သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းကတိုက်ခိုက်မှု စစ်ကိုင်းတိုင်းကျေးရွာသူ သေဆုံး


Homemade gun of PDF
Homemade gun of PDF

လေကြောင်းကတိုက်ခိုက်မှု စစ်ကိုင်းတိုင်းကျေးရွာသူ သေဆုံး

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် ဂဟဲရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ တွေပြုလုပ်ခဲ့ပါတယ်။ လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံ ကျေးရွာသားတွေ သေဆုံးဒဏ်ရာ ရတာတွေရှိပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ ဂဟဲရွာကို ဒီဇင်ဘာ ၄ ရက် အင်္ဂါနေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်တိုက်ခိုက်တာလို့ အင်းတော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ၂ ဦး ၂ ဖက် တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်းပဲ စစ်ကောင်စီက မထင်မှတ်ဘဲ ဒီအတိုင်းပဲ ရဟတ်ယာဉ်တွေနဲ့ လာပစ်တာပါ။ လေကြောင်းကနေ ပစ်ခတ်မှုရှိတယ်။ အိမ်တအိမ် မီးလောင်သွားတယ်။ ဘုန်းကြီးကျောင်းလည်း မီးလောင်သွားတယ်ပေါ့။”

ဒီဇင်ဘာ ၃ ရက် နေ့လည်ပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂဟဲရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရှိနိုင်တယ်ဆိုပြီး ယူဆတဲ့အတွက် အခုလို နယ်မြေရှင်းလင်းပြီး လေကြောင်းကနေ ပစ်ခတ်တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထင်မြင်နေပါတယ်။

အခုလို ပစ်ခတ်တာကြောင့် ဂဟဲရွာသူ အမျိုးသမီးတဦးသေဆုံးပြီး တဦးဒဏ်ရာရရှိတယ်လို့ ဂဟဲရွာသားတဦးက အခုလိုပြောပါတယ်။

“အဓိက ရွာကိုဦးတည်ပြီးပစ်တာ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ဂဟဲရွာက ထီးချိုင့်ကနေ အင်းတော်ကို ဖြတ်တဲ့ မိန်းလမ်းကြီးရှိနေတယ်။ အင်းတော်ကသွားရင်လည်း ထီးချိုင့်ကို သွားတဲ့ သူတို့ရဲ့ ယာဉ်တန်းတွေ ဆင်းတဲ့ တကယ့်မိန်းပွိုင့်နေရာဆိုတော့ သူတို့ ရှင်းလင်းရေးလုပ်တာနဲ့တူတယ်။ သေသွားတာက တယောက်သေတယ်။ နောက်တယောက်က ပေါင်ထိသွားတယ်။ အမျိုးသမီးတွေချည်ပဲ။ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာကိုတော့ ပြေးနေကြတယ်။ တချို့တွေကရှောင်ကြတယ်။ တချို့တွေက တယောက်စ ၂ ယောက်စ ရှိတယ်။ အိမ်ခြေက သိပ်မများဘူးဆိုတော့ ရှိကြတယ်။ ကျွန်တော်တို့တွေက အကုန်ရှောင်တာပေါ့။”

ဂဟဲရွာဟာ အိမ်ခြေ ၇၀ လောက်သာရှိတဲ့ ကျေးရွာလေးတရွာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG