကာင္းတစ္ေၾကာင္းက ထိုးသြားၿပီးၿပီ။ ၿပီးေတာ့ ယင္းမာပင္ ေရာက္လာတာေပါ့ဗ်ာ။ တစ္႐ြာၿပီးတစ္႐ြာ.. ယင္းမာပင္မွာ နားၿပီးေတာ့ ေနာက္ရက္ဆက္ထိုးတယ္။ ၿပီးေတာ့ တမာဂြကေန အဲဒီပတ္ခ်ာလည္ သြားၿပီးေတာ့ ပုလဲအထိ သြားတယ္ဗ်။ အဲဒီစစ္ေၾကာင္း တခုက။ က်ေနာ္တို႔က ႐ြာခ်င္းဆက္ တ႐ြာၿပီးတ႐ြာ ထိုးလာလိုက္တာ နီးလာတာနဲ႔ တၿပိဳင္နက္ ပတ္ခ်ာလည္ၿပီး ေျပးရတာပါ့ဗ်ာ။ သက္ႀကီး႐ြယ္အိုေတြေရာ ကေလးသူငယ္ေတြကအစ အပါအဝင္ေပါ့။"
ျမန္မာယန္စီ ေၾကးနီစီမံကိန္းကိုပို႔ေနတဲ့ ေရနံပိုက္လိုင္းဟာ ၂၀၂၁ခုႏွစ္ထဲမွာ မိုင္းခြဲခံခဲ့ရဖူးပါတယ္။ ျမန္မာဝမ္ေပါင္ ေၾကးနီကုမၸဏီကို ေပးပို႔ေနတဲ့ လွ်ပ္စစ္တာဝါတိုင္လည္း ၂၀၂၂ ဇြန္လထဲမွာ မိုင္းခြဲခံခဲ့ရတာပါ။ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ ျမန္မာဝမ္ေပါင္ ကုမၸဏီပိုင္နက္ထဲကို လက္နက္ကိုင္အဖြဲ႕စုံက အေဝးပစ္ဗုံးေတြနဲ႔ ပစ္ခတ္ခဲ့ပါတယ္။ ဒါကိုစိုးရိမ္ေၾကာင္းလည္း တ႐ုတ္အစိုးရေနာက္ခံျပဳ ျမန္မာဝမ္ေပါင္ကုမၸဏီက စာေတြထုတ္ခဲ့ၾကပါတယ္။
ဒီေနာက္ပိုင္းမွာ ျမန္မာစစ္တပ္က ေၾကးနီစီမံကိန္းေတြကို လုံၿခဳံေရးပိုေပးလာသလို ကုမၸဏီပတ္ဝန္းက်င္မွာလည္း ေျမျမႇဳပ္မိုင္းအမ်ားအျပားကို အသုံးျပဳၿပီး အကာအကြယ္ေပးလာခဲ့တာ ျဖစ္ပါတယ္။
{Unicode}
တရုတ်ကြေးနီစီမံကိန်း ၂ ခု ပြန်စနိုင်ရေးအတွက် စစ်ကောင်စီ တပ်အားတိုး အကာကွယ်ပေးနေ
ယင်းမာပင်ခရိုင်ထဲက မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ တရုတ်ကြေးနီစီမံကိန်းနှစ်ခုကို ပြန်လည်ပတ်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဟာ အခုမတ်လ ၆ရက်မှာ ဒီပတ်ဝန်းကျင်ကို အင်အားထပ်မံ ဖြည့်တင်းလိုက်ပါတယ်။ အရင်က တပ်ရင်းတခုလောက်နဲ့ တိုက်ခိုက်နေတာကနေ နောက်ထပ် တပ်ရင်း၂ခုစာလောက် ထပ်ပြီးတိုးချဲ့လိုက်တာပါ။ ဒါကြောင့် ဒီဒေသမှာ စစ်ရေးကျယ်ပြန့်လာမှာကို ဒေသခံတွေက အတော်လေး စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ပေးပို့လာတဲ့ ဒီသတင်းကိုအခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။
တရုတ်အစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းထားတဲ့ ယင်းမာပင်ခရိုင်ထဲက ကြေးနီစီမံကိန်း၂ခုကို တိုးတိုးတိတ်တိတ် ပြန်လည်ပတ်နိုင်ဖို့ ဒီဒေသမှာ စစ်ကောင်စီက လုံခြုံရေးကို တိုးချဲ့ထားကြောင်း ဒေသခံ လက်နက်ကိုင်တချို့က ဗွီအိုအေကို ပြောပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ယင်းမာပင်ခရိုင်ထဲက မြို့နယ်သုံးခုကို ချေမှုန်းဖို့နဲ့ တဖက်မှာလည်း စီမံကိန်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့ စတဲ့သတင်းတွေ ရထားကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ဗွီအိုအေကို ပြောပါတယ်။
" တချက်ခုတ် နှစ်ချက်ပြတ်ပေါ့နော်၊ အင်အားအလွန်အကျွံလည်း သုံးပြီးတော့ စီမံကိန်းကို လည်ပတ်နိုင်သလို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကျနော်တို့မြို့နယ်ကို အင်အား အလွန်အကျွံသုံးပြီးမှ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေကို လိုက်လံရှာဖွေပြီးမှ နှိမ်နင်းမယ်ဆိုပြီး သူတို့လုပ်နေတာတွေ သိရှိရပါတယ်။ အဓိကတော့ PDF တွေ ခေါင်းမထောင်ရဲအောင်၊ PDF တွေ နယ်မြေတည်ငြိမ်မှု ဆုပ်ကိုင်ထားမှုမရှိအောင် လုပ်တယ်လို့ မြင်ပါတယ်။"
မကြာသေးခင်က မြောက်ပိုင်း လက်နက်ကိုင်တချို့နဲ့ တွေ့ခဲ့တဲ့ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီဂျွမ်းဟာ မတ်လ ၆ ရက် တနင်္လာနေ့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကဏ္ဍစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးကို အရှိန်တိုးလုပ်ဆောင်ဖို့ နှစ်ဖက်ဆွေးနွေးခဲ့ကြတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့မှာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲက ကြေးနီစီမံကိန်းတွေဆီကို တပ်ရင်းနှစ်ခုစာရှိတဲ့ စစ်ကောင်စီတပ်တွေ ရောက်ရှိလာခဲ့တာပါ။
ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ယင်းမာပင် ဒီဒေသတွေမှာ ထပ်တိုးအကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ တစ်ခုနဲ့တစ်ခု မိုင် ၂၀ လောက်သာဝေးတဲ့ ဒီကြေးနီစီမံကိန်း ၂ ခုဟာ ယခင်ကာလကတည်းက လယ်ယာမြေသိမ်းမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကြောင့် ဆန္ဒပြမှုတွေ၊ အငြင်းပွားမှုတွေကို ရင်ဆိုင်နေရတာပါ။ တရုတ်အစိုးရက ဒီစီမံကိန်းကို လက်မလွှတ်ချင်သလို မြန်မာစစ်တပ်အဖို့လည်း အမေရိကန်ဒေါ်လာ သန်းချီရနိုင်နေတာပါ။
ဒီရက်ပိုင်းအတွင်းမှာ မြန်မာစစ်တပ်ဟာ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေကို လှည့်ပတ်သွားလာနေပြီး မီးရှို့တာ၊ သတ်ဖြတ်တာတွေကို ဆက်ပြီးကျူးလွန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ နေစရာမရှိဘဲ တစ်ရွာပြီးတစ်ရွာ လှည့်ပတ်ပြေးလွှားနေရကြောင်း အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
" အခုလက်ရှိ ဝမ်ပေါင်လို့ကြားတယ်ဗျ၊ စောစောလေး စစ်ကြောင်းတစ်ကြောင်းက ထိုးသွားပြီးပြီ။ ပြီးတော့ ယင်းမာပင် ရောက်လာတာပေါ့ဗျာ။ တစ်ရွာပြီးတစ်ရွာ.. ယင်းမာပင်မှာ နားပြီးတော့ နောက်ရက်ဆက်ထိုးတယ်။ ပြီးတော့ တမာဂွကနေ အဲဒီပတ်ချာလည် သွားပြီးတော့ ပုလဲအထိ သွားတယ်ဗျ။ အဲဒီစစ်ကြောင်း တခုက။ ကျနော်တို့က ရွာချင်းဆက် တရွာပြီးတရွာ ထိုးလာလိုက်တာ နီးလာတာနဲ့ တပြိုင်နက် ပတ်ချာလည်ပြီး ပြေးရတာပါ့ဗျာ။ သက်ကြီးရွယ်အိုတွေရော ကလေးသူငယ်တွေကအစ အပါအဝင်ပေါ့။"
မြန်မာယန်စီ ကြေးနီစီမံကိန်းကိုပို့နေတဲ့ ရေနံပိုက်လိုင်းဟာ ၂၀၂၁ခုနှစ်ထဲမှာ မိုင်းခွဲခံခဲ့ရဖူးပါတယ်။ မြန်မာဝမ်ပေါင် ကြေးနီကုမ္ပဏီကို ပေးပို့နေတဲ့ လျှပ်စစ်တာဝါတိုင်လည်း ၂၀၂၂ ဇွန်လထဲမှာ မိုင်းခွဲခံခဲ့ရတာပါ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မြန်မာဝမ်ပေါင် ကုမ္ပဏီပိုင်နက်ထဲကို လက်နက်ကိုင်အဖွဲ့စုံက အဝေးပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါကိုစိုးရိမ်ကြောင်းလည်း တရုတ်အစိုးရနောက်ခံပြု မြန်မာဝမ်ပေါင်ကုမ္ပဏီက စာတွေထုတ်ခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ မြန်မာစစ်တပ်က ကြေးနီစီမံကိန်းတွေကို လုံခြုံရေးပိုပေးလာသလို ကုမ္ပဏီပတ်ဝန်းကျင်မှာလည်း မြေမြှုပ်မိုင်းအများအပြားကို အသုံးပြုပြီး အကာအကွယ်ပေးလာခဲ့တာ ဖြစ်ပါတယ်။